လတ်တလောမှာ အရမ်းကို နာမည်ကြီးနေတဲ့ AI တစ်ခုဖြစ်သော Chat GPT ကနေ ပရီးမီးယားလိဂ် ပြိုင်ပွဲတလျှောက် နေရာအလိုက် အကောင်းဆုံး ကစားသမား (၁၁)ယောက်နဲ့ အကောင်းဆုံး နည်းပြတစ်ဦးတို့ကို စုစည်းပြီး ရွေးချယ်ထားတဲ့ all-time Premier League XI ကို ဖော်ပြပေးသွားချင်ပါတယ်။

peter

Photo Credit : Transfermarket

ဂိုးသမားနေရာမှာတော့ မန်ချက်စတာ နှစ်သင်းလုံးမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ဒိန်းမတ် ဂိုးသမား ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်ကို ရွေးချယ်ထားပါတယ်။

4 defenders

Photo Credit : Sources

နောက်ခံလူ (၄)ဦးမှာတော့ မန်ယူနိုက်တက်က (၂)ဦးနဲ့ ချဲလ်ဆီးက (၂)ဦးစီ ရွေးချယ်ထားခဲ့ပါတယ်။ ညာနောက်ခံနေရာအတွက် ဂယ်ရီ နဗီးလ် ဘယ်နောက်ခံနေရာအတွက် အက်ရှ်လေ ကိုးနဲ့ ဗဟိုခံစစ်နေရာတွေအတွက်ကတော့ ရီယို ဖာဒီနန် နဲ့ ဂျွန် တယ်ရီတို့ကို ရွေးချယ်ခဲ့ပါတယ်။ အားလုံးက အင်္ဂလန် ခံစစ် ကစားသမားတွေ ဖြစ်နေတာကတော့ အံ့သြစရာပါပဲ။

3 midfielders

Photo Credit : tallkSPORT

ကွင်းလယ် ကစားသမား (၃)ယောက်အဖြစ် ယူနိုက်တက် ကွင်းလယ်လူ ပေါလ် စခိုး လီဗာပူးလ် ကွင်းလယ်လူ စတီဗင် ဂျရတ်နဲ့ အာဆင်နယ် ကွင်းလယ်လူ ပက်ထရစ် ဗီယာရာတို့ကို ရွေးချယ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ကွင်းလယ်ကစားသမားကောင်းတွေ ပေါများပေမယ့် Chat CPT ကတော့ ဒီ(၃) ဦးကိုသာ ရွေးချယ်ထားပါတယ်။

3 strikers

Photo Credit : GiveMeSport

တိုက်စစ်နေရာအတွက် ကစားသမား (၃)ဦးမှာတော့ နယူးကာဆယ် တိုက်စစ်မှူးကြီး အလန် ရှီးယား အာဆင်နယ် တိုက်စစ်မှူးကြီး သီယာရီ အွန်နရီနဲ့ မန်ယူနိုက်တက်ရဲ့ တိုက်စစ်ကစားသမား ခရစ္စတီယာနို ရော်နယ်လ်ဒိုတို့ကို ရွေးချယ်ခဲ့ပါတယ်။

sir alex ferguson

Photo Credit : Facebook

ဒီအကောင်းဆုံး အသင်းကို ကိုင်တွယ်သွားမယ့် အကောင်းဆုံး နည်းပြအဖြစ် ယူနိုက်တက်ရဲ့ legend ကြီး ဆာ အဲလက်စ် ဖာဂူဆန်ကို ရွေးချယ်ထားခဲ့ပါတယ်။ ကဲ ကွီးတို့ရေ ဒီရွေးချယ်မှုတွေနဲ့ ပတ်သတ်ပြီး ဘယ်လို ထင်မြင်မိလဲဆိုတာ post comment box မှာ ရေးသားသွားကြပါဦးဗျာ။