ခပ်မိုက်မိုက် သီချင်းသံစဥ်တွေ ပေါက်ကွဲ သံစဥ် တွေ နားထောင်ရင်း စိတ်ထွက်ပေါက် ရှာချင်တဲ့ ကွီးတို့အတွက် ဒီတစ်ခါမှာတော့ အမိုက်စား သီချင်း ကောင်းများနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တချို့သီချင်းတွေက ဟောင်းပေမယ့်လည်း ခေတ်နောက်ကျမနေဘဲ ခေတ်မှီကာ လူကြိုက်များနေဆဲပဲဖြစ်ပါတယ်။

Walk This Way By Run DMC ft. Aerosmith

Source: Run DMC

ဒီသီချင်းလေးကဆိုရင် ၁၉၈၆ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပြီး ယနေ့ထိတိုင် လူကြိုက်များနေတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Can’t Stop By Red Hot Chili Peppers

Source: Red Hot Chili Peppers

ကျော်ကြားမှုတွေ ပါတီနဲ့ ပျော်ပွဲ ရွှင်ပွဲတွေကို ဖြတ်မရအောင် စွဲလန်းနေကြောင်း သီဆိုထားတာတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Freak On a Leash By KoRn

Source: KoRn

ဒီသီချင်းလေးကဆိုရင် ၁၉၉၈ ခုနှစ်ကတည်းက ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ ဆုတံဆိပ်တွေ အများကြီး ရရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။

Believer By Imagine Dragons

Source: ImagineDragons

ဘဝရဲ့ နာကျင်မှုတွေ ကြားထဲကနေ ဘဝရဲ့ အဓိပ္ပါယ်ကို ရှာဖွေတွေ့ရှိခဲ့တဲ့ အကြောင်းကို သီဆိုထားတာပဲဖြစ်ပါတယ်။

Bring Me To Life By Evanescence

Source: Evanescence

ဒီသီချင်းလေးကိုတော့ ကွီးတို့ ကြားဖူးနားဝ ရှိပါလိမ့်မယ်။ အော်ရယ်ဂျင်နယ် သီချင်းကိုတော့ Evanescence က သီဆိုထားတာပဲဖြစ်ပါတယ်။ အိမ်တွင်း အကြမ်းဖက်မှုတွေ၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေကြောင့် စိတ်ဒဏ်ရာရခဲ့တဲ့မ မိန်းကလေးတစ်ယောက်အကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

Last Resort By Papa Roach

Source: Papa Roach

ဒီသီချင်းလေးထဲက သေကြောင်း ကြံစည်ခဲ့ဖူးတဲ့ အခန်းဖော် အကြောင်း ရေးဖွဲ့ထားတာပဲဖြစ်ပါတယ်။ ထိုအခန်းဖော်ကို လက်မတင်လေး ကယ်တင်နိုင်ခဲ့ပြီး အသက်ဘေးက လွတ်မြောက်ခဲ့တဲ့နောက်မှာ စိတ်ကျန်းမာရေး ကောင်းမွန်အောင် ပြုလုပ်ခဲ့ပြီး အကောင်းပကတိအတိုင်း ပြန်ဖြစ်လာတဲ့ အကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။

The Reason By Hoobastank

Source: Hoobastank

ဒီသီချင်းလေးကတော့ ကိုယ်ချစ်တဲ့သူကြောင့် ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲဖို့ ကြိုးစားနေကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။​

Starlight By Muse

Source: Muse

ဒီသီချင်းလေးက ကိုယ် ချစ်ရတဲ့ တစ်စုံတစ်ယောက်၊ သူငယ်ချင်းလည်း ဖြစ်နိုင်သလို မိသားစုဝင် တစ်ယောက်လည်း ဖြစ်နိုင်သလို ကိုယ် ချစ်ရတဲ့ တစ်ယောက်ယောက်ကို လွမ်းဆွတ်တဲ့အတွက်ကြောင့် သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။

Cigarette Daydreams By Cage The Elephant

Source: Cage The Elephant

ဒီသီချင်းလေးကတော့ ၂၀၁၄ ခုနှစ်ကတည်းက ထွက်ရှိထားတာပဲဖြစ်ပါတယ်။ သီချင်းထဲက ကောင်လေးက စီးကရက် သောက်ရင်း တစ်ချိန် ချစ်ခဲ့ဖူးတဲ့ အတိတ်က မိန်းကလေးအကြောင်း တွေးကာ ပြန်လည်စိတ်ကူးယဥ်နေတာပဲဖြစ်ပါတယ်။

Crawling By Linkin Park

Source: Linkin Park

တစ်စုံတစ်ရာက အရေပြားအောက်ကနေ တွားသွားနေတယ်လို့ သီဆိုထားတာပဲဖြစ်ပါတယ်။​ ဒီလိုထင်ယောင်ထင်မှားဖြစ်ခြင်းက တကယ့်ကို ကူရာကယ်ရာမဲ့တဲ့ ခံစားချက်မျိုး ဆိုတာကို သီချင်းထဲမှာ ရေးဖွဲ့သီဆိုထားတာပဲဖြစ်ပါတယ်။​

ကွီးတို့ရော ခံစားချက်တွေ ပြင်းထန် ပေါက်ကွဲ နေတဲ့အချိန်ဆိုရင် ဘယ်လို သီချင်း မျိုးကို နားဆင်ခံစားလေ့ရှိပါသလဲ။

Source: Deezer

Featured Image: Loudersound