မဆုံဖြစ်တာ ကြာတဲ့ အသိမိတ်ဆွေတွေနဲ့ လမ်းမှာ အမှတ်မထင် တွေ့ဆုံဖြစ်ကြတဲ့အခါ “မင်း ဗိုက် ထွက် နေပြီနော်” လို့ အပြောမခံချင်ဘူး မလား။ ဒါဆိုရင်တော့ ကွီးတို့ရဲ့ နေ့စဥ်ဘဝမှာ အဆီအဆိမ့်များကို လျော့စားဖို့ လိုအပ်ပြီး ဗိုက်အဆီများကို ဖယ်ရှားပေးမယ့် လေ့ကျင့်ခန်းများကိုလည်း ပြုလုပ်ဖို့ လိုအပ်ပါတယ်။
ဗိုက်အဆီများကို ဖယ်ရှားပေးမယ့် ထိရောက်မှု ရှိတဲ့ လေ့ကျင့်ခန်းများကတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၁)
Photo: Gq
ကြမ်းပြင်ပေါ်မှာ ခြေထောက်နှစ်ဖက်နဲ့ လက်နှစ်ဖက်ကို ဆန့်တန်းပြီး လှဲလျောင်းနေပါ။ ခြေထောက်နဲ့ လက်နှစ်ဖက်က ကြမ်းပြင်နဲ့ ထိကပ်မနေရပါဘူး။
ထို့နောက် ခန္ဓာကိုယ်ကို ကြမ်းပြင်ပေါ်ကနေ ကြွလိုက်ကာ လက်နှစ်ဖက်က ဒူးနှစ်ဖက်ကို ဆွဲယူလိုက်ပါ။ ထို့နောက် ပြန်လှဲလျောင်းကာ ၅ စက္ကန့်ခန့် တောင့်ထားပါ။ ထိုနည်းအတိုင်း မိမိလုပ်နိုင်တဲ့ အကြိမ်အရေအတွက်အထိ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
Photo: Men’s Health
ကွီးတို့ရေ ဗိုက်အဆီတွေလောင်ကျွမ်းဖို့ဆို Plank လေ့ကျင့်ခန်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။ Plank လေ့ကျင့်ခန်းတွေက ဝမ်းဗိုက်အဆီကိုသာမက တစ်ကိုယ်လုံးမှာရှိတဲ့ အဆီတွေကိုပါ လောင်ကျွမ်းစေပါတယ်။ ဒီလေ့ကျင့်ခန်းကို စစချင်းပြုလုပ်မယ်ဆိုပါက စက္ကန့် ၃၀ ခန့်ထောက်ပြီး နောက်ပိုင်းမှာ ၁ မိနစ်နဲ့ ၂ မိနစ်အထိ ထိန်းနိုင်အောင် ကြိုးစားပါ။
လေ့ကျင့်ခန်း (၃)
Photo: Pinterest
ဒီလေ့ကျင့်ခန်းက ကယ်လိုရီတွေကို မြန်မြန်လောင်ကျွမ်းစေသည်သာမက ကွီးတို့ရဲ့ ခွန်အားကိုလည်း တိုးမြှင့်ပေးနိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၂ ကြိမ် ၃ ကျော့ပြုလုပ်ပြီး နောက်လေ့ကျင့်ခန်းမစခင် ခေတ္တအနားယူပါ။
လေ့ကျင့်ခန်း (၄)
Photo: Gq
အိပ်ထမတင်ပြုလုပ်ခြင်းက ချပ်ရပ်သော ဗိုက်ဖြစ်စေရန် ရေပန်းအစားဆုံးနှင့် အသုံးအများဆုံးလေ့ကျင့်ခန်း လည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက ဝမ်းဗိုက်အား ခံနိုင်ရည်ရှိစေမဲ့ လေ့ကျင့်မှုဖြစ်ပြီး ဝမ်းဗိုက်ကြွက်သားများကို လုံးဝ ပစ်မှတ်ထားတဲ့ လေ့ကျင့်ခန်းလည်းဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို ပြုလုပ်ရာမှာ အကြိမ်ရေ နည်းနည်းနဲ့ စတင်နိုင်ပြီး နောက်ပိုင်းမှာ အကြိမ်ရေကို ဖြည်းဖြည်းချင်း တိုးမြှင့်သွားပါ။
လေ့ကျင့်ခန်း (၅)
Photo: Men’s Health
Squat Jump က ကယ်လိုရီလောင်ကျွမ်းမှု ပြင်းထန်တဲ့ အပြင် ဗိုက် အဆီကို ကျစေမဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်း ကြံခိုင်မှုအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကိုလည်း ၁၂ ကြိမ် ၃ ကျော့ခန့် ပြုလုပ်ပါ။
အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို ပုံမှန် ပြုလုပ်ပေးသွားမယ်ဆိုရင်တော့ ကွီးတို့ ဗိုက် ထွက် လာမှာ မဟုတ်တော့ပါဘူး။ Six-Pack နဲ့ ကြည့်ကောင်းနေပြီး ဆွဲဆောင်မှု တိုးလာမှာပဲဖြစ်ပါတယ်။
Source: Healthline
Featured Image: Freepik