ဝတ်စားဆင်ယင်မှုက လူတစ်‌ယောက်အတွက် အရေးပါပြီး ကိုယ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်တဲ့ နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ တစ်ခါတစ်လေ အမျိုးသားတွေအတွက် ကိုယ့်ရဲ့ ခန္ဓာကိုယ်အမျိုးအစား၊ ကိုယ်ပိုင်စတိုင်လ်နှင့်ကိုက်ညီသော ဝတ်စားဆင်ယင်မှုပုံစံကို ရွေးချယ်ရတဲ့အခါ စိန်ခေါ်မှုတစ်ရပ် ဖြစ်နိုင်ပါတယ်။ ခေတ်ရေစီးကြောင့် အလိုက် မှန်ကန်ပြီး စတိုင်လ်ကျ‌အောင် ဝတ်စားဆင်ယင်တတ်ဖို့ဆိုရင်တော့ အချို့သော အချက်လေးတွေကို သိထားဖို့လိုပါတယ်။ ဒီနေ့မှာတော့ ညိုကီတို့ရဲ့ ဖက်ရှင်ကို ဗားရှင်းမြှင့်ဖို့ အတွက် သိထားသင့်ပြီး လိုက်နာကျင့်သုံးရမယ့်အချက်တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။

အခြေခံများဖြင့် စတင်ပါ

ဖက်ရှင်ကို ဗားရှင်းမြှင့်ဖို့

Photo : Pinterest

ညိုကီတို့ရေ ကိုယ်ပိုင်စတိုင်လ် တစ်ခုဖြစ်‌အောင် မဝတ်ဆင်တတ်သေးဘူးဆိုရင် အကောင်းဆုံးကတော့ အခြေခံ ရိုးရှင်းတဲ့ ဝတ်စားဆင်ယင်မှုပုံစံနဲ့ စတင်ပါ။ တစ်ခါတစ်လေ အရိုးရှင်းဆုံးကလည်း အကောင်းဆုံး ဖြစ်နိုင်ပါတယ်။ ရိုးရိုးရှင်းရှင်းပုံစံဆိုရင် ကွီးတို့အနေနဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ် အဖြူရောင် ရှိရင်ရပါပြီ။ ဒါတွေက ဘယ်လို ဝတ်စုံနဲ့မဆို လိုက်ဖက်ညီတဲ့ စွယ်စုံရ အဝတ်အစားတွေပါပဲ။ အရည်အသွေးကောင်းတဲ့ ဂျင်းဘောင်းဘီနဲ့ တီရှပ် ဖြစ်ဖို့တော့ လိုပါတယ်။

အရောင်များကို သေချာ‌ရွေးချယ်ပါ

ဖက်ရှင်ကို ဗားရှင်းမြှင့်ဖို့

Photo : Universal Tailor

ဝတ်စားဆင်ယင်မှုမှာ အရောင်ကလည်း အရေးကြီးပါတယ်။ ကိုယ်က အဝတ်အစားအရောင်ကို သေချာမတွဲစပ်တတ်သေးဘူးဆိုရင် ကြားနေအရောင်များကို အရင်ဆုံး ရွေးချယ်ပါ။ ဘာနဲ့မဆို လိုက်ဖက်တဲ့ ကြားနေအရောင်တွေကတော့ အနက်‌ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ နက်ပြာရောင်နဲ့ အညိုရောင်တို့ပဲ ဖြစ်ပါတယ်။ ထိုကနေမှ လိုက်ဖက်တဲ့ အရောင်နဲ့ အဝတ်အစားတွေ ဖန်တီးလို့ရပါတယ်။

ဖိနပ်ကောင်းကောင်းမှာ ရင်းနှီးမြှပ်နှံပါ

ဖက်ရှင်ကို ဗားရှင်းမြှင့်ဖို့

Photo : Business Insider

ညိုကီတို့ရဲ့ ဖက်ရှင်ကို ဗားရှင်းမြှင့်ဖို့ ဆိုရင် ဖိနပ်တွေကလည်း အရေးကြီးတဲ့ နေရာကနေ ပါဝင်ပါတယ်။ ဘယ်လိုပဲ အဝတ်အစားကို ကောင်းမွန်အောင် ဝတ်စားထားပါစေ၊ ဖိနပ်က အဆင်မပြေဘူးဆိုရင်တော့ အလကားပါပဲ။ ကွီးတို့မှာ အများဆုံးရှိတဲ့ အဝတ်အစားနဲ့ လိုက်ဖက်တဲ့ ဖိနပ်ကောင်းကောင်း တစ်ရံ သို့မဟုတ် နှစ်ရံ လောက်တော့ ရှိထားသင့်ပါတယ်။

ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်ပါစေ

Photo : OTAA

အဝတ်အစားကို ဝတ်ဆင်တဲ့နေရာမှာ ကိုယ့်ရဲ့ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျဖြစ်ပြီး ကြည့်ကောင်းဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် အင်္ကျီဖြစ်စေ၊ ဘောင်းဘီ ဖြစ်စေ ခန္ဓာကိုယ်အတွက် ပွလွန်း၊ ချောင်လွန်းသော အဝတ်အစားတွေကို ရှောင်ပါ။ ဒီလို ပွလွန်း၊ ချောင်လွန်းတဲ့ အဝတ်အစားတွေက ညိုကီတို့ကို ကြည့်မကောင်း ဖြစ်စေရုံသာမက သပ်ရပ်မှုလည်း နည်းစေပါတယ်။

Accessories တွေကို အသုံးချပါ

Photo : Hype & Style

ဖက်ရှင်ကျအောင် အဝတ်အစားကို သေချာစွာ ဝတ်စားဆင်ယင်တတ်ရုံနဲ့သာမက ကိုယ့်ရဲ့စတိုင်လ်ကို တစ်ဆင့်မြင့်အောင် အချို့သော အသုံအဆောင်လေးတွေကို လိုအပ်သလို ဝတ်ဆင် အသုံးပြုတတ်ဖို့ လိုပါတယ်။ တိုးတက်လာတဲ့ ဖက်ရှင်ရေစီးကြောင်းနဲ့အညီ အမျိုးသားသုံး ဖက်ရှင်တွေကလည်း အများအပြားပါပဲ။ နာရီများ၊ ဦးထုပ်များ၊ နေကာမျက်မှန်များနဲ့ လက်ပတ်များကို ညိုကီတို့ စိတ်ကြိုက် ဖန်တီးပြီး အသွင်အပြင် အသစ်ကို စမ်းကြည့်ပါ။

ဒီအချက်လေးတွေ သိထားရက် ညိုကီတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်နိုင်ပြီး အလန်းစား အသွင်သစ်နဲ့ ဂေါ်လို့ရပါပြီ။

Source : Sterling Style Academy

Featured Photo : John Lewis