ခရီးသွားခြင်းသည် စိတ်လှုပ်ရှားဖွယ်ကောင်းပြီး အမြင်ပွင့်စေတဲ့အပြင် အတွေ့အကြုံသစ်များကိုလည်း ရရှိစေပါတယ်။ သို့သော် ခရီးသွားတဲ့အခါ ပျော်ရွှင် စွာ ခရီးသွား ဖို့လည်း လိုအပ်သလို ဘာအန္တရာယ်မှ မကျရောက်ဘဲ ဘေးကင်းစွာ သွားလာနိုင်ဖို့လည်း အရေးကြီးပါတယ်။ အထူးသဖြင့် တစ်ယောက်တည်း ခရီးသွားရတဲ့အခါ ပိုလို့တောင် ဂရုစိုက်ရမှာဖြစ်ပါတယ်။

ဒီအချက်များကို လိုက်နာမယ်ဆိုရင်တော့ ခရီးသွားတဲ့အခါ ဘေးအန္တရာယ် ကင်းကင်းနဲ့ ပျော်ရွှင် လုံခြုံစွာ ခရီးသွား လာနိုင်မှာပဲဖြစ်ပါတယ်။

ခရီးစဥ် စဆွဲကတည်းက သေချာလေ့လာထားပါ

ပျော်ရွှင် ခရီးသွား

သင် ခရီးမသွားခင်ကတည်းက ကိုယ် သွားရမယ့်နေရာကို ကြိုတင်လေ့လာထားဖို့ လိုအပ်ပါလိမ့်မယ်။ ခရီးသွားပလော့ဂါတွေရဲ့ Review တွေ လိုက်ဖတ်ပါ။ ဒေသခံအသိ တစ်ယောက်ယောက်ရှိပါက သူတို့ကို မေးမြန်းထားပါ။ ဘယ်နေရာက လုံခြုံသလဲ၊ ဘယ်နေရာက ရာဇဝတ်မှုတွေ ပေါသလဲဆိုတာကို ကြိုတင်မေးမြန်းထားမှ အဆင်ပြေမှာပါ။ ဒါ့အပြင် အရေးပေါ် အခြေအနေ ကြုံတွေ့ရပါက ဆက်သွယ်ရမယ့် ဖုန်းနံပါတ်များ၊ ပြည်ပခရီးသွားသူများအနေနဲ့ သံရုံးဖုန်းနံပါတ်၊ ရဲစခန်း အစရှိတဲ့ ဖုန်းနံပါတ်များကို မှတ်ထားရပါမယ်။

Attention ရဖို့ မကြိုးစားပါနဲ့

ပျော်ရွှင် ခရီးသွား

နယ်ခံရုပ်မပေါက်ဘဲ ခရီးသွား ဧည့်သည်ရုပ် ပေါက်နေခြင်းသည် ခိုးဆိုးလုယက်သမားတွေရဲ့ သားကောင်ဖြစ်နိုင်တာကြောင့် တတ်နိုင်သမျှ ဒေသခံများနှင့် တူအောင် ဝတ်စားဆင်ယင်ပါ။ မြေပုံတကားကားနဲ့ သွားလာခြင်းမှလည်း ရှောင်ကြည်ပါ။ လမ်းမသိလို့ လမ်းမေးချင်တဲ့အခါမှာလည်း ဘယ်သူ့ကို မေးရမလဲဆိုတာ သေချာအကဲခတ်ပြီးမှ မေးမြန်းတာ အကောင်းဆုံးပါပဲ။ မိမိရဲ့ ပိုက်ဆံအိတ်များ၊ ဖုန်းများကိုလည်း အလွယ်တကူ ခါးပိုက်နှိုက်မခံရတဲ့ နေရာမှာ ထားသင့်ပါတယ်။

အရေးကြီးတဲ့ စာရွက်စာတမ်းများကို မိတ္တူကူးထားပါ

ပျော်ရွှင် ခရီးသွား

သင့်ရဲ့ပတ်စ်ပို့၊ ယာဥ်မောင်းလိုင်စင်နှင့် အခြားသော သက်သေခံကတ်ပြားများကို ဘယ်အချိန်လိုအပ်မလဲဆိုတာ မသိနိုင်ပါဘူး။ ထိုစာရွက်စာတမ်းများကို Scan ဖတ်ထားပြီး Soft Copy အဖြစ် သိမ်းထားဖို့လည်း လိုအပ်သလို စာရွက်စာတမ်းများအဖြစ် မိတ္တူကူးထားဖို့လည်း လိုအပ်ပါတယ်။ ဒါမှ မတော်တဆ ပျောက်ပျက်သွားတဲ့အခါ Backup Plan အနေနဲ့ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို အခက်အခဲမရှိ လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

သင့်ရဲ့သူငယ်ချင်းနှင့် မိသားစုဝင်များကို အကြောင်းကြားပါ

man travelling

ဘယ်နေရာကိုသွားမယ်။ ဘယ်နေရာတော့ ရောက်ပါပြီ စသည်ဖြင့် မိမိရဲ့ လုံခြုံရေးအတွက် အမြဲတစေ အကြောင်းကြားဖို့လိုအပ်ပါလိမ့်မယ်။ ဘယ်ဟိုတယ်မှာတည်းမယ်၊ ဘယ်နေရာတွေကို လည်ပတ်မယ် စသည်ဖြင့် ကိုယ့်ရဲ့အစီအစဥ်တွေကို အသေးစိတ်ပြောပြထားဖို့လိုအပ်ပါတယ်။ ဒါမှ တစ်စုံတစ်ရာဖြစ်ခဲ့သည်ရှိသော် နောက်ကြောင်းလိုက်လို့ရမှာပါ။

အများပြည်သူသုံး ဝိုင်ဖိုင်များကို သတိပြုပါ

man travelling

အများပြည်သူသုံး ဝိုင်ဖိုင်များကို အသုံးပြုတဲ့အခါ လက်လွတ်စပယ် အသုံးမပြုမိဖို့လိုအပ်ပါတယ်။ ဟက်ကာများသည် သင့်ရဲ့ အရေးကြီးတဲ့ အချက်အလက်များကို ခိုးယူတဲ့အခါ Password များပါသွားနိုင်ပါတယ်။ ဒါ့ကြောင့် Mobile Banking သုံးတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ ဖုန်းဒေတာနဲ့ပဲ အသုံးပြုပါ။ နို့မဟုတ်ရင် သင့်ရဲ့ Password တွေသည် ခြေရာလက်ရာကျန်ခဲ့နိုင်ပါတယ်။

ဒီအချက်များကို သိထားမယ်ဆိုရင်တော့ ခရီးသွားတဲ့အခါ ပျော်ရွှင် ဘေးကင်းစွာနဲ့ ခရီးသွား နိုင်မှာပဲဖြစ်ပါတယ်။

Source: Nationwide

Featured Image: Economictimes.indiatimes