ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားမှုမရှိဘဲ ငြိမ်နေတာများရင် လေးလံထိုင်းမှိုင်းနေမှာပါ။ ဒါ့အပြင် လုံလောက်တဲ့လှုပ်ရှားမှုမရှိတဲ့ ခန္ဓာကိုယ်က တဖြည်းဖြည်း ကိုယ်အလေးချိန်တတ်လာပြီး အဝလွန်ခြင်းကို ဖြစ်နိုင်ခြေများပါတယ်။ အဝလွန်ခြင်းကနေ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ရနိုင်ပါတယ်။ လူသားတစ်ယောက်အတွက် တစ်နေ့တာလုံး လန်းဆန်းတတ်ကြွနေဖို့ လိုပါတယ်။ ဒါမှသာ လုပ်ငန်းဆောင်တာတွေကို ကောင်းစွာလုပ်နိုင်ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အထောက်အကူပြုမှာပါ။ ဒီလို တစ်နေ့တာလုံး လန်းဆန်းတတ်ကြွနေစေဖို့ မနက်ခင်းမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့အတွက် ဖလန်းဖလန်းနဲ့ တတ်ကြွနေစေဖို့ ပုံမှန်ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်း အချို့ကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။
လမ်းလျှောက်ခြင်း
Photo : Men’s Health
လမ်းလျှောက်ခြင်းကတော့ ဘယ်သူမဆို အသက်အရွယ်မရွေး လွယ်ကူစွာ ပြုလုပ်နိုင်ပြီး အကျိုးများတဲ့ လေ့ကျင့်ခန်းတစ်ခုပါ။ မနက်စောစောမှာ လမ်းလျှောက်ခြင်းက ကွီးတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာကြံ့ခိုင်မှုကို တိုးစေသည်သာမက တစ်နေ့တာလုံး လန်းဆန်းနေစေပြီး အားအင်ကို ပြည့်ဝစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ နှလုံးကို ကျန်းမာစေပြီး သွေးပေါင်ချိန်ကိုလည်ူ လျှော့ချပေးနိုင်ပါတယ်။ တစ်နေ့ကို နာရီဝက်ခန့် ခပ်သွက်သွက် လမ်းလျှောက်ပေးပါ။
ပြေးခြင်း
Photo : British GQ
ကွီးတို့က မနက်ပိုင်းမှာ ပိုပြီးတတ်တတ်ကြွကြွ လှုပ်ရှားမှုနဲ့ စတင်ချင်တယ်ဆိုရင် ပြေးတာကလည်း ကောင်းမွန်တဲ့ ရွေးချယ်မှုပါပဲ။ အိမ်မှာ ပြေးစက်နဲ့ ပြေးတာမျိုးလည်းအဆင်ပြေပေမဲ့ သဘာဝနဲ့ချိတ်ဆက်နိုင်ပြီး နေရောင်အောက်မှာပြေးခြင်းက ကွီးတို့ကို တစ်နေ့တာလုံး လန်းဆန်းနေစေပြီး တတ်ကြွနေစေမှာပါ။ ဒါ့အပြင် ပြေးခြင်းက အရိုးတွေကိုသန်မာစေပြီး ကယ်လိုရီတွေကို လောင်ကျွမ်းစေတာကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ကိုယ်အလေးချိန်ကို ထိန်းသိမ်းပေးထားနိုင်ပါတယ်။ တစ်နေ့ကို မိနစ် ၃၀ လောက် ပုံမှန်ပြေးခြင်းကို ပုံမှန်ပြုလုပ်ပေးပါ။
ကြိုးခုန်ခြင်း
Photo : Men’s Journal
ကွီးတို့ရဲ့ နေ့သစ်တစ်ခုကို စတင် ရာမှာ တတ်တတ်ကြွကြွဖို့ ဒါမှမဟုတ် ကယ်လိုရီများများ လောင်ကျွမ်းစေဖို့ လေ့ကျင့်ခန်း လုပ်ချင်ရင် ကြိုးခုန်တာကို ပြုလုပ်လို့ရပါတယ်။ ကြိုးခုန်ခြင်းက ကွီးတို့ရဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေရုံသာမက အရိုးသိပ်သည်းဆကို ပိုမိုမြင့်မားစေပြီး ကွီးတို့ရဲ့ ခြေထောက်များကို ပိုမိုသန်မာလာစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ နှလုံးကိုလည်း ပိုမိုသန်မာစေပါတယ်။
Squats
Photo : 30 Day Fitness
ဖလန်းဖလန်းနဲ့ တတ်ကြွနေစေဖို့ ကွီးတို့ပြုလုပ်နိုင်တဲ့ နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ Squats ပဲ ဖြစ်ပါတယ်။ မနက်ခင်းမှာ Squats ကိုပုံမှန်ပြုလုပ်ခြင်းဖြင့် ကွီးတို့ရဲ့ ခြေထောက်များကို သန်မာစေပြီး တင်ပါးနဲ့နောက်ကျော ကြွက်သားများကို အားကောင်းစေပါတယ်။ Squat လုပ်ခြင်းထက် ခန္ဓာကိုယ်အောက်ပိုင်းကို အားကောင်းစေတဲ့ ပိုကောင်းတဲ့ လေ့ကျင့်ခန်း မရှိပါဘူး။ ဒါ့အပြင် ဒီလေ့ကျင့်ခန်း ကွီးတို့ရဲ့ ခန္ဓာကိုယ်တွင်း သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ ကိုယ်ခံအားစနစ်ကို မြှင့်တင်နိုင်ဖို့ ပုံမှန် ပြုလုပ်ပေးသင့်တဲ့ လေ့ကျင့်ခန်းများထဲက တစ်ခုဆိုလည်း မမှားပါဘူး။
Jumping Jacks
Photo : Men’s Health
Jumping Jacks ခန္ဓာကိုယ်ပြည့် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုဖြစ်ပြီး နှလုံးသွေးကြော ကြံ့ခိုင်မှုကို မြှင်တင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားများ ကျစ်လစ်မှု၊ အရိုးအဆစ်များ သန်မာမှုတို့ကို တို့မြှင့်စေပြီး ခန္ဓာကိုယ် ဟန်ချက်ညီမှုတို့ကို ပိုမိုကောင်းမွန်လာစေပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဦးစွာ မတ်မတ်ရပ်ပါ။ ထိုနောက် လက်နှစ်ဖက်ကို ဖြန့်ရင်းခုန်ပါ။ ထိုကဲ့သို့ထပ်ခါထပ်ခါ ခုန်ပေးပါ။ ပထမဆုံးဒီလေ့ကျင့်ခန်းကို လုပ်တဲ့သူဆိုရင် ၁ မိနစ်အရင်လုပ်ပြီးမှ ကြာချိန်ကို ဖြေးဖြေးချင်း တိုးသွားပေးပါ။
ကွီးတို့ရေ တစ်နေ့တာလုံး တတ်ကြွလန်းဆန်းစေပြီး ကိုယ်ရောစိတ်ပါ ကျန်းမာကြံ့ခိုင်စေဖို့ ဒီလေ့ကျင့်ခန်းတွေကို ပုံမှန် မနက်တိုင်းပြုလုပ်ပေးဖို့ မမေ့နဲ့နော်။
Source : Decathlon Blog, Lifehack
Featured Photo : Autonomous