မိတ်ဆွေတို့ရေ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိပါသလား။ ယုံကြည်မှုလို့ ပြောလိုက်ရင် အရိုးရှင်းဆုံး အဓိပ္ပာယ်ဖွင့်ဆိုချက်ကတော့ တစ်စုံတစ်ခုကို ယုံကြည်တဲ့ ခံစားချက် ဖြစ်ပါတယ်။ ကိုယ့်ကိုယ် ယုံကြည်ချက်ရှိခြင်းဆိုတာကတော့ ကိုယ်ကိုယ်တိုင်နဲ့ ကိုယ့်အရည်အချင်း ဒါမှမဟုတ် အသိပညာကို ယုံကြည်စိတ်ချတယ်ဆိုတဲ့ သဘောပါပဲ။ ဘဝတိုးတက် အောင်မြင်ဖို့ဆိုရင် ကိုယ့်ကိုယ့်ကိုယ် ယုံကြည်မှု က မရှိမဖြစ်လိုအပ်ပါတယ်။

ဘဝတိုးတက် ယုံကြည်မှု

Photo : Talenttalks

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေဟာ များသောအားဖြင့် ၎င်းတို့ဘဝရဲ့ ကိုယ်ပိုင်ဘဝနဲ့ ပရော်ဖက်ရှင်နယ် ရည်မှန်းချက်တွေကို အောင်မြင်အောင် စွန့်စားနိုင်စွမ်းရှိကြပြီး သူတို့ရဲ့ အနာဂတ်အတွက် အကောင်းမြင်စိတ်နဲ့ လျှောက်လမ်းကြပါတယ်။ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု ကင်းမဲ့သူတွေကတော့ သူတို့ရဲ့ ဘဝကို အောင်မြင်နိုင်စွမ်းမရှိဘူး မလုပ်နိုင်ဘူးဆိုတဲ့ ခံစားချက်များရှိကြပြီး အပျက်သဘောဆောင်တဲ့ အတွေးအမြင်များ ရှိကြပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု (Self Confidence) ဟာ ဘဝကိုတိုးတက် အောင်မြင်စေဖို့ သော့ချက်တစ်ခု ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု အားနည်းနေတယ်ဆိုလည်း ပြန်လည်တည်ဆောက် မြှင့်တင်လို့ ရပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက အရေးကြီးပါတယ်

ဘဝတိုးတက် ယုံကြည်မှု

Photo : Vocal Media

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းရဲ့ အသိသာဆုံးသော ကောင်းကျိုးကတော့ အပြုသဘောဆောင်တဲ့ အတွေးအမြင်ရှိခြင်းပါပဲ။ အပြုသဘောဆောင်တဲ့ အတွေးအမြင်တွေက မိတ်ဆွေတို့ဘဝမှာ ရင်ဆိုင်ရတဲ့ စိန်ခေါ်မှုတွေ၊ အပြိုင်အဆိုင်တွေကို “ငါ အောင်မြင်အောင်လုပ်နိုင်တယ်” ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ ရဲရဲဝံ့ဝံ့ ရင်ဆိုင်နိုင်ပါလိမ့်မယ်။ ဒါ့အပြင် ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လဲပြိုမသွားဘဲ ခံနိုင်ရည်ရှိပြီး အပြုသဘောဆောင်တဲ့ အတွေးအမြင်များက ၊ ယုံကြည်ချက်က ရှေ့ဆက်လျှောက်ဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။

Massachusetts ရှိ Brandeis တက္ကသိုလ် နှင့် New York ရှိ Rochester တက္ကသိုလ်တို့မှ လေ့လာမှုတစ်ခုအရ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပြီး အခက်အခဲများနဲ့ စိတ်ဖိစီးမှုများကို အပြုသဘောဆောင်သော အတွေးအမြင်များဖြင့် ကြံ့ကြံ့ခိုင် ရင်ဆိုင်နိုင်သူများက အသက်ပိုရှည်ပြီး ကျန်းမာသော ဘဝများကို ပိုမိုရရှိနိုင်ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် စိတ်ပိုင်းဆိုင်ရာ အရာရော၊ ရုပ်ပိုင်းဆိုင်ရာ အတွက်ပါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက အရေးကြီးပါတယ်။

ဘဝတိုးတက် အောင်မြင်မှုနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိခြင်းက တိုက်ရိုက်ဆက်စပ်ပါတယ်

Photo : Frobes

ယနေ့ခေတ် အောင်မြင်ကျော်ကြားနေတဲ့သူတွေ၊ လုပ်ငန်းရှင်တွေ သာမက ဘက်ပေါင်းစုံက အောင်မြင်တဲ့သူတိုင်းကို ကြည့်လိုက်ပါ။ ၎င်းတို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကြပါတယ်။ မိတ်ဆွေတို့ လိုချင်တဲ့ အရာရာကို ရယူပိုင်ဆိုင်နိုင်ဖို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းက တကယ်ကို အရေးပါပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘဲနဲ့ ဘယ်တော့မှ ကိုယ်လိုချင်တဲ့ အရာကို ရယူပိုင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိ  စေဖို့အတွက် ကိုယ့်ရဲ့အသွင်အပြင်၊ နေထိုင်မှုပုံစံ၊ ကိုယ်နေဟန်ထား၊ အပြုသဘောဆောင်သော အတွေးအမြင်ရှိခြင်း၊ ကြိုးစားမှု စသည်တို့ဖြင့် မြှင့်တင်လို့ ရပါတယ်။

ကွီးတို့အနေနဲ့ အလုပ်တစ်ခုကို စတင်လုပ်ဆောင်တော့မယ်ဆိုရင် စိုးရိမ်စိတ်တွေ၊ မရေရာမသေချာမှုတွေနဲ့ မစတင်ပါနဲ့။ အောင်မြင်ရမယ် ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ထားရှိပါ။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသူဟာ မိမိကိုပေးအပ်လာတဲ့ လုပ်ငန်းတာဝန်များကို ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု မရှိဘဲ တွန့်ဆုတ်နေသူများထက် ပြီးမြောက်အောင် ပိုမိုဆောင်ရွက်နိုင်ပါတယ်။ ဒါ့အပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက်ရှိသူတွေဟာ ဘယ်တော့မှ အောင်မြင်မှု ရဖို့မခက်ခဲတတ်ပါဘူး။

ဒါကြောင့် မိတ်ဆွေတို့ ဘဝတိုးတက် အောင်မြင်ဖို့အတွက် ယုံကြည်မှု နဲ့ လျှောက်လှမ်းပါ။ မဝေးတော့တဲ့ အနာဂတ်မှာ တောက်ပတဲ့နေ့ရက်တွေက မိတ်ဆွေတို့ကို စောင့်မျှော်နေမှာပါ။

Featured Photo : Vista Create