မိန်းကလေးတွေဟာ တစ်ခါတစ်ရံမှာ ခန့်မှန်းရသိပ်ခက်ပေမယ့် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေချတဲ့အခါမှာတော့ ပြဿနာတွေကို အထပ်ထပ်အခါခါ စဉ်းစားတတ်ကြလေ့ ရှိကြပါတယ်။ နှစ်ဦးသား ဆက်ဆံရေးမှာ အဖုအထစ် အဖာအထေးတွေ ရှိလာခဲ့ရင်တောင် လမ်းခွဲဖို့ထက် အချိန်မှီပြင်ဆင်ဖို့ကို ဦးစားပေးရွေးချယ် တက်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်ကန့်သတ်ချက်နဲ့ မာနတွေ ရှိနေတယ်ဆိုတာကိုလည်း မေ့ထားလို့မရပါဘူး။ သူတို့လက်ခံနားလည်ပေးနိုင်တဲ့ ကန့်သတ်ချက်တွေကို ကျော်လွန်လာပြီဆိုရင် အဆုံးသတ်ခြင်းနဲ့ စွန့်ခွာခြင်းလမ်းကို ရွေးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာတော့ မိန်းကလေးတွေကို လမ်းခွဲဖို့ဖြစ်လာစေတဲ့ အကြောင်းအရင်းတွေ ၊ ကွီးတို့ကို ဘယ်အရာတွေက ဆော်ပစ်ကောင် ဖြစ်စေလဲဆိုတဲ့ အကြောင်းအရင်းတွေကို ဆွေးနွေးပေးချင်ပါတယ်။

(၁) အချိန်တိုင်း ဖိုက်နေရပြီဆိုရင်

Couple In A Fight

Photo : Marriage Missions

ချစ်သူစုံတွဲတိုင်းမှာ ပြဿနာဆိုတာ ကိုယ်စီရှိကြတာပါပဲ။ ဒါပေမယ့် တရားခွင်ကြီးတစ်ခုလို အမြဲတမ်းနီးပါး အော်ဟစ်ငြင်းခုန်နေရမယ် ၊ စိတ်ဆိုးစိတ်ညစ်တွေ ဖြစ်နေရမယ် ၊ အာရုံနောက်စရာတွေ အမြဲဖြစ်နေမယ် ၊ လက်ဝှေ့ကြိုးဝိုင်းတစ်ခုထဲ ရောက်နေသလို အမြဲတမ်းအပြန်အလှန်ထိုးသတ်နေရမယ်ဆိုရင် ဒီ Relationship ကို အဆုံးသတ်ဖို့ ရွေးချယ်လာတော့မှာ အနည်းနဲ့အမြန်ပါပဲ။ တစ်ယောက်ကိုတစ်ယောက် ဓားသွားထက်စူးရှတဲ့ စကားလုံးတွေ ၊ တိုက်ပွဲတွေအပြီးမှာ မျက်ရည်တစ်စက်က မြစ်တစ်စင်းလို ဖြစ်သွားပြီး ပူနွေးတဲ့နွေလေက အေးစက်တဲ့လေအဖြစ် ပြောင်းလဲသွားတက်ပါတယ်။ ဒါတွေရဲ့ အဆုံးသတ် ရလဒ်ဟာ လမ်းခွဲခြင်းမှတပါး အခြားမရှိနိုင်ပါဘူး။

(၂) သူမအတွက် အချိန်မပေးနိုင်ဘူးဆိုရင်

Couple In A Fight

Photo : QuotesGram

မိန်းကလေးတိုင်းဟာ သူတို့ရဲ့ချစ်သူကောင်လေးအတွက် အရေးကြီးဆုံး မဟုတ်ရင်တောင် ဦးစားပေး နေရာမှာ ရှိချင်ကြပါတယ်။ ကိုယ့်ကောင်လေးရဲ့ တစ်ရက်တာ အချိန်ဇယားထဲမှာ အနည်းဆုံး နေရာတစ်ခုတော့ သီးသန့်ရချင်ကြတာပါ။ ဒီလိုမှမဟုတ်ပဲ အလုပ်ချည်းဖိလုပ်နေမယ် ၊ တခြား ဘော်ဒါအပေါင်းအသင်းတွေကိုပဲ အချိန်ပေးနေမယ် ၊ သူမအတွက် သီးသန့်အချိန်ပေးတယ်ဆိုတာ မရှိဘူးဆိုရင် အချိန်ကြာလာတာနဲ့ ကွီးတို့ရဲ့ အနာဂတ်အစီအစဉ်တွေ ထဲမှာ သူမ,မရှိဘူးလို့ ခံစားလာရပြီး ကွီးတို့ကို အနှေးနဲ့အမြန် လမ်းခွဲလာမှာ ဖြစ်ပါတယ်။

(၃) သူမကပဲ အမြဲဦးဆောင်နေရတယ်ဆိုရင်

Couple In A Fight

Photo : Comprehensive MedPsych Systems

ထက်မြက်ပါတယ်ဆိုတဲ့ မိန်းမတွေတောင် ကိုယ့်ချစ်သူကောင်လေးရဲ့ ဦးစီးဦးဆောင်မှုကို လိုချင်ကြတာပါပဲ။ မိန်းကလေးတွေဟာ သူတို့ကိုယ်တိုင် စွယ်စုံကြမ်းဖြစ်ချင်တာမဟုတ်ပဲ စွယ်စုံကြမ်းတစ်အုပ်ကို ပိုင်ဆိုင်ချင်ကြတာပါ။ ဒါကြောင့် နေရာတိုင်း ၊ ကိစ္စတိုင်းမှာ သူမကပဲ ဦးဆောင်နေရတယ် ၊ ဆွဲခေါ်နေရတယ် ၊ ဆုံးဖြတ်ချက်တွေချနေရတယ်ဆိုရင် ကြာလာတာနဲ့ အဲ့ဒီ ချစ်သူလက်တွဲဖော် အမျိုးသားအပေါ် လေးစားမှု ၊ အထင်ကြီးမှုတွေ လျော့လာမှာ ဖြစ်ပြီး လမ်းခွဲဖို့ကို တွန်းအားဖြစ်လာ နိုင်ပါတယ်။ မိန်းကလေးတွေက သူမချည်း အမြဲဦးဆောင်နေရတာမျိုးကို လုံးလုံးနှစ်သက်ပျော်မွေ့လေ့ မရှိပါဘူး။

(၄) တန်ဖိုးထား မခံရဘူးဆိုရင်

Couple In A Fight

Photo : India TV News

“Action Speaks Louder Than Words” ဆိုတဲ့ စကားစုက Relationship အဆင့်တိုင်းအတွက် အမြဲသက်ရောက်မှု ရှိပါတယ်။ မိန်းမတစ်ယောက်က သူမအနေနနဲ့ အချစ်မခံရဘူး ၊ လျစ်လျူရှုခံနေရတယ် ပိုဆိုးတာက တန်ဖိုးထားမခံရဘူးလို့ ခံစားရတဲ့အခါ အဲ့ဒီ Relationship ကို အဆုံးသတ်ဖို့ ရွေးချယ်တက်ကြပါတယ်။ မိန်းကလေးတွေက အပြောချိုတဲ့ စကားလုံးလေးတွေကို နှစ်သက်ကြပါတယ်။ ဒါပေမယ့် အပြောနဲ့အလုပ်မှာ တခြားစီဖြစ်နေတယ် ၊ စကားတွေထဲမှာလောက် အချစ်မခံရဘူး ၊ တန်ဖိုးထားမခံရဘူးလို့ ယူဆနေပြီဆိုရင် လမ်းခွဲဖို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်ချစ်သူမိန်းကလေးကို တန်ဖိုးထားမဆက်ဆံမိရင် သေချာပါတယ် ကွီးတို့ ဆော်ပစ်ကောင် ဖြစ်သွားပါလိမ့်မယ်။

Featured Photo : Grotto Network