ဘတ်စကတ်ဘောဟာ ကမ္ဘာတစ်ဝှမ်းမှာ လူကြိုက်များတဲ့ အားကစားတစ်မျိုးပါ။ အသက်အရွယ်မရွေး အပျော်သဘောဖြစ်စေ၊ ဝါသနာရှင်အဆင့်ဖြစ်စေ၊ ပရော်ဖက်ရှင်နယ် အနေနဲ့ဖြစ်စေ ကစားလို့ ရပါတယ်။ ဘတ်စကတ်ဘော ကစားခြင်းဟာ ခွန်အား၊ ညှိနှိင်းမှုနဲ့ ကြွက်သားခံနိုင်ရည်အား၊ ပေါင်းသင်းဆက်ဆံရေးတိုးတက်မှု စသည်တို့ တိုးတက်ကောင်းမွန်စေရန် အကောင်းဆုံးနည်းလမ်းပါပဲ။ ဘတ်စကက်ဘော ကစားခြင်းဟာ ကိုယ်ခန္ဓာ ကျန်းမာခြင်း၊ အရိုးအဆစ်များ ကြံ့ခိုင်သန်စွမ်းခြင်း၊ စတဲ့အကျိုးကျေးဇူးတွေ အများကြီးရတယ်ဆိုတာ အားလုံးသိပြီးသားဖြစ်ပါတယ်။ ထို့အပြင် ဘတ်စကတ်ဘော ကစားခြင်း က ကျန်းမာရေးအပြင် အခြားကြီးမားတဲ့ အကျိုးကျေးဇူးများ လည်း ရရှိပါတယ်။ ထိုအကျိုးကျေးဇူးတွေကို ကွီးတို့အတွက် ဗဟုသုတအနေနဲ့ မျှဝေပေးလိုက်ပါတယ်။
(၁) အာရုံစူးစိုက်မှုနဲ့ ဦးနှောက် စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာစေခြင်း
Photo : Fine Art America
ဘတ်စကတ်ဘော ကစားခြင်း မှ ကျန်းမာရေးအပြင် အခြားရရှိနိုင်သော အကျိုးကျေးဇူးများထဲက ပထမဆုံး တစ်ခုကတော့ ကွီးတိုရဲ့ အာရုံစူးစိုက်မှုနဲ့ ဦးနှောက် စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်လာစေခြင်းပဲ ဖြစ်ပါတယ်။ ဘတ်စကတ်ဘော ကစားတဲ့အခါ ကစားသမားဟာ မိမိ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေတယ် ဆိုတာကို အမြဲသတိရှိနေရပါမယ်။ ဒါက ကစားသမားရဲ့ စိတ်အာရုံစူးစိုက်မှုကို အထူးအားကောင်းစေပါတယ်။
ထို့အပြင် အခြားကစားသမားများရဲ့ တည်နေရာနှင့်လှုပ်ရှားမှု ၊ ထို့နောက် ဘတ်စကတ်ဘော ဘောလုံးရဲ့ ရွေ့လျားမှုတို့ကို ကြည့်ပြီး ကစား သမားဟာ မိမိရဲ့ နောက်ဆက်တွဲလုပ်ဆောင်ရမည့် လှုပ်ရှားမှုများ ကိုလည်း အဆက်မပြတ် သတိထားလုပ်ဆောင် နေရပါမယ်။ ကစားပွဲအတွင်း မိမိရဲ့ဆုံးဖြတ်ချက်များကို စက္ကန့်ပိုင်းအတွင်း ပြုလုပ်ရမည်ဖြစ်ပြီး အခြား ပြိုင်ဘက်ကစားသမား များကိုလည်း တိကျလျင်မြန်စွာ တုံ့ပြန်ရန် လိုအပ်ပါတယ်။ ဘတ်စကတ်ဘော ကစားခြင်းဟာ ကစားသမားရဲ့ ထိုကဲ့သို့သော ခန္ဓာကိုယ် လှုပ်ရှားမှု နှင့် ဦးနှောက်မှ အာရုံကြောစနစ်များ အဆက်မပြတ် လှုပ်ရှားရခြင်းတို့ကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကို လေ့ကျင့်ပေးနေသလို ဖြစ်စေပြီး တိုးတက်ကောင်းမွန် စေပါတယ်။
(၂) Motors Skills များတိုးတက်လာခြင်း
Photo : Pinterest
ဘတ်စကတ်ဘော ကစားခြင်း က ဘတ်စကတ်ဘော ကစားသမားများရဲ့ Motors Skills နဲ့ တစ်ဦး နဲ့ တစ်ဦး ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်ပေးပါတယ်။ Motors Skills ဆိုသည်မှာ ပြေးခြင်း၊ စက်ဘီးစီးခြင်း စသော တိကျသောလုပ်ငန်း တာဝန်တစ်ခုဆောင်ရွက်ရန် ခန္ဓာကိုယ် ၏ ကြွက်သားများရဲ့ လှုပ်ရှားမှုများပါ၀င်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။ ဒီစွမ်းရည်ကို စွမ်းဆောင်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ အာရုံကြောစနစ်၊ ကြွက်သား၊ ဦးနှောက် စသော အစိတ်အပိုင်း အားလုံးဟာ အတူတူအလုပ်လုပ်ဖို့ လိုအပ်ပါတယ်။ ထို စွမ်းရည်တွေဟာ ဘတ်စကတ် ဘော ကစားခြင်းဖြင့် တိုးတက်ဖွံဖြိုးလာပါတယ်။ ဤကဲ့သို့ စွမ်းရည်တွေကို မိမိ ဘဝရဲ့ တခြားကဏ္ဍတွေမှာပါ အသုံးချလာနိုင်တဲ့အခါ ဘဝမှာ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး နှင့် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွေမှာပါ တိုးတက်ကောင်းမွန်မှုတွေ ရှိနေတာကို တွေ့ရပါလိမ့်မယ်။
(၃) Confident နဲ့ Personal Value တိုးတက်လာခြင်း
Photo : Create Vista
ဘတ်စကတ်ဘော ကစားခြင်း က ကစားပွဲမှာ ရတဲ့အောင်မြင်မှုတွေ၊ အတွေအကြုံတွေ၊ အသင်းအဖွဲ့နဲ့ပူးပေါင်း ဆောင်ရွက်တတ်မှုတွေ၊ တိုးတက်ကောင်းမွန်လာတဲ့ ပေါင်းသင်းဆက်ဆံရေးတွေကြောင့် ကစားသမားရဲ့ Confident နဲ့ Personal Value တိုးတက်စေရန် ကူညီပေးပါတယ်။ Confident နဲ့ Personal Value တိုးတက်လာခြင်း ကွီးတို့လုပ်ငန်းခွင်မှာပါ ကောင်းမွန်သော အကျိုးသက်ရောက်မှုတွေနဲ့ အောင်မြင်မှုများကိုပါ ရရှိစေမှာ ဖြစ်ပါတယ်။ အိပ်စက်ခြင်း အလေ့အထကိုလည်း တိုးတက်ကောင်းမွန်စေပြီး စိတ်ဖိစီးမှု နဲ့ စိုးရိမ်ပူပန်မှုကိုလည်း လျှော့ချပေးပါတယ်။ ထို့ကြောင့် မိမိတို့ရဲ့ လူနေမှုဘဝမှာ ပိုမိုပေါ့ပါး အဆင်ပြေလာစေပါတယ်။
(၄) စိတ်ကို ပျော်ရွှင်စေခြင်း
Photo :n Create Vista
ဘတ်စကတ်ဘော ကစားခြင်း မှ ကျန်းမာရေးအပြင် အခြားရရှိနိုင်သော အကျိုးကျေးဇူးများ ထဲက နောက် တစ်ခုကတော့ စိတ်ကိုပျော်ရွှင်စေတာပဲဖြစ်ပါတယ်။ ဘတ်စကတ်ဘော ကစားတဲ့အခါ ဦးနှောက်က Dopamine နဲ့ Endorphins လိုမျိုး ‘ကောင်းမွန်သောခံစားမှု’ ကိုပေးစွမ်းသည့် ဟော်မုန်းတွေကို ထုတ်လွှတ်ပါလိမ့်မယ်။ ထိုဟော်မုန်းတွေကြောင့် ဘတ်စကတ်ဘော ကစားခြင်း ကို နှစ်သက်စေပြီး စိတ်ပျော်ရွှင်မှုနဲ့ ပေါ့ပါးလွတ်လပ်မှုကိုပါ တပြိုင်နက်တည်း ခံစားရစေပါတယ်။
ကဲ ကွီးတို့ရေ ဘတ်စကတ်ဘော ကစားခြင်းက ကျန်းမာရေးအပြင် ဘက်ပေါင်းစုံကနေ ရရှိတဲ့ အကျိူးကျေးဇူးများ ကိုဖော်ပြပေးလိုက်တာဖြစ်ပါတယ်။ ကွီးတို့လည်း ဘစ်စကတ်ဘော သာမက အခြားမိမိ တို့ ဝါသနာပါရာ အားကစား နည်းတစ်မျိုးမျိုးကို အချိန်ပေးပြီး လုပ်ဆောင်သင့်ပါတယ်။ ကွီးတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ ကျန်းမာပျော်ရွှင်မှုကို အမှန်တကယ်ပင် အထောက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။
Source: TalkBasket.net
Featured Photo : Unlimited