ဇန်နဝါရီလ ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ ကလပ်အသင်းတွေက ကစားသမား အပြောင်းအရွှေ့တွေကို သိပ်များများစားစား မလုပ်တက်ကြပေမယ့် လက်ကျန်ရာသီဝက်မှာ မဖြစ်မနေ လိုအပ်တဲ့ နေရာတွေကိုအတွက်ကိုတော့ ဖြည့်တင်းတက်ကြပါတယ်။ ဒီလို ဆောင်းရာသီ အပြောင်းအရွှေ့ တွေထဲကမှ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ အကောင်းဆုံးသော အပြောင်းအရွှေ့ (၅)ခုအကြောင်းကို ဖော်ပြပေးချင်ပါတယ်။

ဗီဒစ်

Photo : Manchester United

ပထမဆုံးတော့ မန်ယူ အပြောင်းအရွှေ့နဲ့ စချင်ပါတယ်။ မန်ယူတို့ ဇန်နဝါရီမှာ ခေါ်ယူခဲ့တဲ့ ကစားသမားတွေထဲ အသင်းအတွက် အကျိုးပြုတာဆိုရင် အီဗရာ အင်ဒီကိုးနဲ့ လက်ရှိ အသင်းခေါင်းဆောင် ဘရူနို ဖာနန်ဒက်စ်တို့ ရှိနေကြပေမယ့် သူရဲ့ စီနီယာကြီး ဗီဒစ်ကိုပဲ မန်ယူရဲ့ အကောင်းဆုံး ဇန်နဝါရီ ခေါ်ယူမှုအဖြစ် သတ်မှတ်သွားချင်ပါတယ်။ ဗီဒစ်က ၂၀၀၆ ဇန်နဝါရီမှာပဲ စပါးတပ် မော်စကိုကနေ မန်ယူဆီ ရောက်လာခဲ့ပြီး အသင်းရဲ့ ခံစစ်မှာ ဖာဒီနန်နဲ့ တွဲဖက်ကာ အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ မန်ယူအတွက် (၈)နှစ်ကြာ ကစားသွားခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ပရီးမီးယားလိဂ်ဖလား (၅)ကြိမ်အထိ ဆွတ်ခူးခဲ့ပါသေးတယ်။

ဗန်ဒိုက်

Photo : The Independent

လီဗာပူးလ်လည်း ဆောင်းဈေးကွက်မှာ လူးဝစ် ဆွာရက်ဇ်၊ ဖီလစ်ပီ ကော်တင်ဟိုတို့လို အသင်းကို အကျိုးပြုနိုင်တဲ့ ကစားသမားကောင်းတွေ ခေါ်ယူနိုင်ခဲ့ပြီး ဒီထဲကမှ ဆောက်သမ်တန်ကနေ နယ်သာလန်သား ဗန်ဒိုက်ကို ခေါ်ယူနိုင်ခြင်းဟာ လီဗာပူးလ်အတွက် best signing in january ဖြစ်ခဲ့ရပါတယ်။ ဗန်ဒိုက်ဟာ လီဗာပူးလ်ရဲ့ ခံစစ်လိုအပ်ချက် jigsaw တစ်ခုကို ဖြည့်ေစွက်ပေးနိုင်ခဲ့ပြီး အခုထိလည်း အသင်းခံစစ်အတွက် အကောင်းဆုံး စွမ်းဆောင်ပေးထားပါတယ်။

ဂျက်ကို

Photo :

မန်စီးတီးအတွက်ဆိုရင်တော့ ဇန်နဝါရီ ခေါ်ယူမှုတွေထဲကမှ အသင်းကို အကျိုးပြုနိုင်ဆုံး ကစားသမားဟာ အီဒင် ဂျက်ကိုပါ။ ၂၀၁၁ခုနှစ်ကမှ ဝုလ်ဖ်ဘတ်ကနေ မန်စီးတီးဆီ ပြောင်းရွှေ့လာခဲ့ပြီး ၂၀၁၁-၁၂ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အဖြေထုတ်ရမယ့် ပွဲမှာ အသင်းအတွက် အရေးပါလှတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဖလားကြီးကိုလည်း ရယူပေးနိုင်ခဲ့ပါတယ်။ ဂျက်ကိုက စီးတီးမှာ ပွဲကစားခွင့် သိပ်မရခဲ့ပေမယ့်လည်း နောက်ဆုံးရာသီကလွဲရင် တစ်ရာသီ အနည်းဆုံး (၁၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

ကာဟေး

Photo : The Telegraph

၂၀၁၂ခုနှစ်ကမှ ဘော်လ်တန်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းလာခဲ့တဲ့ ဂယ်လ်ရီ ကာဟေးဟာဆိုရင်လည်း အိုင်ဗန်နိုဗစ် မာတစ်တို့ထက်တောင် အသင်းကို ပိုပြီး အကျိုးပြနိုင်ခဲ့ပါတယ်။ ကာဟေးဟာ ချယ်လ်ဆီးခံစစ်မှာ အသင်းခေါင်းဆောင် ဂျွန်တယ်ရီနဲ့ တွဲဖက်ပြီး ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဘိုင်ယန်တိုက်စစ်ကို ကြံ့ကြံ့ခိုင်ရင်း ချယ်လ်ဆီးအသင်းအတွက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကြီးကို ရယူပေးနိုင်ခဲ့ပါတယ်။ ကာဟေးက အသင်းမှာ (၇)ရာသီခွဲအထိ ပါဝင်နိုင်ခဲ့ပြီး ချန်ပီယံလိဂ်ဖလား (၁)ကြိမ် ပရီးမီးယားလိဂ်ဖလား (၂)ကြိမ် ယူရိုပါဖလား (၂)ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အူဘာမီယန်း

Photo : Sky Sports

ဒေါ့မွန်ကနေ အာဆင်နယ်ဆီ ပြောင်းလာခဲ့တဲ့ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းဟာလည်း အသင်းကနေ ကောင်းကောင်းမွန်မွန် မထွက်ခွာခဲ့ရပေမယ့် အသင်းဆီ ရောက်လာချိန်တုန်းကတော့ တော်တော် အကျိုးပြုနိုင်တဲ့ ကစားသမား ဖြစ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် မှာ နှစ်ရာသီဆက်တိုက် (၂၂)ဂိုး သွင်းယူနိုင်ခဲ့တဲ့ အူဘာမီယန်းက ၂၀၁၈-၂၉ ရာသီမှာပဲ ပရီးမီးယားလိဂ် ရွေဖိနပ်ဆုကို ပူးတွဲ ပိုင်ဆိုင်ခဲ့ပါသေးတယ်။ ယူရိုပါလိဂ် လိဂ်ဖလားပြိုင်ပွဲတွေမှာ ဆုဖလားတွေ လွဲချော်ခဲ့ရပေမယ့် ၂၀၁၉-၂၀ ရာသီမှာတော့ အက်ဖ်အေဖလားကို ပိုင်ဆိုင်ခဲ့ပါတယ်။

Featured Photo : Goal