ဦးခေါင်းပေါ်တွင် ဗောက်ထခြင်းသည် ဦးရေပြားပြဿနာတစ်ခုဖြစ်ပြီး ကိုယ့်ရဲ့ပုံပန်းသွင်ပြင်ကို ထိခိုက်စေနိုင်ပါတယ်။ အနက်ရောင်နှင့် အရောင်ရင့်ရင့်အင်္ကျီများ မဝတ်ဆင်ရဲလောက်အောင် အလှဖျက်နေကြတဲ့ ဗောက်ပြဿနာကြောင့် စိတ်ညစ်နေပါသလား။ ဗောက်ထ လို့ စိတ်ညစ်နေတဲ့ ကွီးတို့အတွက် အိမ်တွင်း နည်းလမ်းကောင်းများရှိပါတယ်။

ဗောက်ထရခြင်း အကြောင်းအရင်းများက ဘာ့ကြောင့်ဖြစ်မလဲ

ဗောက်ထ အိမ်တွင်း

ဗောက်ထခြင်းသည် မှိုရောဂါတစ်မျိုးဖြစ်ပြီး သူသည် ဦးရေပြားပေါ်တွင် နေထိုင်ကာ ဦးရေပြားအဆီများကို စုပ်ယူသောက်သုံးနေတာဖြစ်ပါတယ်။ အချို့သော ကိုယ်ခံအား နည်းသူများတွင် အဖြစ်များလေ့ရှိပါတယ်။ ကြီးမားလှသော ပြဿနာကြီးတစ်ရပ်မဟုတ် လူအများကြား သွားလာရတဲ့အခါ၊ လူရှေ့ထွက်ပြီး မီတင်များ၊ ဟောပြောပွဲများ တက်ရောက်ကာ စကားထွက်ပြောတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် ပျောက်ဆုံးသွားနိုင်ပါတယ်။

ခေါင်းမှန်မှန် မလျော်ခြင်း

ဗောက်ထ အိမ်တွင်း

သင်သည် အချိန်အကြာကြီး ခေါင်းမလျော်တဲ့အခါ ဦးရေပြားပေါ်တွင် အဆီများ စုဝေးလာကြပါတယ်။ ဒီလိုနဲ့ ဗောက်ထစေတဲ့ ဘက်တီးရီးယားများသည် ထိုဆီများကို စားသုံးကာ တဖြည်းဖြည်း စုပုံလာပြီး ဗောက်ထခြင်း ပြဿနာကို ရင်ဆိုင်ကြုံတွေ့ရတာဖြစ်ပါတယ်။

ရာသီဥတု ခြောက်သွေ့တဲ့အတွက်ကြောင့်

ဗောက်ထ အိမ်တွင်း

ဆောင်းရာသီလို အချိန်ကာလများတွင် အသားအရေသည် ခြောက်သွေ့နေတဲ့အချိန်ဖြစ်ပါတယ်။ လူအများသည် ထိုအချိန်တွင် ဗောက်ပိုထလွယ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ထိုကဲ့သို့ အသားအရေ ခြောက်သွေ့တဲ့ အချိန်ကာလမျိုးမှာ အသားအရေကို အစိုဓာတ်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။ ဆံကေသာနဲ့ ဦးရေပြားကိုလည်း အစိုဓာတ် ဖြည့်တင်းပေးဖို့ မမေ့သင့်ပါဘူး။

ရာသီဥတု စိုစွတ်လို့

ဗောက်ထ အိမ်တွင်း

ဦးရေပြား မိုးစိုရခြင်းသည်လည်း ဗောက်ထရခြင်း အကြောင်းအရင်းတစ်ခုပဲဖြစ်ပါတယ်။ ဒါ့ကြောင့် မိုးရွာတဲ့အချိန်မှာ မိုးစိုခံလို့လည်း မရပါဘူး။ အနည်းဆုံး ထီးနှင့် ဦးထုပ်များ ယူသွားသင့်ပါတယ်။

မိမိဦးရေပြားနဲ့ မတည့်တဲ့ ဆံကေသာထုတ်ကုန်ပစ္စည်းများ အသုံးပြုခြင်း

ဗောက်ထ အိမ်တွင်း

မိမိသုံးတဲ့ ခေါင်းလျှော်ရည်များ၊ Conditioner များ ဆံပင်ပေါင်းဆေးများသည်လည်း ကိုယ့်ရဲ့ဦးရေပြားနဲ့ မတည့်တဲ့အခါမှာ ဗောက်ပြဿနာများကို ကြုံတွေ့ရတတ်ပါတယ်။ သုံးနေကြ ခေါင်းလျှော်ရည်နဲ့ မတည့်ဘဲ အလွန်အမင်းယားယံလာပါက ထိုခေါင်းလျှော်ရည် အသုံးပြုခြင်းကို ရပ်တန့်သင့်ပါတယ်။

အထက်ဖော်ပြပါ အကြောင်းအရာများထဲမှ တစ်ခုခုကြောင့် ဗောက်ထ တဲ့အခါ အခုဖော်ပြပေးမယ့် အိမ်တွင်း နည်းလမ်းကောင်းများကို အသုံးပြုနိုင်ပါတယ်။

ဗောက်ပျောက်ခေါင်းလျှော်ရည် အသုံးပြုပါ

ဗောက်ထ အိမ်တွင်း

ဈေးကွက်ထဲမှာ ဗောက်ပျောက် ခေါင်းလျှော်ရည်များ အများအပြားရှိပါတယ်။ ထိုခေါင်းလျှော်ရည်များထဲကမှ ကိုယ်နဲ့ အသင့်တော်ဆုံး၊ အတည့်ဆုံး ခေါင်းလျှော်ရည်ဘရန်းတစ်မျိုးကို စွဲစွဲမြဲမြဲအသုံးပြုလိုက်ပါ။ ဗောက်ထခြင်းများ တဖြည်းဖြည်း သိသိသာသာကျဆင်းသွားမှာပဲဖြစ်ပါတယ်။

ခေါင်းကို အပတ်စဥ် သန့်ရှင်းရေးလုပ်ပါ

ဗောက်ထ အိမ်တွင်း

သင့်ရဲ့ ဆံကေသာကို နေ့စဥ်နေ့တိုင်း လျှော်နေစရာမလိုပါဘူး။ တကယ်တော့ နေ့စဥ် နေ့တိုင်းခေါင်းလျှော်ခြင်းသည်လည်း ဆံကေသာကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်ခန့်အထိ ပုံမှန် ခေါင်းလျှော်ပေးသင့်ပါတယ်။ ဒါမှသာလျှင် ဦးရေပြားပေါ်မှာ အဆီများ ကပ်ငြိမနေမှာဖြစ်ပါတယ်။ တကယ်လို့ ဗောက်က သိသိသာသာ မလျော့ကျသေးဘူးဆိုရင်ေတာ့ တစ်ပတ်လျှင် သုံးကြိမ်ခန့် အကြိမ်ရေတိုးပြီး ခေါင်းလျှော်သင့်ပါတယ်။

ရှားစောင်းလက်ပတ် များများအသုံးပြုပါ

ဗောက်ထ အိမ်တွင်း

ရှားစောင်းလက်ပတ်သည် အသားအရေအတွက် အစွမ်းအထက်ဆုံးအရာတစ်ခုပဲဖြစ်ပါတယ်။ ခေါင်းလျှော်ပြီးပြီဆိုတာနဲ့ ဦးရေပြားပေါ်သို့ ရှားစောင်းလက်ပတ် အနည်းငယ် သုတ်လိမ်းပေးလိုက်ပါ။ တစ်လခန့်ကြာတဲ့အခါ သိသာတဲ့ရလာဒ်ကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။ ဗောက်ထတဲ့ ကွီးတို့အတွက် အကောင်းဆုံး အိမ်တွင်း နည်းလမ်းများထဲက တစ်ခုပဲဖြစ်ပါတယ်။

ဗောက်ထခြင်းကို အားပေးသော အစားအစာများကို ရှောင်ကြည်ပါ

Tips for Dandruff

အချို့သော အစားအစာများသည် အသားအရေပေါ်တွင် အဆီဓာတ်များ ပိုမိုထုတ်လုပ်အောင် လှုံ့ဆော်ပေးပါတယ်။ ထို့ကြောင့် အဆီ ထုတ်လုပ်မှုကို အားပေးတဲ့ အစားအစာများကို ရှောင်ကြည်သင့်တာပဲဖြစ်ပါတယ်။ ဘယ်လိုအစားအစာများလဲဆိုတော့ …

  • သကြားဓာတ် လွန်ကဲသော အစားအစာများ၊ အချိုရည်များ
  • အကြော်အလှော်များ၊ ကြာရှည်ခံအစားအစာများ
  • အနီရောင်ရှိသော အသားများ အစရှိတဲ့ အစားအစာများပဲဖြစ်ပါတယ်။

ရေဓာတ်ဖြည့်တင်းပေးသော ခေါင်းလျှော်ရည်များကိုလည်း တစ်လှည့်စီ အသုံးပြုပါ

Tips for Dandruff

သင့်ရဲ့ဦးရေပြားသည် ဗောက်ပျောက်ခေါင်းလျှော်ရည်အချို့ကို အသားကျသွားပြီး ဗောက်ပြန်ထတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ဗောက်ပျောက်ခေါင်းလျှော်ရည်ကို တစ်လှည့်အသုံးပြုပြီး အစိုဓာတ် ထိန်းပေးတဲ့ Hydrating Shampoos များကိုလည်း တစ်လှည့်စီ အသုံးပြုပေးရမှာဖြစ်ပါတယ်။

အိုမီဂါ သရီး  Fatty Acids များ မှီဝဲပါ

Tips for Dandruff

အဆီဓာတ် ထုတ်လုပ်ခြင်းကို လှုံ့ဆော်တဲ့ အစားအစာများကို ရှောင်ကြည်သင့်ပြီး အိုမီဂါ သရီး Fatty Acids ဓာတ် ကြွယ်ဝတဲ့အစားအစာများကိုတော့ များများစားသုံးသင့်ပါတယ်။ ဆော်လမွန်ငါးများ၊ အခွံမာသီးများ၊ သစ်ကြားသီးများ အစရှိတဲ့ အစားအစာများကိုလည်း များများစားသုံးသင့်ပါတယ်။

အုန်းဆီ အသုံးပြုပါ

Tips for Dandruff

ခေါင်းလျှော်ခါနီး တစ်နာရီလောက်အလိုမှ အုန်းဆီ လက်ဖက်ရည်ဇွန်း ၃ ဇွန်းမှ ၅ ဇွန်းခန့်ကို ဦးရေပြားပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် တစ်နာရီပြည့်အောင် စောင့်ဆိုင်းပြီးနောက် ခေါင်းလျှော်ရည်ဖြင့် ခေါင်းလျှော်လိုက်ပါ။

ပန်းသီးရှာလကာရည် အသုံးပြုပါ

Tips for Dandruff

ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေ အနည်းငယ်ဖြင့် သမအောင် ရောမွှေလိုက်ပါ။ ထို့နောက် ဦးရေပြားပေါ်တွင် သုတ်လိမ်းပေးလိုက်ပါ။ ထို့နောက် ၁၅ မိနစ်ခန့် နှပ်ထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ချလိုက်ပါ။ ဒီနည်းလမ်းသည်လည်း ထိရောက်မှုရှိတဲ့ အိမ်တွင်း နည်းလမ်းကောင်းတစ်ခုပဲဖြစ်ပါတယ်။

သံပုယိုရည် အသုံးပြုပါ

Tips for Dandruff

ညအိပ်ရာ ဝင်ခါနီးမှာ သံပုယိုရည် လက်ဖက်ရည်ဇွန်း ၂ ဇွန်းကို ဦးရေပြားပေါ်တွင် သုတ်လိမ်းလိုက်ပါ။ ထို့နောက် ဆံကေသာကို Shower Cap ဖြင့် အုပ်ထားလိုက်ပါ။ မနက်မိုးလင်းမှ ခေါင်းလျှော်ချလိုက်ပါ။ တစ်ပတ်လျှင် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ပြုလုပ်ပေးရုံမျှဖြင့် ဗောက်များ သိသိသာသာပျောက်ကင်းသွားမှာပဲဖြစ်ပါတယ်။

Source: Stryx

Featured Image: Healthline