တစ်နေ့တာလုံးမှာ အချိန်တော်တော်များများ ကွန်ပြူတာရှေ့ထိုင်ပြီး အလုပ်လုပ်ရတဲ့ ရုံးသမားတွေအနေနဲ့ အများဆုံး ကြုံတွေ့ရတာကတော့ ပခုံးကြွက်သား တွေ တောင့်တင်းတဲ့ ပြဿနာပါပဲ။ တစ်နေ့လုံး နာရီနဲ့ချီပြီး စားပွဲခုံမှာထိုင်ကာ အလုပ်လုပ်ရတဲ့အတွက်ကြောင့် အချိန်ကြာလာတာနဲ့အမျှ ဇက်ကြောနဲ့ ပခုံးကြွက်သားတွေ တောင့်တင်းနာကျင်လာပြီး အကြောတက်တဲ့ ဝေဒနာ ဆိုးဆိုးရွားရွား ခံစားရနိုင်ပါတယ်။ ဒီလိုအခြေအနေကို ကာကွယ်ဖို့အတွက်ဆို အကြောလျှော့ပေးတာက အထိရောက်ဆုံးပါပဲ။ ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အထိုင်များတဲ့ ရုံးသမားတွေအတွက် ပြုလုပ်ပေးသင့်တဲ့ အကြောလျှော့နည်းတွေကို မျှဝေပေးချင်ပါတယ်။

အကြောလျှော့နည်း (၁)

Shoulder stretch

Photo : Medical News Today

လက်တစ်ဖက်ကို ရင်ဘတ်ရှေ့ကနေ ကန့်လန့်ဖြတ် ဆန့်ထုတ်ပြီး ဆန့်ကျင်ဘက် လက်တစ်ဖက်က ဆန့်ထုတ်ထားတဲ့လက်ရဲ့ တံတောင်ဆစ်နေရာကနေ ဖိထားပေးပါ။ အကြောလျှော့နေချိန်မှာ ခန္ဓာကိုယ်ကို လိုက်မလှည့်မိစေဖို့ သတိပြုပါ။ စက္ကန့် အနည်းငယ်ကြာ ထိုနည်းအတိုင်း ဖိထားပြီး ခဏအနားယူပါ။ ပြီးရင်တော့ နောက်လက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရပါမယ်။

အကြောလျှော့နည်း (၂)

Upper Arm Stretch

Photo : Men’s Health

လက်တစ်ဖက်ကို မြှောက်ပြီး ခေါင်းနောက်ကို ကွေးလိုက်ပါ။ တံတောင်ဆစ်ကို အခြားလက်ဖြင့် ဆုပ်ကိုင်ကာ တံတောင်ဆစ်ကို ဦးခေါင်းဆီသို့ ညင်သာစွာ ဆွဲယူပါ။ စိတ်ကိုတင်းကြပ်မထားပဲ ဖြေလျှော့ထားပါ။ ထိုနည်းအတိုင်း စက္ကန့်အနည်းငယ်ကြာ ဖိထားပြီး အနားယူပါ။ ထို့နောက် အခြားလက်တစ်ဖက်ကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးပါ။

အကြောလျှော့နည်း (၃)

Photo : Verywell Health

ပခုံးကို ရှေ့တည့်တည့်ထားပြီး ဦးခေါင်းကို ဘက်ဖက်သို့ လှည့်ပါ။ စက္ကန့်အနည်းငယ်ကြာ ဖိထိန်းထားပြီး မူလအနေအထားသို့ ပြန်သွားပါ။ ထို့နောက် ဦးခေါင်းကို ညာဖက်ကို တဖန်ပြန်လှည့်ပေးရပါမယ်။ ထိုနည်းအတိုင်း ဘယ်ညာပြောင်းလဲကာ ပြုလုပ်ပေးပါ။

အကြောလျှော့နည်း (၄)

Photo : Steel Supplements

ဒါကတော့ နားရွက်တွေဆီသို့ ပခုံးကြွက်သား တွေကို မြှင့်တင်ပေးရတဲ့ အကြောလျှော့ နည်းဖြစ်ပါတယ်။ ပခုံးကို နားရွက်ဆီသို့ ပင့်တင်ပြီး ၁ စက္ကန့်ကနေ ၂ စက္ကန့်လောက် ဖိထားပြီး ပခုံးကို အောက်သို့ ပြန်ချပေးပါ။ ထိုနည်းအတိုင်း ၈ ကြိမ်ကနေ ၁၀ ကြိမ်ခန့် ပြုလုပ်ပေး ရပါမယ်။

Source : Healing Touch Charlotte

Featured Photo : Verywell Health