ဗီယက်နမ် နိုင်ငံက ကျွန်တော်တို့ရဲ့ အိမ်နီးချင်းနိုင်ငံတစ်ခုပါ။ ကွီးတို့အနေနဲ့ အာရှတိုက်ထဲမှာ နီးနီးနားနား ပြည်ပခရီးထွက်ချင်တယ်ဆိုရင် ဗီယက်နမ်နိုင်ငံက ထည့်သွင်းရွေးချယ်စရာ နေရာတစ်ခုပါပဲ။ ဗီယက်နမ်မှာ သဘာဝတရားကြီးက ပေးထားတဲ့ အုံ့ဆိုင်းနေတဲ့ တောင်များ၊ ပြောင်လက်တောက်ပနေသော စပါးခင်းများနှင့် ဗီယက်နမ်မြောက်ပိုင်းရဲ့ စွဲမက်ဖွယ်ကောင်းသော ရေတံခွန်များ၊ သဲဖြူဖြူဖွေးဖွေးနဲ့ ပင်လယ်ကမ်းခြေများက တကယ်ကို ကမ္ဘာလှည့်ခရီးသွားများကို ဆွဲဆောင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ကွီးတို့ကို ဗီယက်နမ်နိုင်ငံ ရဲ့ လည်ပတ်ရန် အကောင်းဆုံးသော နေရာများ ကိုဖော်ပြပေးချင်ပါတယ်။
(၁) Sapa & the Tonkinese Alps

Photo : Wayfairer
မြင့်မားသော Tonkinese Alps ကြားတွင် တည်ရှိနေသော Sa Pa ရဲ့ ပြင်သစ်တောင်ကုန်းစခန်းငယ်က တကယ်ကို ရင်သပ်ရှုမောဖွယ် ရှုခင်းများနဲ့ ကွီးတို့ကို စောင့်ကြိုနေမှာပါ။ ဒါ့အပြင် H’mong နှင့် Dao တောင်ပေါ်သားများရဲ့ ရိုးရာယဉ်ကျေးမှုကိုလည်း တစေ့တစောင်းကြည့်ရှုလေ့လာလို့ ရပါတယ်။ ဒီဒေသက ဗီယက်နမ်ရဲ့ အနောက်မြောက်ဘက် ဝေးလံခေါင်သီသောနေရာတွင် တည်ရှိပြီး ရာသီဥတု အနေနဲ့ကတော့ ဒီလို နိုဝင်ဘာလအထိ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံး အချိန်ဖြစ်ပါတယ်။
(၂) Detian-Banyue Falls

Photo : Wayfairer
ဗီယက်နမ် နိုင်ငံမှာရှိတဲ့ Detian-Banyue ရေတံခွန်ဟာ အမှန်တကယ်ကော့ Daxin County ရဲ့ Karst တောင်ကုန်းနှင့် Trung Khanh ခရိုင်ကြားရှိ ရေတံခွန်နှစ်ခု ဖြစ်ပါတယ်။ တရုတ်နှင့် ဗီယက်နမ်နိုင်ငံတို့ကြား အပြည်ပြည်ဆိုင်ရာနယ်စပ်ကို မျှဝေထားသည့် Detian-Banyue ရေတံခွန်က အမှန်တကယ်ကို လှပရုံသာမက တစ်ခါတစ်ရံ မိုးရာသီတွင် ကြီးမားသော ဧရာမရေတံခွန်အဖြစ်သို့ ပြောင်းလဲသွားနိုင်တာဟာ တကယ်ကို အံ့မခန်းပါပဲ။
(၃) Hoi An

Photo : Alexis Jetsets
Hoi An ကတော့ ဗီယက်နမ်နိုင်ငံ ရဲ့ အလယ်ပိုင်းကမ်းရိုးတန်းတွင်တည်ရှိပြီး ကျောက်စရစ်ခဲလမ်းများ၊ ကျဉ်းမြောင်းသော တူးမြောင်းများ၊ တရုတ်ပုံစံ ဈေးဆိုင်များနှင့် ပြင်သစ်-ကိုလိုနီခေတ် အဆောက်အအုံများကြောင့် လက်လွှတ်မခံသင့်တဲ့ နေရာများထဲက တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် Hoi An ရဲ့ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာက ဗီယက်နမ်နိုင်ငံရဲ့ အလှဆုံးမြို့များထဲမှ တစ်ခုဖြစ်ပါတယ်။ ဗီယက်နမ်ကို အလည်အ ပတ်ရောက်ခဲ့ရင် မဖြစ်မနေ လည်ပတ်သင့်တဲ့ နေရာထဲမှာ ထည့်လိုက်ပါ။
(၄) Da Nang

Photo : Bored Panda
ဗီယက်နမ်အလယ်ပိုင်းရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် Da Nang ကလည်း သဘာဝအလှတရားများ၊ ယဉ်ကျေးမှုများနဲ့ ခရီးသွားများနဲ့ ဆွဲဆောင်လျက်ရှိပါတယ်။ ဒါ့အပြင် နာမည်ကြီး နေရာတစ်ခုဖြစ်တဲ့ ရွှေတံတားကြီးကို ထမ်းဖို့ တောင်ပေါ်ကနေ ထွက်လာတဲ့ ဧရာမကျောက်လက်ကြီးများနဲ့ Golden Bridge Hand ကိုလည်း ကွီးတို့အနေနဲ့ လက်လွှတ်မခံသင့်ပါဘူး။

Photo : KKday Blog
ဒါ့အပြင် Da Nang မှာပဲ ကမ္ဘာ့အရှည်လျားဆုံး ကေဘယ်လ်ကားနဲ့ ဥရောပမြို့ဟောင်း ပုံစံဖန်တီးထားတဲ့ ဒဏ္ဍာရီပုံဆန်ဆန် အံ့ဩဖွယ်ကောင်းသော Ba Na Hills Sunworld ကိုလည်း သွားရောက် လည်ပတ်ဖို့ မမေ့ပါနဲ့။
(၅) Mui Ne Sand Dunes

Photo : Viet Fun Travel
ဗီယက်နမ်နိုင်ငံ ရဲ့ လည်ပတ်ရန် အကောင်းဆုံးသော နေရာများ များထဲမှာ နိုင်ငံရဲ့ တောင်ဘက်ကမ်းရိုးတန်းတွင်ရှိတဲ့ နိုင်ငံပိုင်ဆာဟာရသဲကန္တာရလည်း အပါအဝင်ဖြစ်ပါတယ်။ တကယ်ကိုလှပပြီး ရင်သပ်ရှုမောကောင်းသော မြင်ကွင်းကို ခံစားရမှာ ဖြစ်ပါတယ်။ Mui Ne က ဗီယက်နမ်နိုင်ငံရဲ့ အခြောက်သွေ့ဆုံးနေရာများထဲမှ တစ်ခုဖြစ်ပြီး တစ်နှစ်ပတ်လုံးသာယာသောရာသီဥတု ရှိတာကြောင့် ဘယ်အချိန်မဆို သွားရောက်လည်ပတ်လို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်ပါတယ်။
Source : Wayfairer
Featured Photo : Vietnamonline
