Abs Workouts တွေကတော့ လိုက်ဆော့မယ်ဆို ကုန်နိုင်မှာ မဟုတ်ပါဘူး။ Abs ကစားနည်းပေါင်း သောင်းခြောက်ထောင်လောက်ကို ရှိပါတယ်။ ဒီထဲကမှ Six Pack မာဆယ်လည်း ထွက်ချင်တယ် ၊ ဝမ်းဗိုက်ကြွက်သားတွေရဲ့ Strength နဲ့ Stability ကိုလည်း တိုးချင်တယ်ဆိုရင်တော့ အထိရောက်ဆုံးနဲ့ ဘယ်တော့မှ မရိုးသွားတဲ့ အခုပြောပြမယ့် Abs Workouts တွေကို ကစားပေးလို့ ရပါတယ်။

(၁) High-Tension Plank

High-Tension Plank

Photo : BarBend

ဝမ်းဗိုက်ကြွက်သားတွေအတွက် အထိရောက်ဆုံးနဲ့ အရိုးရှင်းဆုံး လေ့ကျင့်ခန်းကတော့ Plank ပါပဲ။ Plank လေ့ကျင့်ခန်းက အမိုက်စား Abs ကြွက်သားတွေ ထွက်လာစေရုံမကပဲ ဝမ်းဗိုက်ရဲ့ Strength ကို တိုးစေပြီး ခန္ဓာကိုယ်ရဲ့ အခြားသော ကြွက်သား အစိတ်အပိုင်းတွေ အားလုံးကိုပါ တစ်ပြိုင်နက်တည်း ကျစ်လစ်သန်မာလာစေဖို့ ကူညီပေးပါတယ်။

(၂) Bear Crawl

Bear Crawl
Photo : Muscle & Fitness

Bear Crawl ဆိုတဲ့အတိုင်း ဝက်ဝံတွားသွား ပုံစံကစားရမယ့် လေ့ကျင့်ခန်းပါ။ Abs Workouts တွေထဲမှာတော့ နာမည်ကြီးပြီး ထိရောက်မှုအပြည့်ရှိတဲ့ လေ့ကျင့်ခန်းတစ်ခုလို့ ပြောရပါမယ်။ Bear Crawl က ဝမ်းဗိုက်ကြွက်သားတွေကို ကျစ်လစ်သန်မာ လာစေမယ့်အပြင် တွားသွား ပုံစံ ကစားရတဲ့အတွက် ပခုံးနဲ့ တင်ကြွက်သားတွေကိုလည်း ထိရောက်မှု ရှိစေမှာ ဖြစ်ပါတယ်။

(၃) Slow-Motion Mountain Climbers

Slow-Motion Mountain Climbers

Photo : Steel Supplements

Abs Workouts တွေ အကြောင်းပြောရင် Mountain Climbers လေ့ကျင့်ခန်းကတော့ မပါမဖြစ်ပါပဲ။ ဒီလေ့ကျင့်ခန်းက တင်ပါးဆုံနဲ့ ဝမ်းကြွက်သားနှစ်ခုရဲ့ လှုပ်ရှားမှုကို ဟန်ချက်ထိန်းညှိပြီး ကစားရတာ ဖြစ်ပါတယ်။ Runs ၊ Lifts ၊ Jumps အားကစား လုပ်သူတွေအတွက်ပါ သက်လုံနဲ့ ခံနိုင်ရည်ကို တက်စေမှာဖြစ်ပြီး ခပ်ဖြည်းဖြည်း ခပ်နှေးနှေးကစားရတဲ့ Slow-Motion Mountain Climbers လေ့ကျင့်ခန်းက ဝမ်းဗိုက်ကြွက်သားတွေအတွက် စိန်ခေါ်မှုပို ဖြစ်စေပါတယ်။

(၄) Crunch

Crunch

Photo : Men’s Health

Crunch လေ့ကျင့်ခန်း ဝမ်းဗိုက်အတွက် အကောင်းဆုံး Abs Workouts တွေထဲကတစ်ခု ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းက Rectus Abdominis ၊ Obliques ၊ Transversus Abdominis နဲ့ Hip Flexors ကြွက်သား အစိတ်အပိုင်းတွေ အားလုံးကို တစ်ပြိုင်နက်တည်းမှာ အလုပ်လုပ် စေပါတယ်။ ကျစ်လစ်သန်မာတဲ့ ဗိုက်ကြွက်သားတွေနဲ့ Six Pack ထွက်ချင်ရင်တော့ Crunch လေ့ကျင့်ခန်းကို သေချာပေါက် ကစားပေးရပါမယ်။

Source : Men’s Journal

Featured Photo : Men’s Health