လူသားများ အသက်ရှင်ရပ်တည်ဖို့ရန်အတွက် နှလုံးသည် မရှိမဖြစ်လိုအပ်တဲ့ ကိုယ်တွင်းအင်္ဂါ တစ်ခုပါ။ နှလုံးကျန်းမာ နေမှသာလျှင် ကိုယ် လုပ်ဆောင်ချင်တဲ့အရာများကို ဒေါင်ဒေါင်မြည်စွာ လုပ်ဆောင်နိုင်မှာပါ။ ဒါ့ကြောင့် ကွီး တို့ရဲ့ နှလုံး ကျန်းမာနေဖို့ရန်အတွက် အခုဖော်ပြပေးမယ့် ကျန်းမာရေးနှင့် မညီညွှတ်တဲ့ အကျင့်ဆိုး များကို ရှောင်ကြဉ်ရမှာပဲ ဖြစ်ပါတယ်။

သွားကျန်းမာရေးကို ဂရုမစိုက်ခြင်း

နှလုံး အကျင့်ဆိုး

သွားဖုံးကျန်းမာရေး အားနည်းနေသူများသည် နှလုံးရောဂါကို ခံစားရတတ်ပါတယ်။ ဘာ့ကြောင့် ဒီနှစ်ခုသည် ဆက်စပ်နေသလဲဆိုတာကိုတော့ ပညာရှင်တွေက သေချာတော့ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်ခြေရှိတာကတော့ သွားဖုံးက ဘက်တီးရီးယားများသည် သွေးကြောများဆီသို့ ကူးပြောင်းသွားပြီး ထိုမှတဆင့် နှလုံး သွေးကြောရောင်ရမ်းခြင်းနှင့် နှလုံးရောဂါတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် သွားဆရာဝန်နှင့် ၆ လလျှင် တစ်ကြိမ် ပြသသင့်တာပဲ ဖြစ်ပါတယ်။

ညဆိုင်း အလုပ်ဆင်းရခြင်း

နှလုံး အကျင့်ဆိုး

ညဘက်မှာ အလုပ်လုပ်ရခြင်းသည်လည်း နှလုံး ကို ထိခိုက်စေတဲ့ အကျင့်ဆိုး တစ်ခုဖြစ်တယ်လို့ ကနေဒါနိုင်ငံ အနောက်ပိုင်းတက္ကသိုလ်တစ်ခုက လေ့လာချက်အရ သိရှိရပါတယ်။ ညဘက်မှာ အလုပ်လုပ်ရတဲ့အတွက်ကြောင့် အိပ်ချိန်နှင့် ခန္ဓာကိုယ်တွင်း နာရီတို့သည် စည်းချက်မညီတော့ဘဲ နှလုံးကို ထိခိုက်ရခြင်း ဖြစ်ပါတယ်။

ကားလမ်းပိတ်ဆို့မှုကြောင့် စိတ်ညစ်ရခြင်း

နှလုံး အကျင့်ဆိုး

Photo: iStock

ယာဉ်ကြောပိတ်ဆို့မှုကြောင့် စိတ်ညစ်ရခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို ကွီးတို့ သိပြီးပါပြီလား။ နေ့စဉ် ရုံးတက် ရုံးဆင်းနဲ့ အလုပ်သွားနေရသူများအဖို့ ယာဉ်ကြောပိတ်ဆို့မှု ဒဏ်ကို မလွဲမသေ ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုအချိန်မျိုးမှာ မိမိရဲ့စိတ်ကို သက်သာရာရစေမယ့် သီချင်းများ နားထောင်ကာ စိတ်အပန်းဖြေသင့်ပါတယ်။

မပျော်ရွှင်ရသော အိပ်ထောင်ရေး ပိုင်ဆိုင်ထားခြင်း

မပျော်ရွှင်ရသော အိပ်ထောင်ရေး ပိုင်ဆိုင်ထားခြင်း

ပျော်ရွှင်ရတဲ့ အိပ်ထောင်ရေးသည် ကိုယ်ရော စိတ်ပါ ကျန်းမာစေပါတယ်။ ကိုယ့် အိမ်ထောင်ရေးအပေါ် စိတ်ကျေနပ်မှုရှိကြတဲ့ သက်ကြီးရွယ်အို စုံတွဲများသည် ကိုယ့်အိမ်ထောင်ရေးကြောင့် စိတ်ညစ်နေရတဲ့ စုံတွဲများထက် နှလုံးရောဂါ ခံစားရနိုင်ခြေ ပိုနည်းတယ်လို့ လေ့လာချက်များအရ သိရပါတယ်။

ဒါသည် ဘာ့ကြောင့်လဲဆိုတော့ မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ စိတ်ဖိစီးမှုတွေ ခံစားရမယ်။ စိတ်ဖိစီးမှုကြောင့် အစားအသောက် အနေအထိုင် မမှန်တော့ဘဲ နှလုံးကျန်းမာရေးကို ထိခိုက်လာရခြင်း ဖြစ်ပါတယ်။

အထိုင်များခြင်း

အထိုင်များခြင်း

တီဗွီရှေ့က ဆိုဖာမှာပဲ တနေကုန်ထိုင်ပြီး ကိုယ်လက်လှုပ်ရှားမှု မရှိခြင်းသည်လည်း နှလုံး ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အကျင့်ဆိုး တစ်ခုပဲဖြစ်ပါတယ်။ တီဗွီရှေ့မှာ အချိန် တစ်နာရီ ကုန်ဆုံးခြင်းသည် နှလုံးရောဂါ ခံစားရနိုင်ခြေကို ၂၀ ရာခိုင်နှုန်းခန့် မြင့်မားစေပါတယ်။

ပြင်းထန်သော လေ့ကျင့်ခန်းများကို အနားမပေးဘဲ ပြုံလုပ်ခြင်း

ပြင်းထန်သော လေ့ကျင့်ခန်းများကို အနားမပေးဘဲ ပြုံလုပ်ခြင်း

လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် နှလုံးကျန်းမာရေးအတွက် အထူးကောင်းမွန်ပါတယ်။ သို့သော် မိမိခန္ဓာကိုယ်ကို အနားမပေးဘဲ ပြင်းထန်လွန်းတဲ့ လေ့ကျင့်ခန်းတွေကို တရစပ်ပြုလုပ်ခြင်းသည် နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုတဲ့ စကားလေးအတိုင်းပဲ ခန္ဓာကိုယ်ကို အနားပေးကာ လေ့ကျင့်ခန်းကို နည်းနည်းစီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

Source: Webmd

Featured Image: Indiaexpress