နှစ်ဦးနှစ်ဖက် သဘောကျ၊ စိတ်ဝင်စားကြရာကနေ နှစ်ရှည် လများကြာအောင် တွဲလာခဲ့ပြီးမှ အကြောင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြရတာတွေ ဒုနဲ့ ဒေးပါပဲ။ တစ်ဖက်က ထွက်သွားချင်နေပါတယ်ဆိုမှ ကိုယ်က မသွားဖို့ ဆွဲထားမယ်ဆိုရင် ဒါသည် အထာကျကျ လမ်းခွဲခြင်း မျိုး ဘယ်ဟုတ်တော့မလဲ။ တစ်ဖက်က ထားခဲ့ချင်နေတာကို ကိုယ်က အတင်းဖက်တွယ်ထားပြီး တွယ်ကပ်နေမယ်ဆိုရင် ကိုယ်ပဲ ပိုပြီး ခံစားရမှာပါ။ တစ်ဖက်ကလည်း သူ့ကို ဖမ်းဆွဲထားပါလားဆိုပြီး ဝမ်းသာနေမှာမဟုတ်ပါဘူး။ အထူးသဖြင့် သူက အခြားတစ်ယောက် တွေ့ထားရင် ပိုလို့တောင် ဆိုးနေပါလိမ့်မယ်။

ဒါ့ကြောင့် တစ်ဖက်က ကိုယ့်ကို ဟိုလိုလို ဒီလိုလို အကြောင်းပြချက် မျိုးစုံတွေပေးပြီး လမ်းခွဲချင်နေတယ်ဆိုရင်တော့ အထာကျကျနဲ့ လမ်းခွဲပေးလိုက်ပါ။ ကွီးတို့လည်း တစ်ချိန်ချိန်မှာ အချစ်စစ်နဲ့ ပြန်တွေ့ရမှာပါ။ ဒါပေမဲ့ အချိန်အတိုင်းအတာတစ်ခုအထိ အသည်းကွဲနေမှာတော့ အမှန်ပါပဲ။

အသည်းကွဲ ဝေဒနာကို အချိန်ကပဲ​ကုစားသွားပါလိမ့်မယ်။ အသည်းကွဲနေစဥ်တစ်လျှောက်မှာလည်း ကွီးတို့သည် အသည်းကွဲ ဝေဒနာကို ကျော်လွှားနိုင်ဖို့ ကြိုးစားရမယ့် အချက်လေးတွေ ရှိပါတယ်။

ရည်းစားဟောင်းကို ခေါက်ထားလိုက်ပါ

အထာကျကျ လမ်းခွဲခြင်း

ကိုယ့်ကို မချစ်လို့ ထားခဲ့ပြီပဲလေ။ ဘာ့ကြောင့် သူ့ရဲ့ ဆိုရှယ် မီဒီယာတွေကို အချိန်ကုန်ခံပြီး စောင့်ကြည့်နေမှာလဲ။ သူ့ဘာသာသူ ဘာပဲဖြစ်ဖြစ်၊ ဂရုမစိုက်တဲ့ ခလုတ်သာ ဖွင့်ထားလိုက်ပါ။ လမ်းမှာလည်း သူနဲ့ မတွေ့အောင် ရှောင်ပါ။ သူနဲ့ အတူသွားဖူးတဲ့ နေရာတွေကိုလည်း မသွားပါနဲ့တော့။ သူ့ကို ကိုယ့်ဘဝထဲကနေ အပြီးအပိုင် မောင်းထုတ်ထားလိုက်ပါ။

ကိုယ့်ကိုယ်ကိုယ် အလုပ်ပေးထားပါ

အထာကျကျ လမ်းခွဲခြင်း

ကိုယ့်မှာ အားလပ်ချိန်တွေ များနေမယ်ဆိုရင်တော့ အသည်းကွဲလို့ စိတ်ညစ်နေမှာပဲဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အသည်းကွဲ ဝေဒနာက ကြာရှည်လာပါလိမ့်မယ်။ အဲ့ဒီလို အဖြစ်မခံပါနဲ့။ ကိုယ့်ကိုယ်ကိုယ် အလုပ်များအောင် အလုပ်ပေးထားလိုက်ပါ။ အားလပ်ချိန် မရှိအောင်ကို မရှိ ရှိတဲ့အလုပ် ရှာဖွေကာ လုပ်နေပါ။ အလုပ် လုပ်စရာမရှိရင် စာဖတ်ပါ။ ဟာသ ရုပ်ရှင်တွေ ကြည့်ပါ။ ဒါဆိုရင်တော့ ရည်းစားဟောင်းအကြောင်းကို ယောင်လို့တောင် စဥ်းစားမိမှာမဟုတ်ပါဘူး။

ကိုယ် စိတ်ပျော်တာတွေ ပြုလုပ်ပါ

အထာကျကျ လမ်းခွဲခြင်း

ကွီးတို့ ဝါသနာပါတာလေးတွေကို ရှာရှာဖွေဖွေ ပြုလုပ်နိုင်ပါတယ်။ ဂီတာ တီးရတာ ဝါသနာပါရင် အားလပ်ချိန်မှာ ဂီတာ တီးပါ။ ခန္ဓာကိုယ်ကို ဒီ့ထက်ပိုကျန်းမာလာပြီး ကြည့်ကောင်းလာအောင် လုပ်ချင်ရင် Gym ဆော့ပါ။ ဝါသနာ အသစ်အဆန်းလေးတွေကိုလည်း ရှာကြံပြုလုပ်ရင်း ကိုယ့်ကိုယ်ကိုယ် စိတ်ပျော်လာအောင် ပြုလုပ်နိုင်ပါတယ်။ ဒီအချက်ကတော့ အထာကျကျ လမ်းခွဲခြင်း မျိုးကို ပြုလုပ်ပြီးတဲ့အခါ မဖြစ်မနေ ပြုလုပ်သင့်တဲ့အချက်ပဲဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ အချိန်ကုန်ဆုံးပါ

အထာကျကျ လမ်းခွဲခြင်း

သူငယ်ချင်းတွေနဲ့ ပျော်ပျော်ပါးပါး အချိန်ကုန်ဆုံးခြင်းသည်လည်း ကိုယ့်ရဲ့ လက်ရှိ ခံစားနေရတဲ့ ဝေဒနာများကို သက်သာပျောက်ကင်းစေပါတယ်။ ကိုယ့်ဘာသာကိုယ် တစ်ယောက်တည်း အိမ်ထဲမှာ ကြိတ်မှိတ်ခံစားနေမယ့်အစား အိမ်အပြင်ထွက်ကာ ပျော်ပျော်ပါးပါးသာ ကဲပစ်လိုက်ပါ။ ရည်းစားဟောင်းက ဘယ်သူလဲဆိုပြီးတောင် ချက်ချင်း မေ့သွားပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ

sad man sitting on a couch

ကိုရီးယားကားထဲကလိုမျိုး ရည်းစားနဲ့ ပြတ်သွားလို့ဆိုပြီး မနက် မိုးလင်းကနေ အိပ်ရာဝင်ပြီး မျက်စိနှစ်လုံး ပိတ်သွားသည်အထိ ဆိုဂျူတွေချည်းပဲ တစ်ပုလင်းပြီး တစ်ပုလင်း မော့နေလို့မရပါဘူး။ ညနေခင်းလေး နည်းနည်းသောက်၊ နောက်နေ့ နည်းနည်းသောက်၊ ဆေးဖြစ်ဝါးဖြစ် မှီဝဲရင် လုံလောက်ပါပြီ။ တန်ဆေး လွန်ဘေး ဆိုတဲ့အတိုင်းပဲ အလွန်အကျွံ သောက်သုံးမယ်ဆိုရင်တော့ နောက်ထပ် အချစ်စစ်နဲ့တောင် တွေ့ချိန်မရလိုက်ဘဲ ဖြစ်သွားပါလိမ့်မယ်။ ဆိုလိုတာကတော့ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ ဒါမှ အချစ်စစ်နဲ့ တွေ့ပြီး ချစ်ကြည်နူး တစ်တီတူးနိုင်မှာဖြစ်ပါတယ်။​

ကွီးတို့ရော ဘယ်နှခေါက်လောက် အသည်းကွဲဖူးပြီးပြီလဲ။

Source: Headspace

Featured Image: Markmanson