လွန်ခဲ့တဲ့ လပိုင်းလောက်က ဈေးကွက်ထဲသို့ MacBook Air M2 အသစ်လေး စတင်ရောက်ရှိလို့ လာခဲ့ပါပြီ။ ထို MacBook အသစ်ကြောင့် Air M1 ဝယ်ရမလား၊ ဒါမှမဟုတ် M2 ဝယ်ရမလားဆိုပြီး ဝေခွဲရခက်နေကြပါလိမ့်မယ်။ အချို့ကလည်း ကိုယ့်မှာ ရှိပြီးသား MacBook Air M1 ကို ပြန်ရောင်းချင်ပြီး M2 ကို Upgrade လုပ်ချင်ကြပါတယ်။ တကယ်ရော ထိုကဲ့သို့ လုပ်ဖို့ ထိုက်တန်ရဲ့လား။

ကွီးတို့လည်း အသစ်တစ်လုံး ဝယ်ဖို့ စိတ်ကူးရှိပေမယ့် ဘယ်အမျိုးအစား ဝယ်ရမှန်းမသိဘူးဆိုရင်တော့ အခုဖော်ပြပေးမယ့် နှိုင်းယှဉ်ချက်များကို လေ့လာနိုင်ပါတယ်။

ဒီဇိုင်းပိုင်း

design for mac users

Photo: Pickr

အသစ်ထွက်ရှိလာတဲ့ ဒီဇိုင်းသည် အရင်က Air ဒီဇိုင်းတွေနဲ့ မတူတာကတော့ အမှန်ပါပဲ။ အရင်က Air ဒီဇိုင်းတွေသည် အဖုံးက ခုံးခုံးလေးနဲ့ အစွန်းပိုင်းမှာ ပါးလျသွားတဲ့ဒီဇိုင်း ပြုလုပ်ထားတာပါ။ အခုအသစ်ထွက်လာတဲ့ ဒီဇိုင်းကတော့ MacBook Pro 14 နှင့် 16 လက်မအရွယ်အစားရှီတဲ့ ဒီဇိုင်းများနှင့် ဆင်တူအောင် လေးထောင့်ဆန်ဆန် ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ M1 ထက် ပိုပြီး ထူပေမယ့် ပိုပြီး ပေါ့ပါးတာကိုလည်း မြင်တွေ့ရပါလိမ့်မယ်။

ကွီးတို့အနေနဲ့ ဒီဇိုင်းပိုင်းကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ MacBook Air M1 ကနေ M2 ကို Upgrade ပြုလုပ်နိုင်ပါတယ်။ ဒါပေမဲ့ ကွီးတို့သည် ဒီဇိုင်းပိုင်းကို အဲ့ဒီလောက်ထိ စိတ်ထဲမရှိဘူး။ ပြီးတော့ ကိုယ့်အလုပ်က စာများများ ရိုက်ရတဲ့အလုပ်ဆိုရင်တော့ M1 ရဲ့ အစွန်းပိုင်းနားမှာ ပါးလျသွားအောင် ပြုလုပ်ထားတဲ့ ဒီဇိုင်းက စာရိုက်ရတာ ပိုမိုလွယ်ကူစေပါတယ်။

အပေါက်များ

MacBook Air M1 M2

M2 မှာ အဆင့်မြင့်သွားတာကတော့ MagSafe အားသွင်းခေါင်းပဲဖြစ်ပါတယ်။ သံလိုက်နဲ့ ပြုလုပ်ထားတဲ့ MagSafe ကြောင့် ကြိုးကို မတော်တဆတိုက်မိလို့ လက်ပ်တော့ကြီး တစ်ခုလုံး ကြမ်းပြင်ပေါ် ကျသွားတဲ့ အန္တရာယ်ကနေ ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ USB-C ThunderBolt အပေါက် နှစ်ပေါက်ကတော့ Mac နှစ်ခုစလုံးမှာ ပါဝင်ပါတယ်။

စွမ်းဆောင်ရည်ပိုင်း

MacBook Air M1 M2

ဘယ်ဘက်ကပုံကတော့ M2 ရဲ့အတွင်းပိုင်း တည်ဆောက်ပုံဖြစ်ပြီး ညာဘက်ပုံကတော့ M1 ရဲ့ အတွင်းပိုင်း တည်ဆောက်ပုံဖြစ်ပါတယ်။ M2 ကတော့ မသိမသာလေးနဲ့ M1 ထက် စွမ်းဆောင်ရည် ပိုကောင်းပါတယ်။ ဒါပေမဲ့ Air ရဲ့ ထုံးစံအတိုင်း  နှစ်ခုစလုံးမှာ Active Cooling System အတွက် Fan မပါတာကိုတော့ သတိထားမိကြမှာပါ။ သင့်အနေနဲ့ ကိုယ့်ရဲ့ Mac ကို အင်တာနက် သုံးရုံ၊ စာရိုက်၊ ဗွီဒီယိုကြည့်ရုံလောက်ဆိုရင်တော့ M1 က လုံလောက်ပါတယ်။ ဒါပေမဲ့ ဗွီဒီယိုများ တည်းဖြတ်ရာမှာ (သို့) Photoshop ပိုင်းကို ပိုမိုမြန်ဆန်စွာ လုပ်ဆောင်စေချင်တယ်ဆိုရင်တော့ M2 က အကောင်းဆုံး ရွေးချယ်မှုပါပဲ။

စခရင်မ်၊ Notch နှင့် ကင်မရာ

MacBook Air M1 M2

Photo: Techradar

စခရင်မ်ပိုင်း ယှဉ်မယ်ဆိုရင်လည်း M2 က M1 ထက် လက်မအနည်းငယ် ပိုကြီးပါတယ်။ M1 က ၁၃.၃ လက်မ Retina Display ဖြစ်ပြီး M2 ကတော့ ၁၃.၆ လက်မ Liquid Retina Display ဖြစ်ပါတယ်။

အရောင်ရွေးချယ်စရာပိုင်းအနေနဲ့ကတော့ M2 က Starlight ၊ Silver ၊ Midnight ၊ Space Gray ဆိုပြီး လေးမျိုး ရွေးချယ်စရာရှိပါတယ်။ M1 ကတော့ Space Gray ၊ Silver နဲ့ Gold ဆိုပြီး သုံးမျိုး ရွေးချယ်စရာရှိပါတယ်။

M2 ရဲ့ ထိပ် အလယ်တည့်တည့်မှာ Notch လေး ထည့်ထားတာကိုလည်း တွေ့ရမှာပါ။ တကယ်လို့ ကိုယ်က ထို Notch ကို မြင်ရတာ စိတ်မသက်မသာခံစားရပါက Hide Top Notch ဆိုပြီး ဖုံးထားလိုက်လို့ရပါတယ်။ M1 မှာကတော့ 720p ကင်မရာကနေ M2 ကို 1080p FaceTime ကင်မရာအထိ Upgrade လုပ်ထားတာကိုလည်း တွေ့မြင်ရမှာပါ။ ဒါ့အပြင် M2 ရဲ့ စခရင်မ်က M1 ထက် 100nits ပိုများတဲ့အတွက်ကြောင့် ပိုလည်း လင်းပါတယ်။

အခုဖော်ပြသွားတဲ့ နှိုင်းယှဉ်ချက်လေးတွေကို သိထားပြီဆိုရင်တော့ ကွီးတို့လည်း ဘယ်အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့်သလဲဆိုတာကို သိရှိသွားပြီလို့ မျှော်လင့်မိပါတယ်။

Source: 9to5mac

Featured Image: Tomsguide