ဘောလုံး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ရီးယဲလ် မက်ဒရစ် နဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်ကြီးကတော့ ခုဏလေးကပဲ ပြီးဆုံးခဲ့ပါပြီ။ ရီးယဲလ်က (2-0) ဆိုတဲ့ ပြတ်သားတဲ့ ရလဒ်နဲ့ အနိုင်ရသွားခဲ့ပေမယ့် နှစ်သင်းလုံးရဲ့ ယှဉ်ပြိုင် ကစားပုံကတော့ လုံးဝ အကြိတ်အနယ် ရှိခဲ့ပြီး ခြေစမ်းပွဲ တစ်ပွဲထက် ပိုမိုတဲ့ ဖျော်ဖြေမှုမျိုးကိုလည်း ပေးနိုင်ခဲ့ပါတယ်။

bellingham

Photo Credit : Real Madrid Twitter

ပွဲမစခင်မှာ ယူနိုက်တက်က လူငယ်လေး မိုင်နူး နဲ့ ရီးယဲလ် ကစားသမားသစ် အင်္ဂလန် ကြယ်ပွင့် ဘယ်လင်ဟမ်တို့ ကွင်းလယ်မှာ အားပြိုင်ကြမယ်လို့ ထင်ထားခဲ့ရပေမယ့်လည်း တကယ်တမ်းမှာတော့ ပွဲအစ (၅)မိနစ်လေးမှာပဲ မိုင်နူးက ဒဏ်ရာ ရသွားခဲ့လို့ ပွဲကို ဆက်လက် မကစားနိုင်တော့သလို ဘယ်လင်ဟမ်ကလည်း မိုင်နူး ဒဏ်ရာရပြီး သိပ်မကြာခင်လေးမှာပဲ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးက လူကျွံထောင်ခြောက်ကနေ သွင်းယူခဲ့တာဖြစ်ပြီး ဘယ်လင်ဟမ်အတွက်တော့ ရီးယဲလ် ကစားသမားဘဝရဲ့ ပထမဆုံးဂိုးလည်း ဖြစ်လာခဲ့ပါတယ်။

joselu

Photo Credit : Real Madrid Twitter

စောစောစီးစီး ဂိုးပေးလိုက်ရပြီးနောက် နှစ်သင်းလုံး ပွဲကို အကြိတ်အနယ် ရှိစွာ ပိုမို ကစားလာခဲ့လာလို့ ပွဲက ပိုပြီး ကြည့်ကောင်းလာခဲ့သလို နှစ်သင်းလုံးအတွက်လည်း အခွင့်အရေးတွေ ရရှိခဲ့ပါတယ်။ ဒုတိယပိုင်းမှာ နှစ်သင်းလုံး ကစားသမား အပြောင်းအလဲတွေ လုပ်ဆောင်ပြီး နောက်မှာပါ ပွဲရဲ့ tempo က မကျဆင်းသွားပဲ ပွဲပြီးခါနီးမှာတော့ ရီးယဲလ်ရဲ့ ကစားသမားသစ် ဟိုဆေးလူက bicycle kick နဲ့ ပွဲသိမ်းဂိုးကို လှလှပပ ထပ်မံ သွင်းယူနိုင်ခဲ့ပြန်ပါတယ်။

varane onana

Photo Credit : Twitter

ဒါကြောင့် ဒီပွဲမှာ ရီးယဲလ် ကစားသမားသစ် နှစ်ဦးဖြစ်တဲ့ ဘယ်လင်ဟမ် ဟိုဆေးလူတို့ သွင်းဂိုး ဈေးဦးပေါက်ခဲ့ရသလို ဒီပွဲမှ ယူနိုက်တက်နဲ့ ပွဲထွက်ခဲ့ရတဲ့ အိုနာနာပါ ရီးယဲလ်ဘက်ကို ဂိုး (၂)ဂိုးပေးပြီး ဈေးဦးပေါက်သွားခဲ့ပါတယ်။ ဒါပေမယ့် အိုနာနာ ခွင့်ပြုခဲ့ရတဲ့ ပထမဂိုးက လူကျွံအနေအထား ရှိနေသလို ဒုတိယဂိုးကလည်း ကာကွယ်ရ ခက်ခဲနိုင်တဲ့ ကန်ချက် ဖြစ်နေလို့ ခွင့်ပြုပေးခဲ့ရတာဖြစ်ပြီး ဂိုးတွေ ပေးခဲ့ရပေမယ့်လည်း အိုနာနာက စိတ်ပျက်စရာ မဖြစ်အောင်တော့ စွမ်းဆောင်နိုင်ခဲ့ပါတယ်။