ဒီနေ့ခေတ်မှာ စားသောက်နေထိုင်မှုပုံစံတွေ၊ အထိုင်များတောတွေကြောင့် များသောအားဖြင့် ဝမ်းဗိုက်မှာ အဆီစုလာကြပါတယ်။ ဗိုက်အဆီဆိုတာ ဝမ်းဗိုက်မှာရှိတဲ့ အင်္ဂါအစိတ်အပိုင်းတွေမှာ သိုလှောင်ထားတဲ့ အဆီတွေဖြစ်ပြီး ပိုလျှံနေတဲ့ အဆီတွေဟာ ကိုလက်စထရော မြင့်တာ၊ သွေးတိုးတာ၊ နှလုံးရောဂါ၊ ဆီးချိုနဲ့ လေဖြတ်တာမျိုး ဖြစ်တတ်ပါတယ်။ ဒီလို ဝမ်းဗိုက်အဆီကို အန္တရာယ်ကင်းကင်းချဖို့အတွက် လေ့ကျင့်ခန်း လုပ်ဖို့အပြင် အခြားသောနည်းလမ်း မရှိပါဘူး။ ဒါကြောင့် ကွီးတို့အတွက် ဗိုက် အဆီကျစေဖို့ အကူကိရိယာမလိုဘဲ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ ကိုဖော်ပြပေးချင်ပါတယ်။
လေ့ကျင့်ခန်း (၁) Burpee
Photo : Men’s Health
ဗိုက် အဆီကျစေဖို့ ကွီးတို့ အကူကိရိယာမလိုဘဲ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ ထဲက တစ်ခုကတော့ Burpee ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ပထမဆုံးကွီးတို့အနေနဲ့ ခြေထောက်ကို ပခုံးအကွာအဝေးအတိုင်းထားပြီး မတ်တပ်ရပ်ပါ။ ထို့နောက် လက်ဖဝါးများကို ပခုံးအကျယ်အကွာလောက် ကြမ်းပြင်ပေါ်သို့ ထောက်ပြီး Plank ထောက် သကဲ့သို့ ခန္ဓာကိုယ်ကို နှိမ့်လိုက်ပါ။ ထို့နောက်လှုပ်ရှားမှု မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်ထပြီး မတ်တပ်ရပ်ပြီး ခုန်လိုက်ပါ။
လေ့ကျင့်ခန်း (၂) Mountain Climber
Photo : Men’s Health
နောက်ထပ်လေ့ကျင့်ခန်း တစ်ခုကတော့ Mountain Climber ပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို စတင်လုပ်မယ်ဆိုရင် ကြမ်းပြင်ပေါ်မှာ တောင်တတ်မဲ့ပုံစံအတိုင်း လက်နှစ်ဖက်ကို ကြမ်းပြင်ပေါ်တွင် ထောက်လျက် ဘယ်ခြေထောက်တစ်ဖက်ကို ထောက်ပြီး ညာခြေကို ရှေ့သို့လှမ်းမဲ့ ပုံစံအနေအထား ဖြစ်ပါစေ။ ဒါက စတင်တဲ့ အနေအထားဖြစ်ပါတယ်။ ထို့နောက် ညာဘက်ခြေဖဝါးကို ကြမ်းပြင်မှ ရုတ်သိမ်းလိုက်ပြီး ညာဘက်ဒူးကို ရင်ဘတ်ဆီသို့ တွန်းပါ။ ပြီးလျှင် ညာခြေကို ကြမ်းပြင်ပေါ်ထောက်လျက် ဘယ်ခြေကိုရင်ဘတ်ဆီသို့ တွန်းတင်ပါ။ ထို့သို့ တစ်လှည့်စီ လုပ်သွားပေးပါ။
လေ့ကျင့်ခန်း (၃) Squat Jump
Photo : Men’s Health
Squat Jump က ကယ်လိုရီလောင်ကျွမ်းမှု ပြင်းထန်တဲ့ အပြင် ဗိုက် အဆီကို ကျစေမဲ့အပြင် ခန္ဓာကိုယ်အောက်ပိုင်း ကြံခိုင်မှုအတွက် အထောက်အကူပြုတဲ့ လေ့ကျင့်ခန်းများ ထဲကတစ်ခုပဲ ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို လုပ်မယ်ဆိုရင် ကွီးတို့ ခြေထောက်ပါ တင်ပါးအနံအတိုင်းရပ်ပါ။ ပြီးနောက် ကွီးတို့ခြေထောက်ပါ ကွေးလိုက်ပြီး တင်ပါးကို Squat ထိုင်သကဲ့သို့ နှိမ့်ချပါ။ ထို့နောက် လက်များကိုနောက်သို့လွှဲလျက်ခုန်လိုက်ပါ။ အစအနေအထားသို့ ပြန်သွားပြီး ထိုကဲ့သို့ ထပ်ခါ ထပ်ခါ လုပ်သွားပေးပါ။
လေ့ကျင့်ခန်း (၄) Jumping Lunge
Photo : Men’s Health
ထပ်ပြီးဖော်ပြချင်တဲ့ လေ့ကျင့်ခန်းကတော့ Jumping Lunge ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကလည်း ကွီးတို့ရဲ့ ဝမ်းဗိုက် ကြွက်သားများကို အလုပ်ပေးတဲ့အတွက် ကွီးတို့ရဲ့ ဝမ်းဗိုက်အဆီကို ကျစေဖို့ ပြုလုပ်သင့်ပါတယ်။ ဒီလေ့ကျင့်ခန်းကို စလုပ်မယ်ဆိုရင် ကွီးတို့ နောက်ဒူးကို ကြမ်းပြင်နဲ့ ထိလုထိခင် ကွေးထားပါ။ ရှေ့ခြေထောက်ကို ၉၀ ဒီဂရီ ကွေးထားပါ။ ထို့သို့ဖြင့် စတင်သည့် အနေအထားသို့ ပြန်သွားပြီး ဘယ်တစ်လှည့်၊ ညာတစ်လှည့်စီ ပြုလုပ်ပေးပါ။
ကွီးတို့ရေ အခုဖော်ပြပေးလိုက်တာကတော့ ဗိုက် အဆီကျစေဖို့ အိမ်မှာဖြစ်စေ၊ Gym မှာပဲဖြစ်စေ အကူကိရိယာမလိုဘဲ အလွယ်တကူ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းများ ပဲဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေသာမက ကွီးတို့ကြိုက်နှစ်သက်ရာ လေ့ကျင့်ခန်းများကို တစ်နေ့လျှင် နာရီဝက်ခန့် ပြုလုပ်ပေးခြင်းဖြင့် ကျန်းမာရေးအတွက် များစွာ အထောက်အကူပြုစေမှာပါ။
Source : Men’s Health
Featured Photo : Eathis