ဘဝဆိုတဲ့ ခရီးလမ်းက ရှည်ကြာပါတယ်။ အသက်အရွယ်ရလာလေ ဘဝရဲ့ခရီးကြမ်း ရှည်ကြီးတစ်လျှောက်မှာ အတားအဆီးတွေ ၊ ခက်ခဲကြမ်းတမ်းမှုတွေကို ကျော်ဖြတ်ရလေပါပဲ။ ကိုယ့်ခြေထောက်ပေါ် ကိုယ်တိုင်ရပ်တည် ၊ ကိုယ့်ဘဝကိုယ်ကြောင်းပြီး ဘဝခရီးလမ်းကို ရဲရဲကြီး ဖြတ်လျှောက်နိုင်ဖို့ဆို သင့်မှာ လုံလောက်တဲ့ အရည်အချင်း ၊ ကျွမ်းကျင်မှုဆိုင်ရာ Skills နဲ့ အတွေးအခေါ်ပိုင်း တိုးတက်ပြောင်းလဲမှုတွေရှိဖို့ အများကြီး လိုအပ်ပါတယ်။ ဒါကြောင့် သင်ဖြတ်သန်းရမယ့် ဘဝခရီးလမ်း တစ်လျောက် ပိုမိုအဆင်ပြေချောမွေ့ပြီး အထာကျကျ / ဆရာကျကျ ဖြတ်သန်းနိုင်စေဖို့ လိုက်နာသင့်တဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
(၁) စာပိုဖတ်ပါ
Photo : Pexels
စာအုပ်တွေဟာ ဗဟုသုတပေါင်းစုံရာ ဟင်းအိုးကြီး တစ်လုံးပါပဲ။ စာဖတ်ခြင်းကနေတဆင့် ဘဝခရီးလမ်း တစ်လျှောက်အတွက် လိုအပ်တဲ့ စိတ်ခွန်အားနဲ့ ဗဟုသုတတွေအများကြီး ရနိုင်သလို အတွေးအခေါ်တွေ ပိုထက်လာအောင်လည်း ဦးနှောက်ကို သွေးပေးနိုင်စွမ်း ရှိပါတယ်။ အချက်အလက်အသစ်တွေ လေ့လာပြီး ဗဟုသုတစုံအောင် ဖြည့်တင်းထားခြင်းက သင့်ဘဝကို ပိုမိုကောင်းမွန်တဲ့ လမ်းကြောင်းတစ်ခုဆီ ပို့ဆောင်ပေးနေတဲ့ ရင်းနှီးမြုပ်နှံမှု တစ်ခုပဲဆိုတာ ယုံကြည်လက်ခံ ထားလိုက်ပါ။
(၂) အားကစားလိုက်စားပါ
Photo : Men’s Health
စိတ်နဲ့ ရုပ်ဟာ ဟန်ချက်ညီမျှနေဖို့ အရေးကြီးဆုံးပါပဲ။ ဘဝခရီးလမ်း တစ်လျှောက်မှာ တိုးတက်ရာတိုးတက်ကြောင်း လမ်းသစ်ရှာ ဖောက်ကြတဲ့အခါ ရုပ်ရောစိတ်ပါ ကြံ့ခိုင်သန်မာနေဖို့ လိုပါတယ်။ ဒီအတွက် အဖြေကတော့ အားကစားလုပ်တာပါပဲ။ ဝါသနာပါရာ အားကစားတစ်ခုခုကို ပုံမှန်လုပ်ဆောင်သွားမယ်ဆိုရင် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ သန်စွမ်းကြံ့ခိုင်တဲ့ လူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပြီး တိုးတက်အောင်မြင်ခြင်းတွေကို အမိအရဖမ်းဆုပ်မိနိုင်ဖို့ ရယ်ဒီအသင့်ရှိနေစေမှာ ဖြစ်ပါတယ်။
(၃) အခွင့်အလမ်းတွေကို အမြဲရှာဖွေနေပါ
Photo : The Guardian
ကောင်းမွန်တဲ့ အခွင့်အလမ်းတိုင်းဟာ သင့်ထံကို စိုက်စိုက်မြိုက်မြိုက် အမြဲရောက်မလာနိုင်ပါဘူး။ ကိုယ်တိုင်က မျက်စိကိုဖွင့် ၊ နားကိုစွန့်ပြီး ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတွေကို အမြဲတစေ လိုက်လံဖွေရှာနေရမှာပါ။ ဘဝခရီးလမ်း မှာပိုပိုပြီး ဆရာကျလာသူတွေ ၊ တိုးတက်လာသူတွေဟာ သူတို့ကိုယ်တိုင် လေ့လာသင်ယူလိုစိတ် ၊ စူးစမ်းလိုစိတ် ၊ စိတ်အားထက်သန်မှုအပြည့်နဲ့ ကြိုးစားရှာဖွေနေကြသူတွေ ဖြစ်ပါတယ်။ အခုထက်ပိုပြီး ကောင်းမွန်တဲ့ အခွင့်အလမ်းကောင်းတွေ ရလာဖို့ သင့်ရဲ့အားစိုက်ထုတ်မှုဟာ အဓိကကျတယ်ဆိုတာ နားလည်ထားဖို့လိုပါတယ်။
(၄) လေးလေးနက်နက် တွေးခေါ်ဆုံးဖြတ်ပါ
Photo : Unsplash
အတွေးအခေါ်နဲ့ ဆုံးဖြတ်ချက်တွေဟာ လူတစ်ယောက်ရဲ့ဘဝကို အများကြီးပြောင်းလဲ ပေးနိုင်စွမ်းရှိပါတယ်။ ကျွန်တော်တို့ ဘာပဲလုပ်လုပ် ပေါ့ပေါ့တန်တန် ဖြစ်သမျှအကြောင်း အကောင်းလို့ သတ်မှတ်တာထက် ကိစ္စတစ်ခုကို သေချာလေးနက်စွာ တွေးခေါ်ဆုံးဖြတ်ပြီး ဆင်ခြင်သုံးသပ်နိုင်စွမ်းရှိတာက ပိုကောင်းတဲ့ ရလဒ်အခြေအနေတွေကို ဖန်တီးပေးနိုင်ပါတယ်။ ဒါဟာလည်း ဘဝခရီးလမ်း တစ်လျှောက်မှာ မပါမဖြစ်သယ်လာရမယ့် အရေးကြီးဆုံး လက်နက်တစ်ခုပါပဲ။
ဒီအချက်တွေ လိုက်နာမယ်ဆိုရင် သင့် ဘဝခရီးလမ်း တစ်လျောက် ပိုမိုအဆင်ပြေချောမွေ့ပြီး ပိုပိုကျွတ်လာတဲ့ လူတစ်ယောက် ဖြစ်လာစေမှာ အသေအချာပါပဲ။
Featured Photo : Unsplash