ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် ဟီလယ် အသင်းဆိုတာ သွားရှုပ်လို့ မရတဲ့ စူပါ ဘောစိ ကလပ်အသင်းပါ။ မက်ဆီ အင်တာ မိုင်ယာမီဆီ မပြောင်းရွှေ့ခင်တုန်းက မက်ဆီကို ကမ္ဘာ့စံချိန်တင် လုပ်ခ လစာမျိုးနဲ့ ကမ်းလှမ်းခဲ့ဖူးသေးတဲ့ အသင်းပါ။ အခုတော့ ဒီအသင်းက ကီလီယန် အမ်ဘာပေကို တစ်နှစ် လုပ် ယူရို သန်း(၇၀၀)ထိ ပေးချေသွားမယ် ဆိုပြီးပါ ကမ်းလှမ်းလိုက်ပြန်ပါတယ်။
Photo Credit : CBS Sports
ဘာပေက လက်ရှိမှာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း မတိုးတော့လို့ ပြသာနာတွေ တောက်လျှောက် ဖြစ်ပေါ်နေရပြီး ပီအက်စ်ဂျီကလည်း ဘာပေအပေါ် သည်းမခံနိုင်တော့ကနေ နောက်ဆုံးမှာ အရောင်းစာရင်း ကောက်တင်လိုက်ပါတော့တယ်။ ပီအက်စ်ဂျှီက ဘာပေလို ကစားသမားမျိုးကို လာမယ့်နှစ်မှာ အလွတ်နဲ့ ဆုံးရှုံးရမယ့် အရေးကို ဘယ်လိုမှ လက်မခံနိုင်တာကြောင့် အခုလို အရောင်းစာရင်း တင်လိုက်ရတာဖြစ်ပြီး အဲ့ဒီအချိန်မှာ ဆော်ဒီ ကလပ်အသင်း အယ်လ် ဟီလယ် က ဘာပေကို အရ ခေါ်ယူနိုင်ဖို့ ကြိုးပမ်းလာခဲ့ပါတယ်။
Photo Credit : ESPN
ပီအက်စ်ဂျီက မိုနာကိုကနေ ယူရို သန်း (၁၈၀)နဲ့ ခေါ်ယူထားခဲ့ရတဲ့ ဘာပေအတွက် ပြောင်းရွှေ့ကြေး ယူရို သန်း (၂၀၀) + အပိုဆုကြေး ယူရို သန်း (၅၀)နဲ့ စုစုပေါင်း ယူရို သန်း (၂၅၀)အထိ အလိုရှိနေတာ ဖြစ်ပြီး အယ်လ် ဟီလယ် ကတော့ ယူရို သန်း (၃၀၀)နဲ့ပါ တရားဝင် ကမ်းလှမ်းသွားခဲ့ပါတယ်။ တကယ်လို့ ဒီကမ်းလှမ်းမှုကို ပီအက်စ်ဂျီရော ဘာပေကပါ လက်ခံမယ်ဆိုရင် နေမာရဲ့ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးကြီးဖြစ်တဲ့ ယူရို (၂၂၂)သန်းကိုပါ ကျော်လွန်သွားမှာပဲ ဖြစ်ပါတယ်။
Photo Credit : Sports Tiger
ဒီကမ်းလှမ်းမှုကို ပီအက်စ်ဂျီဘက်က သေချာပေါက် လက်ခံဖို့ ရှိနေပေမယ့် ဘာပေဘက်ကတော့ လက်မခံနိုင်တာမို့ အယ်လ် ဟီလယ် က ဘာပေအတွက်ကိုလည်း တစ်နှစ် လုပ်အဖြစ် အသားတင်လစာ ယူရို သန်း (၂၀၀)အပြင် ပုံရိပ် အသုံးပြုခနဲ့ အခြားသော ဝင်ငွေ စုစုပေါင်း ယူရို သန်း (၇၀၀)အထိ ပေးချေသွားမယ်လို့ ကမ်းလှမ်းထားတာကြောင့် ဒီကမ်းလှမ်းမှုကြီးက ဘာပေအတွက် ငြင်းဆန်ရ ခက်ခဲစေနိုင်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ဘာပေက ဆော်ဒီမှာ ဘောလုံးသမားဘဝကို ဖြတ်သန်းဖို့ ဆန္ဒမရှိပဲ ရီးယဲလ် မက်ဒရစ်အသင်းဆီသာ ပြောင်းရွှေ့ချင်နေပါတယ်။
Featured Photo : The Sun