သီချင်းကောင်း တစ်ပုဒ်က ကွီးတို့ရဲ့ စိတ်ခံစားချက်အပေါ်မှာ များစွာ အကျိုးသက်ရောက်မှု ရှိပါတယ်။ မြူးမြူးကြွကြွ တေးသံက ကွီးတို့ကို စိတ်ပျော်ရွှင်လာစေပြီး လွမ်းဆွတ်ဖွယ်ရာ တေးသီချင်းတွေကတော့ ကွီးတို့ရဲ့ ဒဏ်ရာကို တူးဆွနေတာနဲ့ တူပါတယ်။ သီချင်းကောင်း အများအပြား ရှိတဲ့အနက်မှ အခုဖော်ပြခဲ့တဲ့ သီချင်း တွေကို နား မထောင်ဖူးဘူးဆိုရင်တော့ ကွီးတို့လောက် ခေတ် နောက်ကျတဲ့သူ ကမ္ဘာပေါ်မှာ ရှိမှာ မဟုတ်ပါဘူး။

Too Sweet By Hozier

Source: Hozier

ဒီသီချင်းလေးက လွန်ခဲ့တဲ့ တစ်လလောက်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းထဲက ကောင်လေးက အချိုဓာတ်နဲ့ အခါးဓာတ်ကို လိုချင်ပေမယ့် သူ့ရဲ့ ချစ်သူထံကနေ ချစ်စရာကောင်းခြင်း၊ ချိုးသာခြင်းတို့ကိုသာ ရရှိနေကြောင်း စပ်ဆိုထားတာပဲ ဖြစ်ပါတယ်။

Like That By Future, Metro Boomin & Kendrick Lamar

Source: Future

ဟစ်ဟော့နဲ့ ရက်ပ်သီချင်းတွေကို သဘောကျတယ်ဆိုရင်တော့ ဒီသီချင်းလေးကိုလည်း ကွီးတို့ သဘောကျမှာ အသေအချာပါပဲ။ ဒီသီချင်းကလည်း ထွက်ရှိထားတာ မကြာသေးပါဘူး။

Beautiful Things By Benson Boone

Source: Benson Boone

ဒီသီချင်းလေးထဲမှာ သီဆိုထားတဲ့ အကြောင်းအရာလေးတွေက တကယ့်ကို အဓိပ္ပါယ်ရှိတဲ့ အကြောင်းအရာလေးတွေပဲ ဖြစ်ပါတယ်။ ဘဝမှာ တစ်ခါတစ်လေ ကြောက်ရွံ့စိတ်ဝင်ခြင်းကလည်း ဖြစ်တတ်တဲ့အရာတစ်ခုပဲ ဖြစ်ပါတယ်။ ဆုံးရှုံးရမှာတွေကို ကြောက်ရွံ့ခြင်းကလည်း ဖြစ်သင့်တဲ့ သဘောတရားတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ဘဝထဲမှာရှိတဲ့ လှပတဲ့ အရာတွေအတွက်လည်း ကျေးဇူးတင်တတ်တဲ့ စိတ်ထားမျိုး ထားရှိရမှာဖြစ်ကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

Lose Control By Teddy Swims

Source: Teddy Swims

ဒီသီချင်းလေးကတော့ R&B နဲ့ Country စတိုင်လ် သီချင်းအမျိုးအစားလေးပဲ ဖြစ်ပါတယ်။ သီချင်း အမျိုးအစား နှစ်ခုကို ပေါင်းစပ်ထားတာဖြစ်လို့ ကွီးတို့လည်း သဘောကျမှာပါ။

Texas Hold ‘Em By Beyonce

Source: Beyonce

ဒီသီချင်းလေးကတော့ Beyonce ပရိသတ်တွေ အားလုံး ကြိုက်နှစ်သက်မယ့် သီချင်း အမျိုးအစားတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သီချင်းလေးက မြူးမြူးကြွကြွနဲ့ နားထောင်လို့ကောင်းတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။

Lovin On Me By Jack harlow

Source: Jack harlow

ဒီသီချင်းလေးက တစ်ခ်တော့ခ်မှာလည်း ရေပန်းစားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅ လလောက်ကမှ ထွက်ရှိခဲ့တဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။

Espresso By Sabrina Carpenter

Source: Sabrina Carpenter

အချစ်က ကာဖိန်းဓာတ်လိုပဲ စွဲလန်းတတ်ကြောင်း သီဆိုထားတဲ့ သီချင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ ဒီ သီချင်း လေးကို နား မထောင်ဖူးရင်တော့ ကွီးတို့က ခေတ် နောက်ကျနေတာ သေချာပါပြီ။

We Can’t Be Friends (Wait For Your Love) By Ariana Grande

Source: Ariana Grande

ဒီသီချင်းလေးကလည်း ထွက်ရှိထားတာ သိပ်မကြာသေးပါဘူး။ ရည်းစားဟောင်းကို မမေ့နိုင်သေးတဲ့ ကောင်မလေးတစ်ယောက်အကြောင်း သီဆိုထားတာပဲဖြစ်ပါတယ်။ ရည်းစားဟောင်းနဲ့လည်း သူငယ်ချင်းအဖြစ် ဆက်မနေချင်ကြောင်း သီဆိုထားတာပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ရည်းစားဟောင်းနဲ့ သူငယ်ချင်းအဖြစ်သာ ဆက်ရှိနေရမယ်ဆိုရင် ရှိနေချင်သေးလား။

အခုဖော်ပြသွားတဲ့ သီချင်းတွေထဲက ဘယ်နှပုဒ်လေးကို ကွီးတို့ နားဆင်ခံစားဖူးပါသလဲ။

Source: Ca.billboard

Featured Image: Official Charts