ကျွန်တော်တို့ လူသားတွေက ဘဝမှာပဲ ဖြစ်ဖြစ်၊ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ ကိုယ်အတွက် မဆိုးလှတဲ့ နေရာတစ်ခုခုကို ရောက်ပြီဆိုရင် ထိုနေရာကနေ ရုန်းမထွက်ချင်တော့ဘူး။ များသောအားဖြင့် ထိုနေရာမှာ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို နည်းပါးတဲ့ အခြေအနေမှာရှိပြီး စိန်ခေါ်မှုတွေကိုလည်း ရင်ဆိုင်စရာ မလိုတဲ့အပြင် ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်ပြီးသား ပုံမှန်အလေ့အထများနှင့် လုပ်ရိုးလုပ်စဉ်များနဲ့ ဖြတ်သန်းရုံပါပဲ။ ဒါဆိုရင်တော့ ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝက လွယ်ကူပြီး သက်တောင့်သက်သာရှိမှာတော့ အမှန်ပါပဲ။ ဒီလို အခြေအနေမျိုးကို လက်ရှိကိုယ်တိုင် ရောက်နေတယ်ဆိုရင်တော့ ကွီးတို့ Comfort Zone ထဲရောက်နေပါပြီ။ ဒီလို Comfort Zone ထဲမှာပဲ သာယာနေပြီး ရုန်းမထွက်ခဲ့ရင် ကွီးတို့ ဘဝအတွက် မဟာ အမှားကြီး ပဲဆိုတာရော သိပါသလား။

Comfort Zone က ရုန်းမထွက်ခဲ့ရင် ဘာတွေ ဖြစ်မှာလဲ

Photo : Think Right

Comfort Zone မှာနေတာ ကြာရင် ကွီးတို့ဘဝက သက်တောင့်သက်သာ ဖြစ်နေပြီး အေးဆေးနေတယ်လို့ ထင်ရသော်လည်းပဲ ဘဝအတွက် တိုးတက်မြင့်မားမှုတွေနဲ့ လွဲချော်နေပါပြီ။ အရာအားလုံးဟာ လျင်မြန်စွာ တိုးတက်နေတဲ့ အချိန်မှာ မိမိသာလျှင် စိန်ခေါ်မှုတွေ၊ ပြောင်းလဲမှုတွေနဲ့ ရင်မဆိုင်နိုင်ဘဲ နောက်ကျကျန်ခဲ့နိုင်ပါတယ်။ Comfort Zone မှာနေတာ အချိန်ကြာလာလေလေ၊ တိုးတက်မြင့်မား အောင်မြင်မှုတွေနဲ့ ဝေးလာလေလေးပါပဲ။ Comfort Zone ဆိုတာ ရုန်းမထွက်ခဲ့ရင် ဘဝအတွက် အခွင့်အလမ်းတွေနဲ့ လွဲချော်ကာ တိုးတက်အောင်မြင်မှုနဲ့ အလှမ်းဝေးစေမဲ့ ခြေလှမ်း အမှားကြီး ပါပဲ။

ဘာကြောင့် Comfort Zone ကနေ ရုန်းမထွက်နိုင်တာလဲ

ဘဝအတွက် အမှားကြီး

Photo :Entrepreneur

တစ်ခါတစ်လေကျရင် ကျွန်တော်တို့ဟာ တိုးတက်အောင်မြင်ချင်လျက်သားနဲ့ ဒါမှမဟုတ် Comfort Zone က ရုန်းထွက်ရမယ်မှန်း သိရဲ့သားနဲ့ ရုန်းမထွက်နိုင်ဖြစ်နေတတ်ပါတယ်။ ဒါက ဘာကြောင့်လဲဆိုရင် များသောအားဖြင့်

  • အပြောင်းအလဲကို ကြောက်တာ
  • ကျရှုံးမှုကို ရင်မဆိုင်ရဲတာ
  • တစ်စုံတစ်ခုကို ကြောက်တာ စတဲ့ အကြောင်းအရင်းတွေ ကြောင့်ပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ဒီအကြောင်းအရင်းတွေကြောင့် Comfort Zone ကနေ ရုန်းမထွက်နိုင် ဖြစ်နေပါသလား။ ဘယ်လို အကြောင်းကြောင့် ရုန်းမထွက်နိုင် ဖြစ်နေတာလဲ ဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ။

ဆက်ပြီးတော့ ကွီးတို့ကို Comfort Zone ကနေ ရုန်းထွက်နိုင်ဖို့ ဘယ်လို နည်းလမ်းတွေ ရှိလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

သေးငယ်သော ပြောင်းလဲခြင်းတွေကနေ စတင်ပါ

ဘဝအတွက် အမှားကြီး

Photo : Make Me Better

လူတွေက ကိုယ့်အတွက် အဆင်ပြေတဲ့ နေရာကနေ ရုန်းမထွက်နိုင်တာဟာ အခုလက်ရှိ အနေအထားကနေ ပြောင်းလဲသွားတာမျိုးကို မလိုလားကြတာပါ။ ဒီအတွက် နည်းလမ်းကောင်း ရှိပါတယ်။ ဒါကတော့ ကွီးတို့လက်ရှိ အလေ့အကျင့်တွေထဲက လုံးဝပြောင်းလဲတာမျိုး မဟုတ်ဘဲ သေးငယ်တဲ့ ခြေလှမ်းလေးတွေကနေ စတင်လိုက်ပါ။ ဥပမာ ကွီးတို့အနေနဲ့ Gym ကစားရမယ်ဆိုရင် အချိန်အများကြီးပေးပြီး မကစားနိုင်ရင်တောင် တစ်နေ့ ၁၅ မိနစ်လောက် လမ်းလျှောက်တာကနေ စတင်ကြည့်ပါ။ ထို့အတူပါပဲ မိမိရဲ့ သက်တောင့်သက်သာဖြစ်နေတဲ့ ရပ်ဝန်းထဲမှာ တစ်နေ့ကို ၁၅ မိနစ် ၊ မိနစ် ၂၀ လောက် ဘာသာစကားတစ်ခုခုကို ဖြစ်စေ လေ့လာတာကဲ့သို့ အလေ့အကျင့်လေးတွေ ထည့်သွင်းတာကနေ စတင်လို့ရပါတယ်။

အကြောက်တရားကို ရင်ဆိုင်ဖယ်ထုတ်ပါ

ဘဝအတွက် အမှားကြီး

Photo : Hotel California

တချို့သော လူတွေ Comfort Zone ထဲမှာ နေနေတာက ၎င်းတို့ ဘဝအတွက် အမှားကြီး မှားနေတယ်ဆိုတာ သိကြပါတယ်။ ဒါပေမဲ့ အပြောင်းအလဲတွေ၊ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်တဲ့အခါမှာ ကျရှုံးမှုကို ကြောက်တာ၊ လက်ရှိအခြေအနေကနေ ဆုံးရှုံးသွားမှာ ကြောက်ကြပါတယ်။ သို့သော်လည်း ကိုယ်တိုင်က ပိုမိုအောင်မြင်တဲ့ ဘဝအခြေအနေကို တက်လှမ်းချင်တယ်ဆိုရင်တော့ အကြောက်တရားကို ဖယ်ထုတ်ရပါမယ်။ အလွန်အောင်မြင်သူတွေကို ကြည့်ရင် အပြောင်းအလဲကာလတွေမှာ ရှင်သန်ကြပါတယ်။ အခြားလူများ မလိုလားတဲ့ စွန့်စားမှုကို ကိုယ်တိုင် စိန်ခေါ်ကြည့်လိုက်ပါ။ ဒါက အစပိုင်းမှာ အဆင်မပြေမှု ရှိကောင်းရှိနိုင်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါ။ ကွီးတို့အနေနဲ့ ကျရှုံးမှုတွေကြောင့် မကြောက်ပါနဲ့။ အဲဒါတွေကို သင်ခန်းစာရယူပြီး ပြန်စလိုက်ပါ။

အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ

Photo : Next Luxury

ကွီးတို့ရေ အခုလို အေးဆေးဖြစ်ပြီး သက်သာတဲ့နေရာမှာပဲ နေတော့မှာလား။ ဒါဆိုရင်တော့ အခြားသူတွေက ကျော်တက်သွားမှာ အသေအချာပါပဲ။ Comfort Zone အပြင်က အောင်မြင်မှုကို မြင်ယောင်ကြည့်ပါ။ ကွီးတို့အတွက် ကြိုးစားချင်စိတ်ကို ဖြစ်စေပြီး စိတ်ခွန်အားကို ရရှိစေပါတယ်။ အခက်အခဲတွေ ၊ ကျရှုံးမှုတွေ ရင်ဆိုင်ရကောင်း ရင်ဆိုင်ရနိုင်ပါတယ်။ ဒါပေမဲ့ အရှုံးမပေးဘဲ ဆက်ပြီး ကြိုးစားပါ။ မဝေးတော့တဲ့ အနာဂတ်မှာ ကွီးတို့အတွက် ထိုက်တန်တဲ့ အောင်မြင်မှုကို ကိုယ်တိုင် ရရှိခံစားနိုင်ပါတယ်။

ကွီးတို့ဘဝ တိုးတက်အောင်မြင်ဖို့ Comfort Zone ကနေ မဖြစ်မနေ ရုန်းထွက်ဖို့ လိုနေပြီနော်။

Featured Photo : Medium