တစ်ကိုယ်ရည် သန့်ရှင်းရေးနဲ့ ပတ်သတ်ရင် ဂရုတစိုက် ဖယ်ရှားပေးရမယ့် ခန္ဓာကိုယ်ပေါ်က အမွှေးအမျှင်တွေထဲမှာ နှာခေါင်းမွှေး တွေလည်း ပါပါတယ်။ ပုံမှန်အားဖြင့်တော့ နှာခေါင်းမွှေးတွေဟာ ဖုန်နဲ့ အညစ်အကြေးတွေ ၊ ပိုးမွှားတွေကို အသက်ရှုလမ်းကြောင်းထဲ ရောက်မသွားအောင် တဆင့်ခံ ကာကွယ်ပေးထားတဲ့ ကာဗာတစ်ခု ဖြစ်ပါတယ်။ သို့သော် နှာခေါင်းဝမှာ နှာခေါင်းမွှေးတွေ ထိုးထိုးထောင်ထောင် ထွက်နေတာကတော့ ကွီးတို့ကို ရုပ်ပျက်စေသလို တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုမစိုက်တဲ့ သူတစ်ယောက်အဖြစ် ပေါ်လွင်စေမှာပါ။ နှာခေါင်းမွှေးတွေကို အရှင်းနုတ်တာထက် Trimmers လေးနဲ့ ညှိတိပေးတာက ပိုကောင်းတဲ့ ရွေးချယ်မှု ဖြစ်ပါတယ်။ ဒီတစ်ခေါက်တော့ နှာခေါင်းမွှေးတွေကို အထာကျကျ ဖယ်ရှားပေးနိုင်မယ့် အမျိုးသားတွေအတွက် အကောင်းဆုံး နှာခေါင်းမွှေးရိတ်စက် Trimmers လေးတွေကို ပြောပြပေးပါမယ်။
(၁) Zorami Ear & Nose Hair Trimmer Clipper

Photo : British GQ
Zorami Ear & Nose Hair Trimmer Clipper ကတော့ ဈေးသက်သာပြီး ကွာလတီကောင်းလို့ Amazon မှာ Five-star Review ၃ သောင်းဝန်းကျင် ရထားပါတယ်။ IPX7 Waterproof Rating ရရှိထားပြီး အသုံးပြုပြီးချိန်မှာ လွယ်ကူစွာ သန့်ရှင်းရေး ပြန်လုပ်နိုင်မှာ ဖြစ်ပါတယ်။ စက်ရဲ့ခေါင်းမှာ အဖုံးပါဝင်တဲ့အတွက် ဖုန်နဲ့ အညစ်အကြေးတွေ ကပ်နေမှာလည်း စိတ်မပူရပါဘူး။ ဈေးနှုန်းကတော့ ၁၃ ဒေါ်လာပဲ ရှိပါတယ်။
(၂) Philips Series 5000

Photo : British GQ
နှာခေါင်းမွှေး Trimmers တွေထဲမှာ အကောင်းဆုံး ရွေးချယ်စရာတစ်ခုကတော့ Philips အမှတ်တံဆိပ် Series 5000 Trimmer ပါ။ ဒီကောင်လေးက နှာခေါင်းပေါက်ထဲက သေးငယ်တဲ့ အမွှေးအမျှင်တွေကို ထိထိရောက်ရောက် ဖယ်ရှားရှင်းလင်းပေးနိုင်ပြီး မျက်ခုံးမွှေး ၊ နားသပ်မွှေးတွေကိုပါ လွယ်လွယ်ကူကူ ညှိ/တိပေးလို့ ရပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၂၀ ဝန်းကျင် ရှိပါတယ်။
(၃) Manscaped Weed Whacker® 2.0

Photo : British GQ
Manscaped Weed Whacker® 2.0 ကတော့ ခေတ်မှီဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ နှာခေါင်းအတွင်းက အမွှေးအမျှင်တွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်တဲ့ Trimmer ပါ။ စက်သံဆူညံနေတာမျိုးမရှိပဲ ညင်သာသိမ်မွေ့တဲ့ အထိအတွေ့နဲ့ အမွှေးအမျှင်တွေကို ပြောင်စင်အောင် ဖယ်ရှားနိုင်ပါတယ်။ ပေးရတဲ့ ဈေးနဲ့တန်တဲ့ ကွာလတီအမြင့်ကို ရရှိမှာဖြစ်ပြီး ဘက်ထရီသက်တမ်း ၄၅ မိနစ်ကြာ ဆက်တိုက်သုံးနိုင်မှာပါ။ ဈေးနှုန်းကတော့ ဒေါ်လာ ၄၀ ရှိပါတယ်။
(၄) Panasonic Ear & Nose Hair Trimmer

Photo : British GQ
ဈေးနည်းနည်း မြင့်ပြီး ပရီမီယံဆန်တဲ့ Trimmer မျိုးသုံးချင်ရင်တော့ Panasonic ရဲ့ နားနဲ့ နှာခေါင်းမွှေး Trimmer ရှိပါတယ်။ လက်ထဲကိုင်ရတဲ့ ဖီလင်ကိုက ပရီမီယံဆန်ပြီး သေးသေးကျစ်ကျစ်နဲ့ အထာကျတဲ့အတွက် ဘယ်နေရာမဆို အလွယ်တကူ သယ်ဆောင်သွားလို့ အဆင်ပြေပါတယ်။ နှာခေါင်းမွှေး အပြင် နား ၊ မျက်ခုံးမွှေးနဲ့ ပေါင်ခြံဧရိယာတဝိုက်က အမွှေးအမျှင်တွေကိုပါ ဖယ်ရှားနိုင်ပြီး အမွှေးအမျှင်တွေ စိုစွတ်နေချိန်မှာရော ခြောက်သွေ့တဲ့ အနေအထားမှာပါ ညှိလို့ တိလို့ ရပါတယ်။ ဈေးနှုန်းကတော့ ၄၅ ဒေါ်လာ ရှိပါတယ်။
Source : British GQ
Featured Photo : Syska
