လူတိုင်းက အချစ်ခံဖို့ ထိုက်တန်ပါတယ်။ ယောကျာ်းတစ်ယောက်က တကယ်ချစ်ပြီဆိုရင် သူတို့ချစ်တဲ့ သူအတွက် နေမင်းကြီးကိုပဲ ယူပေးရ ယူပေးရ၊ လမင်းကြီးကိုပဲ ဆွတ်ခူးရ ဆွတ်ခူးရ၊ ပင်လယ်ကြီးကိုပဲ လက်ပစ်ကူးရ ကူးရ ကြိုးစားကြပါတယ်။ ဒါပေမဲ့ တချို့ကောင်မလေးတွေကျတော့ သူတို့ကို ချစ်မှန်းသိရင် ထိုအချစ်ကို တန်ဖိုး မထားတော့ပါဘူး။ ဒီလိုနဲ့ပဲ ကွီးတို့ရဲ့ အချစ်က တန်ဖိုးမဲ့သွားပြီး အမြဲတမ်း ပလေး ခံ နေရတဲ့ အဖြစ်ကနေ မလွတ်ကျွတ်နိုင် ဖြစ်နေပါတော့တယ်။
ဘာ့ကြောင့် ကွီးတို့က အမြဲတမ်း ပလေး ခံ နေရသလဲဆိုတာကိုရော သိပါသလား။ ပလေး မခံရဖို့အတွက် ဘာတွေကို ရှောင်ကြဥ်သင့်သလဲ။
(၁) သူ(မ)အတွက် ဘာမဆို လုပ်ပေးတာမျိုး မလုပ်ပါနဲ့
ကွီးတို့က ကွီးတို့ ရှော်တီလေး အမြဲတမ်း ပျော်နေတာကိုပဲ မြင်ချင်တဲ့အတွက်ကြောင့် သူ(မ)အတွက် ဘာမဆို လုပ်ပေးချင်ကြပါတယ်။ သူ(မ) ဖုန်းဆက်ရင်လည်း မအားတဲ့ ကြားကနေ ဖုန်းဖြေပေးတာမျိုး၊ သူ(မ)က ဘယ်နေရာကို လိုက်ပို့ပေးပါဦးဆိုရင်လည်း မအားတဲ့ ကြားထဲကနေ လိုက်ပို့ပေးတာမျိုး၊ သူ(မ)က ဒီလို အဝတ်အစားမျိုး ဝတ်ပါဆိုရင် မငြင်းဘဲ သူ(မ) စကား နားထောင်တာမျိုး၊ သူ(မ) ပြောသမျှတွေကို ကွီးတို့က တစ်သဝေမတိမ်း လိုက်လုပ်ဖူးကြတယ် ဟုတ်။
ဒီလိုမျိုး သူ(မ)ရဲ့ စကားကို မြေဝယ်မကျ နားထောင်တဲ့ ကွီးတို့က သူတို့ရဲ့ ချစ်သူ ကောင်လေးလား။ ဒါမှမဟုတ် ဘော်ဒီကတ်လား။
(၂) ကွီးတို့ဆီမှာ ရှိသမျှ အကုန်လုံးကို သူ(မ)အတွက် မပေးပါနဲ့
ကွီးတို့ရဲ့ အချစ်တွေ အပြင် ကွီးတို့ရဲ့ ရှိသမျှ ငွေကြေး စည်းစိမ်းအကုန်လုံး၊ အိမ်မွေး တိရစ္ဆာန်လေးတွေပါမကျန် သူ(မ)ကို ပေးပါသလား။ ကွီးတို့ရဲ့ အချစ်ကို သက်သေပြဖို့အတွက် အဲ့ဒီလောက်ကြီး လုပ်စရာ မလိုပါဘူး။ ကွီးတို့ရဲ့ စည်းစိမ်း ရှိသမျှ အကုန်လုံးကို ပုံအောပေးပစ်မှ သူ(မ)က ကွီးတို့ရဲ့ အချစ်ကို လက်ခံမယ်ဆိုရင်တော့ ကွီးတို့ကို တကယ် ချစ်တာလားဆိုတာ စဥ်းစားစရာပါပဲ။
(၃) အလွယ်တကူ ခွင့်မလွှတ်ပါနဲ့
သူ(မ)က ဘယ်မှာ ဘယ်သူနဲ့ ရှိနေသလဲဆိုတာကို ကွီးတို့ကို လိမ်ပြောတယ်။ ကွီးတို့က လူသားပဲလေ တစ်ခါတလေတော့လည်း အမှား လုပ်မိမှာပေါ့ဆိုပြီး ခွင့်လွှတ်လိုက်တယ် ဆိုပါစို့။ တစ်ကြိမ် တစ်ခါကနေ ကြိမ်ဖန်များစွာ ဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ကို အလွယ်တကူ ခွင့်မလွှတ်ခိုင်းရခြင်း ဖြစ်ပါတယ်။
(၄) အလွယ်လေး အူမတိုပါနဲ့
ကွီးတို့က သူ(မ)ကို အခြားကောင်လေးတစ်ယောက်နဲ့ အတူတူ တွဲတွေ့လိုက်တယ် ဆိုပါစို့။ အဲ့ဒါနဲ့ပဲ ကွီးတို့ရဲ့ ဒေါသကို အလွယ်တကူ ထုတ်ပြပြီး သဝန်မတိုလိုက်ပါနဲ့။ အရင်ဦးဆုံး သူ(မ) ရှင်းပြတာကို နားထောင်ပါ။ ဘယ်လောက်ပဲ သဝန်တိုနေပါစေ ကွီးတို့ရဲ့ စိတ်ကို မပြသပါနဲ့။ တကယ်လို့ သူ(မ)ဘက်က မူမှန်ဘူးလို့ ကွီးတို့ ခံစားရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်း မေးမြန်းပြီး ပလေး ခံ နေရတဲ့ အဖြစ်ကနေ လွတ်မြောက်ဖို့ ကြိုးစားသင့်ပါတယ်။
(၅) သူ(မ)က ကွီးတို့ကို လေးစားအောင် ပြုမူနေထိုင်ပါ
သူ(မ)နဲ့ ချိန်းတွေ့တဲ့အခါမှာလည်း သပ်ရပ် ကျော့ရှင်းတဲ့ စတိုင်လ်မျိုး ပြင်ဆင် ဝတ်စားသွားပါ။ ကွီးတို့ရဲ့ အမူအကျင့်ကလည်း လူကြီး လူကောင်းဆန်ဆန် အကျင့်မျိုး ပြုမူရပါမယ်။ ဒါမှသာလျှင် သူ(မ)က ကွီးတို့ကို အထင် မသေးရဲမှာပါ။
ကွီးတို့ရော ပလေး ခံ နေရတာကို ပျော်နေတုန်းလား။
Source: Lovedevani
Featured Image: Coachcoreywayne.medium.com