အဟောင်းတွေထဲမှာ အကျိုးမပေးဆုံးကတော့ ရည်းစား ဟောင်း တွေဆိုတာ ကွီးတို့ ဗေဒင် လိုက်မေးစရာတောင် မလိုပါဘူး။ အဲ့ဒီလို အကျိုးမပေးတဲ့ ရည်းစား ဟောင်း ကို မမေ့နိုင်သေးဘဲ တစ်ခုတ်တရ သတိရနေရင်တော့ ကွီးတို့က ပုံမှန် မဟုတ်တော့ပါဘူး။ ကိုယ့်ကို မချစ်လို့ ထားခဲ့တဲ့ သူတစ်ယောက်အတွက် အချိန်ကုန်ခံပြီး ဖီးလ်နေစရာ အကြောင်းကို မရှိပါဘူး။ တကယ်လို့ ကွီးတို့က ရည်းစား ဟောင်း ကို မေ့မရဘဲ တသသ ဖြစ်နေတယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်များကို လိုက်လုပ်ကြည့်လိုက်ပါ။ တဖြည်းဖြည်းနဲ့ အဆင်ပြေသွားပြီး ရည်းစားဟောင်းကိုလည်း မေ့သွားပါလိမ့်မယ်။

(၁) အမှန်တရားကို လက်ခံလိုက်ပါ

couple breakup

ကွီးတို့သည် ကိုယ့်ကိုယ်ကိုယ် မလိမ်ဖို့ လိုအပ်ပါတယ်။ ကွီးတို့က လမ်းခွဲပြီးသား မသက်ဆိုင်တော့တဲ့ လူတွေဆိုတဲ့ အမှန်တရားကို လက်ခံဖို့ လိုအပ်ပါတယ်။ သူ(မ)က တစ်နေ့နေ့ ပြန်လာမှာပဲဆိုတဲ့ စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ချည်နှောင်မထားပါနဲ့။ ဒါ့ကြောင့်မို့လို့ အမှန်တရားကို လက်ခံလိုက်မှသာလျှင် ရှေ့ဆက်သွားလို့ ရမှာပါ။

(၂) ကိုယ့်စိတ်ကို ရှင်းရှင်းထားပါ

couple breakup

သူ(မ)နဲ့ အတူတူ ပျော်ရွှင်ခဲ့ဖူးတဲ့ အချိန်တွေ၊ အမှတ်တရတွေကို ပြန်ပြောင်း စဥ်းစားပြီး ကိုယ့်ကိုယ်ကိုယ် မနှိပ်စက်လိုက်ပါနဲ့။ အဲ့ဒီလို အတွေးတွေကြောင့် ကွီးတို့သည် အတိတ်ကနေ ရုန်းမထွက်နိုင်ဘဲ ပိတ်မိနေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကွီးတို့ စိတ်ကို ရှင်းရှင်းထားပြီး တည်ငြိမ်အေးချမ်းအောင် နေထိုင်ပါ။ တရားထိုင်သင့်ရင် တရားထိုင်ပါ။ ကွီးတို့ စိတ်ကို ရှင်းရှင်းထားနိုင်လေ ရည်းစားဟောင်းကို မြန်မြန် မေ့နိုင်လေပါပဲ။

(၃) သူ(မ)နဲ့ ပတ်သက်သမျှတွေကို ရှင်းထုတ်ပါ

couple breakup

သူ(မ)နဲ့ အတူတူ တွဲရိုက်ထားတဲ့ ဓာတ်ပုံတွေကို တယုတယ သိမ်းထားတာမျိုးတွေ မလုပ်ပါနဲ့။ သူ(မ)ကို ဆိုရှယ်မီဒီယာတွေကနေ ဆက်သွယ်ဖို့လည်း မကြိုးစားပါနဲ့။ ဖုန်းနံပါတ်တွေ အကုန်လုံးကိုလည်း အပြီးဖြတ်ပစ်လိုက်ပါ။ ဒါမှသာလျှင် ကွီးတို့ဆီမှာ ဘာမှ ကျန်ရှိမနေတော့မှာပါ။

(၄) ဘော်ဒါတွေကို ရင်ဖွင့်ပါ

ရည်းစား ဟောင်း

တစ်ယောက်ယောက်ကို ဖွင့်ဟ ပြောပြလိုက်ခြင်းက ကွီးတို့ ခံစားနေရတာတွေကို တစ်ဝက် သက်သာစေပါတယ်။ ဒါ့ကြောင့်မို့လို့ ကွီးတို့ ယုံကြည်စိတ်ချရတဲ့ ဘော်ဒါတစ်ယောက်ယောက်ကို ရင်ဖွင့်ပြီး စိတ်လက် ပေါ့ပါးသွားအောင် ပြုလုပ်ပါ။

(၅) အလျင်စလို ရည်းစား အသစ် မထားပါနဲ့

ရည်းစား ဟောင်း

ရည်းစားဟောင်းကို မေ့ချင်ဇော၊ အရွဲ့တိုက်ချင်ဇောနဲ့ အချိန်တိုအတွင်း ရည်းစားအသစ် ထပ်ထားတာကလည်း ကွီးတို့ နှစ်ဦးစလုံးအတွက် မကောင်းပါဘူး။ ကွီးတို့ရဲ့ စိတ်ဒဏ်ရာကို အခြားကောင်မလေးတစ်ယောက်ထံ လွှဲပြောင်းပေးတာနဲ့ အတူတူပါပဲ။ ဒါ့ကြောင့်မို့လို့ အလျင်စလို ရည်းစားအသစ် ထပ်မထားဘဲ အမှန်တကယ် ချစ်တဲ့သူတွေ့မှသာလျှင် ရည်းစားထပ်ထားသင့်ပါတယ်။

(၆) အားကစား လိုက်စားပါ

ရည်းစား ဟောင်း

ကွီးတို့ရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့အတွက် အားကစား လိုက်စားကြည့်လိုက်ပါ။ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့ကို စိတ်သက်သာရာ သက်သာကြောင်းဖြစ်စေပြီး စိတ်ကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။ ဒါ့ကြောင့် ကိုယ် ကြိုက်နှစ်သက်ရာ အားကစားတစ်ခုခုကို ပြုလုပ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

(၇) လူသစ်တွေနဲ့ မိတ်ဖွဲ့ပါ

ရည်းစား ဟောင်း

အသည်းကွဲပြီး အိမ်ထဲမှာ တစ်ယောက်တည်း အခန်းအောင်းနေမယ့်အစား လူသစ်တွေနဲ့ တွေ့ဆုံကြည့်ပါ။ အပြင်တွေ ဘာတွေ သွားကြည့်ပါ စိတ်ပြေလက်ပျောက်ဖြစ်အောင် နေပါ။ ဒါဆိုရင်တော့ ရည်းစားဟောင်းအကြောင်းလည်း တွေးဖြစ်မှာ မဟုတ်တော့သလို အမှတ်တရသစ်များကိုလည်း ဖန်တီးပြီးသား ဖြစ်သွားပါလိမ့်မယ်။

ကွီးတို့ရော ရည်းစားဟောင်းကို ဘယ်လိုနည်းလမ်းတွေနဲ့ မေ့ပစ်ခဲ့ဖူးပါသလဲ။

Source: Wikihow

Featured Image: Tangolines