သင်က Apple ပစ္စည်းတစ်ခုကို တစ်ခါလောက် ဝယ်သုံးမိပြီးနောက် Apple ရဲ့ Ecosystem ထဲကနေ ရုန်းမထွက်နိုင်ဖြစ်နေပါသလား။ ဒါဆိုရင်တော့ သေချာတာတစ်ခုကတော့ ပိုက်ဆံပိုကုန်မှာပါပဲ။ ဒါပေမဲ့ ပိုက်ဆံကုန်သလောက်လည်း အရည်အသွေးကောင်းတဲ့ ပစ္စည်းများကို ကိုင်တွယ်အသုံးပြုရတာဖြစ်တဲ့အတွက်ကြောင့် အာရုံနောက်လည်း သက်သာပါတယ်။ ပန်းသီး ဖန်တစ်ယောက်အနေနဲ့ အကောင်းစား AirPods နားကြပ်တစ်စုံ ဝယ်ဖို့ စိတ်ကူးနေပါသလား။ ဒါဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လေ့လာကြည့်လိုက်ပါ။

ဒီဆောင်းပါးထဲမှာတော့ AirPods (2nd Gen) ၊ AirPods (3rd Gen) နှင့် AirPods Pro (3rd Gen) စတဲ့ မော်ဒယ်သုံးခုကို နှိုင်းယှဥ်ပြသွားမှာပဲဖြစ်ပါတယ်။ ပန်းသီး ရဲ့ အကောင်းစား AirPods ကို ဘယ်လိုအကြောင်းအချက်တွေပေါ် မူတည်ပြီး ရွေးချယ်မလဲဆိုတာကတော့ သင် ကိုယ်တိုင်ပဲ ဆုံးဖြတ်ချက်ချရမှာပဲဖြစ်ပါတယ်။

ဈေးနှုန်း

ဈေးနှုန်း

အရင်ဦးဆုံး အရေးကြီးဆုံးအရာတစ်ခုဖြစ်တဲ့ ဈေးနှုန်းပိုင်းကို နှိုင်းယှဥ်ကြည့်လိုက်ရအောင်။ AirPods (2nd Gen) ကတော့ ၁၂၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပြီး 3rd Gen ကတော့ ၁၆၉ ဒေါ်လာ ပေးဝယ်ရမှာဖြစ်ပါတယ်။ AirPods Pro (3rd Gen) ကတော့ ၂၄၉ ဒေါ်လာ ပေးဝယ်ရမှာပါ။ ဘာ့ကြောင့် ဈေးနှုန်းအမျိုးမျိုး ကွာသွားသလဲဆိုတာကို ကွီးတို့ ဆက်ဖတ်ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်။

Active Noise Cancellation နှင့် Adaptive Transparency

Active Noise Cancellation

Photo: Macrumors

ဒီဖန်ရှင်နှစ်မျိုးစလုံးကို  AirPods Pro (3rd Gen) မှာ ထည့်သွင်းထားပေမယ့် AirPods (2nd Gen) နှင့် (3rd Gen) တို့မှာတော့ မပါပါဘူး။ ဒါ့ကြောင့် ပြင်ပက အသံတွေအားလုံးကို လျော့ချပြီး သီချင်းနားထောင်ချင်တယ်ဆိုရင်တော့ AirPods Pro (3rd Gen) ကိုသာ ရွေးချယ်ရမှာပဲဖြစ်ပါတယ်။ သုံးမျိုးစလုံးမှာတော့ Apple ရဲ့ Signature ဖြစ်တဲ့ Siri ကတော့ မပါမဖြစ် ပါရှိပါတယ်။

ဘက္ထရီ

ပန်းသီး Airpods

Photo: Business Insider

AirPods 2nd Gen ကတော့ အားတစ်ခါ သွင်းပြီးတဲ့အခါ ၅ နာရီကြာအောင် အသုံးခံပြီး AirPods 3rd Gen နဲ့ Pro 3rd Gen ကတော့ ၆ နာရီကြာ အသုံးခံပါတယ်။ AirPods Pro (3rd Gen) ကတော့ H2 Chip နဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကျန်နှစ်မျိုးကတော့ H1 Chip နဲ့သာ ပြုလုပ်ထားတာဖြစ်ပါတယ်။

ချွေးစိုခံ၊ ရေစိုခံနိုင်စွမ်း

ပန်းသီး Airpods

Photo: Screenrant

AirPods 2nd Gen မှာတော့ ဒီဖန်ရှင်ပါမှာမဟုတ်ပါဘူး။ ကျန်အမျိုးအစားနှစ်မျိုးမှာတော့ AirPods နှင့် Charging Case အတွက်ပါ Sweat And Water Resistance ဆိုပြီး ပါရှိပါတယ်။ Bluetooth ပိုင်းကတော့ AirPods 2nd Gen နှင့် 3rd Gen က Bluetooth 5.0 ဖြစ်ပြီး Pro 3rd Gen ကတော့ Bluetooth 5.3 အမျိုးအစားဖြစ်ပါတယ်။

Sensors နှင့် Controls ပိုင်း

ပန်းသီး Airpods

Photo: Marketwatch

AirPods 2nd Gen ကတော့ Double-Tap ပြုလုပ်ခြင်းဖြင့် သီချင်းနားထောင်ခြင်း၊ ဖုန်းပြောြခင်းတို့ကိုသာ ပြုလုပ်နိုင်ပြီး ကျန်အမျိုးအစားများကတော့ ဖန်ရှင်ပိုစုံပါတယ်။ ကျန်အမျိုးအစားနှစ်ခုကတော့ တစ်ချက်တည်း ဖိထားမယ်ဆိုရင် သီချင်းနားထောင်တာ၊ Pause လုပ်တာ၊ ဖုန်းဖြေတာမျိုးကို ပြုလုပ်နိုင်ပါတယ်။ နှစ်ချက် ဖိထားမယ်ဆိုရင်တော့ သီချင်းကျော်တာ၊ သုံးချက်ဖိထားမယ်ဆိုရင်တော့ အနောက်သို့ ပြန်ကျော်တာဖြစ်ပါတယ်။ Pro 3rd Gen မှာ Noise Cancellation နှင့် Transparency ပါ ပါတယ်ဆိုတော့ သူက အားလုံးထဲမှာ ဖန်ရှင်အစုံဆုံးဖြစ်သွားပြန်ပါတယ်။

ကဲ…ဒီလောက်ဆိုရင်တော့ ပန်းသီး ဖန် ကွီးတို့လည်း AirPods အမျိုးအစားထဲက ဘယ်မော်ဒယ်ကို ရွေးရမလဲဆိုတာ ဆုံးဖြတ်ရလွယ်သွားမယ်လို့ ထင်ပါတယ်။

Source: Apple

Featured Image: Philstarlife