သင့်ရဲ့ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး များကို သဘာဝအတိုင်း အရှည်မြန်ချင်ပါသလား။ ဆံပင်၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေး၊ သန်ခြင်း/ မသန်ခြင်း၊ အရှည်မြန်ခြင်း၊ နှေးခြင်းတို့သည် မျိုးရိုးဗီဇပေါ် မူတည်ပြီး ကိုယ့်ရဲ့ စားသောက်နေထိုင်ပုံများနဲ့လည်း သက်ဆိုင်နေပါတယ်။

မျိုးရိုးဗီဇကိုတော့ ပြောင်းလဲလို့မရပေမယ့် အစားအအသောက် အနေအထိုင်များကြောင့် နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးများ ကြမ်းတမ်းခြောက်သွေ့ပြီး အရှည်နှေးနေပါက အခုဖော်ပြပေးမယ့် သဘာဝနည်းလမ်းလေးကို သူ့အဆင့်အလိုက် အသုံးပြုပေးလိုက်ပါ။

အဆင့် (၁)

How to Grow a Beard Faster for men

မျက်နှာကို ကြေးချွတ်ပါ။ နှုတ်ခမ်းမွှေး မုတ်ဆိတ်မွှေး များကို အရှည်မြန်ချင်တယ်ဆိုရင် အရင်ဦးဆုံး မျက်နှာကို သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ရပါမယ်။ ကြေးချွတ်ခြင်းနဲ့ အရင်ဆုံး စတင်လိုက်ရအောင်။ တစ်ပတ်တစ်ကြိမ်ခန့် ကြေးချွတ်ပေးခြင်းအားဖြင့် မျက်နှာပေါ်ရှိ ဆဲလ်သေများကိုဖယ်ရှားပေးပြီး အမွှေးအမျှင်များ ထူထဲသန်မာလာအောင် ကူညီပေးနိုင်ပါတယ်။

အဆင့် (၂)

How to Grow a Beard Faster for men

အသားအရေကို အမြဲတမ်း သန့်ရှင်းအောင် ထားပါ။ မျက်နှာသစ်တဲ့အခါ ကြက်သီးနွေး ရေနွေးနှင့် မျက်နှာသစ်ဆေး အပျော့စားတို့ကို အသုံးပြုကာ မျက်နှာသန့်စင်ပေးရပါမယ်။ ရေနွေးနွေးလေးသည် သင့်ချွေးပေါက်များကို ပွင့်သွားစေပြီး ချွေးပေါက်ထဲတွင် ပိတ်မိနေတဲ့ အဆီနှင့် အညစ်အကြေးများကိုတော့ မျက်နှာသစ်ဆေးက ဖယ်ရှားပေးပါလိမ့်မယ်။

အဆင့် (၃)

How to Grow a Beard Faster for men

အသားအရေကို ရေဓာတ်ဖြည့်ပါ။ မျက်နှာသစ်ဆေးအပျော့စားနဲ့ မျက်နှာသစ်ပြီးတဲ့အခါမှာတော့ အသားအရေကို ရေဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ဒါမှသာလျှင် အသားအရေသည် ခြောက်မနေဘဲ စိုစိုပြေပြေလေးနဲ့ ကြည့်ကောင်းနေစပါတယ်။ စိုပြေနေတဲ့ အသားအရေလေးက အမွှေးအမျှင်များကို အရှည်မြန်အောင် ကူညီပေးပါတယ်။

အဆင့် (၄)

How to Grow a Beard Faster for men

စိတ်ဖိစီးမှုကို ဖယ်ရှားပါ။ ပျက်စီးနေတဲ့ အရေပြားဆဲလ်များ အသစ်ပြန်လည်ဖြစ်ပေါ်ဖို့ရန်အတွက် စိတ်ဖိစီးမှုကင်းကင်းနဲ့ ပြည့်ပြည့်ဝဝ အနားယူဖို့လိုအပ်ပါတယ်။ စိတ်တည်ငြိမ်အေးချမ်းနေပါက သင့်ရဲ့ နှုတ်ခမ်းမွှေးများ၊ မုတ်ဆိတ်မွှေးများသည် မြန်မြန်ရှည်လာပါတယ်။ သင့်အနေနဲ့ စိတ်ဖိစီးမှုကို ဘယ်လိုဖယ်ရှားရမလဲမသိတဲ့အခါ လေ့ကျင့်ခန်းသာ ပြုလုပ်လိုက်ပါ။ လေ့ကျင့်ခန်းပြုလုပ်ခြင်းသည် ခန္ဓာကိုယ် သွေးလှည့်ပတ်မှု ကောင်းမွန်စေပြီး နှုတ်ခမ်းမွှေး ၊ မုတ်ဆိတ်မွှေးများ အရှည်မြန်စေပါတယ်။

Source: India.com

Featured Image Source: Henryford