ဗိုက်လေး တစ်လုံးထွက်နေတာ အထာကျတဲ့ ဘီးကျဲအထာလို့ ထင်နေတုန်းလား? ဗိုက်ပူခြင်းရဲ့နောက်ဆက်တွဲ ပြဿနာတွေ အများကြီး ရှိတယ်ဆိုတာ သင်သိသွားရင် ဗိုက်ရခြင်းဟာ ဆိုးတဲ့ ရလဒ်တစ်ခုဆိုတာ သိသွားမှာပါ။ ဗိုက်ပူနေခြင်းဟာ ကျွန်တော်တို့အတွက် အထိုင်အထနဲ့ လှုပ်ရှားသွားလာမှုကို ပိုမိုခက်ခဲစေသလို အဝတ်အစား ဝတ်တဲ့အခါမှာလည်း တော်တော်လေး တိုင်ပတ်စေပါတယ်။ ကျန်းမာရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးတွေလည်း အများကြီးကို ကြုံတွေ့ရစေနိုင်တာကြောင့် ဗိုက်လေး တစ်လုံးနဲ့ ဂိုက်ပေးကြမ်းမယ့် အတွေးကို ဒီနေ့ပဲ စွန့်လွှတ်လိုက်ပါ။ ဒီဆောင်းပါလေးမှာတော့ ဗိုက်ပြုတ်စေဖို့ အဓိက ကူညီပေးမယ့် လေ့ကျင့်ခန်းနည်းတွေကို မျှဝေပေးချင်ပါတယ်။
(၁) Bicycle Crunch
Source : Wodstar
ဒီလေ့ကျင့်ခန်းက မည်သည့်နေရာ အချိန်အခါမှာမဆို ဆော့ကစားလို့ အဆင်ပြေပါတယ်။ ဝမ်းဗိုက်မှာ ရှိတဲ့အဆီပိုတွေကို လောင်ကျွမ်းစေပြီး ဗိုက်ကြွက်သားတွေကို ကျစ်လစ်သန်မာ လာစေဖို့ ကူညီပေးပါတယ်။
(၂) Mountain Climbers
Source : EDGE Fitness
ဗိုက်ပူနေတဲ့ ကွီးတို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းက Mountain Climbers ပါ။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်အောက်ပိုင်း အဆီတွေကို ဖြုတ်ချပေးဖို့ ကူညီပေးနိုင်ပါတယ်။
(၃) Side Jackknife
Source : Andrei Andrei Fitness
ဝမ်းဗိုက်မှာ ချရအခက်ဆုံးက ခါးဘေးဘက် အဆီပိုတွေပါပဲ။ Side Jackknife လေ့ကျင့်ခန်းကတော့ ဒီလိုချရတဲ့ ခါးဘေးဘက် အဆီပိုတွေကို ကျစေမယ့် အထိရောက်ဆုံး လေ့ကျင့်ခန်း ဖြစ်ပါတယ်။
(၄) Cocoon
Source : SEXioFIT
ဗိုက်အဆီတွေကို ကျစေမယ့် နောက်ထပ် အထိရောက်ဆုံး လေ့ကျင့်ခန်းကတော့ Cocoon ပါပဲ။ ဒီလေ့ကျင့်ခန်းက ဗိုက်ရဲ့ကြွက်သားတွေကို ညှစ်ပြီး ကစားပေးရမှာပါ။ ဝမ်းဗိုက်ပြင်တစ်ခုလုံးမှာရှိတဲ့ အဆီပိုတွေကို လောင်ကျွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။
(၅) Russian Twist
Source : Howcast
Russian Twist လေ့ကျင့်ခန်းက ဗိုက်အဆီတွေနဲ့ ခါးဘေးဘက်မှာရှိတဲ့ အဆီပိုတွေကို ကျစေမယ့် အကောင်းဆုံး လေ့ကျင့်ခန်းတွေထဲက တစ်ခုပါပဲ။ ကိရိယာလွတ် ကစားလို့ရသလို Weight Plate ၊ Dumbbell ဒါမှမဟုတ် Kettlebell နဲ့လည်း ကစားလို့ရပါတယ်။
(၆) Hollow Holds
Source : Marcus Filly
ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေကို ညှစ်ထားပြီး လက်နဲ့ခြေထောက်တွေကို လေထဲမြှောက်ထားပေးရမှာ ဖြစ်ပါတယ်။ ဝမ်းဗိုက်ကို အဓိကအားပြုပြီး ဘော်ဒီရဲ့ဟန်ချက်ကို ထိန်းပေးရမှာ ဖြစ်တာကြောင့် ဝမ်းဗိုက်ကြွက်သားတွေကို အမှန်တကယ် ထိရောက်မှုရှိစေမှာပါ။
ဗိုက်လေး တစ်လုံးနဲ့ ဂိုက်ပေးကြမ်းတဲ့ခေတ် ကုန်သွားပြီမလို့ ဗိုက်အဆီတွေ ကျချင်တယ်ဆိုရင် အခုပြောပြမယ့် လေ့ကျင့်ခန်းတွေသာ လုပ်ပါ။
Featured Photo : Muscle & Fitness