ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှုပုံစံက ကိုယ့်ရဲ့ အသွင်အပြင်အပေါ် အများကြီး သက်ရောက်မှု ရှိပါတယ်။ ဒီနေ့ခေတ် ဖက်ရှင်ရေစီးကြောင်းအရ အမျိုးသားရော၊ အမျိုးသမီးပါ ကိုယ့်ရဲ့ ဝတ်စားဆင်ယင်မှု စတိုင်လ်ကို ဦးစားပေးလာကြပါတယ်။ ဒါ့အပြင် ရာသီဥတု နေရာဒေသနဲ့အညီ လိုက်လျောညီထွေစွာ ဝတ်စားဆင်ယင်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ ကွီးတို့အနေနဲ့ အမိုက်စားဖက်ရှင်တွေနဲ့ ဘယ်နေရာမဆို လန်းချင်တယ်ဆိုရင် ဖက်ရှင်ကျအောင် ဝတ်စားဆင်ယင်တတ်ဖို့ လိုပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် အထာကျကျ ခပ်ဟော့ဟော့ ဘဲတစ်ဗွေ ဖြစ်ဖို့ ဖက်ရှင် အိုင်ဒီယာလေးတွေကို ဝေမျှသွားမှာ ဖြစ်ပါတယ်။

အိုင်ဒီယာ (၁)

ခပ်ဟော့ဟော့ ဘဲတစ်ဗွေ

Photo : Youtube

ကွီးတို့အနေနဲ့ ဖက်ရှင်အကြောင်း ဘာမှမသိသေးရင် ဒါမှမဟုတ် စတိုင်လ်ကျအောင် ဝတ်စားဆင်ယင်တတ်ဖို့ ခက်နေသေးတယ်ဆိုရင် ရိုးရှင်းမှုကို အခြေခံထားလိုက်ပါ။ ကွီးတို့မှာ ရှိတဲ့ ဂျင်းဘောင်းဘီ တစ်ထည်ထည်နဲ့ ရှပ်အင်္ကျီအဖြူနဲ့ တွဲဖက်ဝတ်ဆင်လိုက်ပါ။ ရှပ်အင်္ကျီကို ဘောင်းဘီထဲ ထည့်ဝတ်လည်း အဆင်ပြေသလို၊ ပေါ့ပေါ့ပါးပါး စတိုင်လ်နဲ့ အထာကျချင်ရင် ထုတ်ဝတ်လည်း ရပါတယ်။ နေကာမျက်မှန်ကိုပါ ပေါင်းထည့်လိုက်ရင်တော့ အမိုက်စား ဖက်ရှင်နဲ့ ဂေါ်လို့ရပြီပေါ့။

အိုင်ဒီယာ (၂)

Photo : Panaprium

ကွီးတို့က အနက်ရောင်ကို ကြိုက်နှစ်သက်တယ်ဆိုရင် အနက်ရောင် အခြေခံထားပြီး ရှပ်အင်္ကျီများ၊ ဂျင်းဘောင်းဘီ၊ ဘွတ်ဖိနပ်များနှင့် ဂျာကင်များကို Biker ဖက်ရှင်ကဲ့သို့ တွဲဖက်ဝတ်ဆင်လို့ ရပါတယ်။ ဒါကတော့ တကယ်ကို အထာကျပြီး ဆွဲဆောင်မှုရှိကာ လေးနက်သော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။

အိုင်ဒီယာ (၃)

ခပ်ဟော့ဟော့ ဘဲတစ်ဗွေ

Photo : m.seredonline

သက်တောင့်သက်သာ ရှိပြီး ပေါ့ပေါ့ပါးပါးနဲ့ အမိုက်စားစတိုင်လ် အတွက်ဆိုရင်တော့ Hoodies တွေက ရွေးချယ်ဖို့ အကောင်းဆုံးပါပဲ။ မိုးရာသီလည်း ရောက်ပြီဆိုတော့ Hoodies တွေကို ဝတ်ဆင်ပြီး အထာကျဖို့ အချိန်ရောက်ပါပြီ။

အိုင်ဒီယာ (၄)

ခပ်ဟော့ဟော့ ဘဲတစ်ဗွေ

Photo : wwxtravel.it

ဂျင်းတွေက အကြမ်းခံပြီး ပေါ့ပေါ့ပါးပါး ဝတ်ဆင်နိုင်ရုံသာမက ဘယ်တော့မှ ခေတ်နောက်ကျ မကျန်ခဲ့မယ့် စတိုင်လ်တစ်ခုပါ။ ကွီးတို့အနေနဲ့ ဂျင်းဂျကတ်ကတ် တစ်ထည်ကို ကြိုက်နှစ်သက်ရာ ဘောင်းဘီနဲ့ တွဲဖက်ဝတ်ဆင်ပြီး အမိုက်စား Street Style ဖက်ရှင်နဲ့ ဂေါ်လို့ရပါပြီ။

အိုင်ဒီယာ (၅)

ခပ်ဟော့ဟော့ ဘဲတစ်ဗွေ

Photo : Panaprium

ဒီစတိုင်လ်ကတော့ ကွီးတို့ကို အထာကျစေပြီး ခေတ်မှီကာ ဆွဲဆောင်မှုရှိသော အသွင်အပြင်ကို ပေးစွမ်းနိုင်ပါတယ်။ ရိုးရှင်းပြီး ခပ်ဟော့ဟော့ အသွင်အပြင်ကို လိုချင်ရင် ဒီစတိုင်လ်မျိုးကို စမ်းဝတ်ကြည့်ပါ။

အိုင်ဒီယာ (၆)

Photo : India TV News

သားရေ ဂျက်ကတ်တွေကလည်း နွေရာသီနဲ့ မိုးရာသီမှာ ဝတ်ဆင်လို့ ကောင်းတဲ့ ဖက်ရှင်ပါပဲ။ ဒါ့အပြင် ရာသီဥတုအေးတဲ့ နေရာတွေကို အလည်အပတ်သွားရင် အမိုက်စား သားရေဂျက်ကတ်တွေကို ဂျင်းဘောင်းဘီ အပြဲစတိုင်လ်နဲ့ ဝတ်ဆင်ပြီး ခပ်ဟောဟော့ ဘဲတစ်ဗွေ ဖြစ်လို့ရပါပြီ။

အမျိုးသားသုံး Accessories

Photo : Magicpin

ကွီးတို့ရဲ့ ဖက်ရှင်ကို တစ်ဆင့်မြှင့်ပေးပြီး အလန်းစားဖြစ်ဖို့ဆိုရင် အသုံးအဆောင် အချို့ကလည်း ပံ့ပိုးပေးနိုင်ပါတယ်။ အမျိုးသားဝတ် လက်ကောက်များ၊ လက်ပတ်များ၊ ဆွဲကြိုးများနဲ့ လက်ပတ်နာရီ၊ နေကာမျက်မှန် စတာတွေက ကွီးတို့ရဲ့ အသွင်အပြင်ကို အများကြီး သက်ရောက်စေပါတယ်။ ခပ်ဟော့ဟော့ ဘဲတစ်ဗွေ ဖြစ်ဖို့ဆိုရင် ကိုယ်နဲ့ လိုက်ဖက်ပြီး ကိုယ့်ရဲ့ အဝတ်အစားနဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် Accessories တွေကို သေချာရွေးချယ် ဝတ်ဆင်လိုက်ပါ။

Source : Panaprium

Featured Photo : Standout