အပြေး လေ့ကျင့်ခန်း ပြုလုပ်ခြင်းသည် နှလုံးအားကောင်းစေပြီး ကိုယ်အလေးချိန်ကျစေကာ အရိုးအဆစ်များကိုလည်း သန်မာစေပါတယ်။ ဒါတင်မကသေးပါဘူး။ အရွယ်မတိုင်မှီ အိုမင်းရင့်ရော်ခြင်းမှလည်း ကာကွယ်ပေးပြီး ဦးနှောက်စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးပါတယ်။ ဒါပေမဲ့ ကွီး တို့အနေနဲ့ အပြေးလေ့ကျင့်ခန်းကို ငြီးငွေ့လာတဲ့အခါ အခုဖော်ပြပေးမယ့် Cardio လေ့ကျင့်ခန်း များကို ပြောင်းလဲပြုလုပ်နိုင်ပါတယ်။ ရရှိမယ့် အကျိုးကျေးဇူးများကတော့ အားလုံးနီးပါး ထပ်ထူကျပါတယ်။

Jumping Jacks

Jumping jacks workout for kwee

Source: Pinterest

အဆင့် (၁) မတ်တပ်ရပ်ကာ လက်နှစ်ဖက်က ခန္ဓာကိုယ် ဘေးတစ်ဖက်တစ်ချက်စီတွင် ကပ်ထားလိုက်ပါ။

အဆင့် (၂) ခြေထောက်နှစ်ဖက်ကို ဘေးသို့ ကားထုတ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ လက်နှစ်ဖက်က အပေါ်သို့ မြှင့်တင်လိုက်ပါ။

အဆင့် (၃) ထို့နောက် မူလအနေအထားအတိုင်း ပြန်နေလိုက်ပါ။

ထိုအဆင့် (၃) ဆင့်ကို တစ်ဆင့်ချင်းစီ အလှည့်ကျ ပြုလုပ်ပေးလိုက်ပါ။ ၁ မိနစ်ခန့် ပြည့်သွားတဲ့အခါမှာတော့ ခဏနားပါ။ နောက်ထပ် ၃ ကျော့ ဆက်လက်ပြုလုပ်ပေးလိုက်ပါ။

Trampoline

trampoline workout for kwee

ဒီလေ့ကျင့်ခန်းကတော့ Trampoline လို့ခေါ်တဲ့ ပစ္စည်းအပေါ်မှာ ခုန်ပေါက်ကာ လေ့ကျင့်ခန်းပြုလုပ်ပေးရမှာဖြစ်ပါတယ်။ ပြေးရတာ ငြီးငွေ့လာတဲ့ နေ့တွေမှာဆိုရင် Indoor အားကစားအဖြစ် ဒီလေ့ကျင့်ခန်းကို ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းက ကွီးတို့ကို သက်လုံကောင်းကာ အမောခံနိုင်စေမှာ ဖြစ်ပါတယ်။ ကွီး တို့အတွက် အပြေးလေ့ကျင့်ခန်း အစား ပြောင်းလဲပြုလုပ်နိုင်တဲ့ Cardio လေ့ကျင့်ခန်း တစ်ခုပဲဖြစ်ပါတယ်။

ကခုန်ခြင်း

ကွီး Cardio လေ့ကျင့်ခန်း

ကရတာ ဝါသနာပါတဲ့ ကွီးတို့ရှိပါသလား။ ဒါဆိုရင်တော့ ကိုယ် ကြိုက်နှစ်သက်ရာ သီချင်းမြူးမြူးလေးတွေဖွင့်ရင်း ကခုန်နိုင်ပါတယ်။

တကယ်လို့ ကိုယ်က အက ဝါသနာပါပေမယ့် တစ်ခါမှ အကမသင်ဖူးဘူးဆိုရင်တော့ YouTube ထဲက အကဗွီဒီယိုလေးတွေအတွက် လွယ်ကူရိုးရှင်းတဲ့ ကကွက်လေးတွေ လိုက်ကြည့်ကာ သီချင်းသံစဉ်အတိုင်း ကခုန်နိုင်ပါတယ်။

ရေကူးခြင်း

ကွီး Cardio လေ့ကျင့်ခန်း

ရေကူးအားကစားကတော့ ချန်ထားလို့မရတဲ့ အားကစားတစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ နာရီဝက်ခန့် မနားမနေ ရေကူးခြင်းအားဖြင့် ကြွက်သားများ သန်မာလာမှာဖြစ်ပြီး ခန္ဓာကိုယ်ကလည်း ကျစ်ကျစ်လျစ်လျစ်နဲ့ ကြည့်ကောင်းလာမှာဖြစ်ပါတယ်။ သို့သော် ရေမကူးခင်မှာ သွေးပူလေ့ကျင့်ခန်းများ၊ အကြောလျော့ လေ့ကျင့်ခန်းများ ပြုလုပ်ပေးဖို့မမေ့ပါနဲ့။ ဒါမှ ရေကူးနေရင်း ကြွက်တက်တာမျိုး မဖြစ်မှာဖြစ်ပါတယ်။

ဘက်စကပ်ဘော၊ ဘော်လီဘောကစားခြင်း

ကွီး Cardio လေ့ကျင့်ခန်း

ဘက်စကပ်ဘော ကစားခြင်း၊ ဘောလီဘောကစားခြင်း၊ ကြက်တောင်ရိုက်ခြင်း၊ တင်းနစ်ရိုက်ခြင်း အစရှိတဲ့ အားကစားများသည် သင့်နှလုံးခုန်မြန်အောင် ကူညီပေးပြီး သင့်ခန္ဓာကိုယ်ရှိ အဆီပိုများကို လောင်ကျွမ်းသွားအောင် ကူညီပေးနိုင်ပါတယ်။ နှစ်ယောက်တည်းဖြစ်စေ၊ အသင်းလိုက်ဖြစ်စေ ဆော့ကစားရတဲ့ အားကစားများဖြစ်တာကြောင့် သင့်လိုမျိုး စိတ်တူကိုယ်တူရှိတဲ့ ဘော်ဒါတစ်ယောက်ယောက်တော့ လိုအပ်ပါလိမ့်မယ်။

ကွီး တို့အတွက် အခုဖော်ပြသွားတဲ့ Cardio လေ့ကျင့်ခန်း များက ကျန်းမာရေးအကျိုးကျေးဇူး မြောက်မြားစွာကို ဆောင်ကျဉ်းပေးနိုင်ပါတယ်။

Source: Vogue

Featured Image: Foodspring