အပီလန်းတဲ့ ဘီးကျဲ တစ်ဗွေဖြစ်ချင်တယ်ဆိုရင် ကွီးတို့ရဲ့ တက်တူး ဒီဇိုင်းတွေကို ရွေးချယ်တဲ့အခါ ရုပ်လုံးကြွတဲ့ ဒီဇိုင်းမျိုးကို သေချာရွေးချယ်တတ်ဖို့ လိုအပ်ပါလိမ့်မယ်။ ဒီလိုမျိုး ရုပ်လုံးကြွတဲ့ တက်တူးတွေကို ရွေးချင်တယ်ဆိုရင်တော့ အခုဖော်ပြမယ့် တက်တူးတွေက အကောင်းဆုံးပါပဲ။

အရိုးခေါင်းနှင့် ဓားသွားပုံ တက်တူး

ဘီးကျဲ တက်တူး

ဒီတက်တူးကတော့ အမေရိကန်ရိုးရာ တက်တူးနဲ့ ဂျပန်စတိုင်လ်ကို ပေါင်းစပ်ထားတဲ့ တက်တူးဒီဇိုင်းလေးပဲဖြစ်ပါတယ်။ နောက်ထပ်ခေတ်စားတဲ့ ရိုးရာတက်တူးများကတော့ မြွေပုံတက်တူး၊ နှင်းဆီပန်းပုံနှင့် ဓားမြှောင်ပုံတက်တူး၊ အရိုးခေါင်းပုံနှင့် သင်္ဘောပုံတက်တူးတို့ပဲ ဖြစ်ပါတယ်။

ခြေထောက်ပေါ်မှာ ရေးထိုးနိုင်တဲ့ တက်တူး အသေးစား

ဘီးကျဲ တက်တူး

ကွီးတို့သည် အခုမှ ပထမဦးဆုံးအကြိမ် တက်တူးရေးထိုးမယ်ဆိုပြီး စိတ်ကူးနေပါသလား။ ပြီးတော့ ထိုတက်တူးက ဖုံးရ ဖိရလွယ်တာမျိုးကို လိုချင်ပါသလား။ ဒါဆိုရင်တော့ တက်တူးအသေးစားလေးကို ရွေးချယ်လိုက်ပါ။ တက်တူးအသေးစားကို ခြေမျက်စိအပေါ်နားမှာ ရေးထိုးထားလိုက်မယ်ဆိုရင် မလိုအပ်တဲ့အချိန်မှာ ဘောင်းဘီနဲ့ပဲဖြစ်ဖြစ်၊ ခြေအိတ်နဲ့ပဲဖြစ်ဖြစ် ဖုံးအုပ်ထားနိုင်ပါတယ်။

နှင်းဆီနက်ရောင်တက်တူး

ဘီးကျဲ တက်တူး

နှင်းဆီ အနက်ရောင် တက်တူးကတော့ တကယ့်ကို Classic ဆန်တဲ့ စတိုင်လ်တစ်ခုပဲဖြစ်ပါတယ်။ နှင်းဆီပန်းပုံတက်တူးတွေသည် တက်တူးချစ်သူများအကြား ရေပန်းစားတဲ့ တက်တူးဒီဇိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ ဘီးကျဲ တို့အနေနဲ့ ကိုယ့်ရဲ့ တက်တူးကို အမိုက်စား Classic စတိုင်လ် ဖန်တီးချင်တယ်ဆိုရင်တော့ နှင်းဆီနက်ရောင် တက်တူး ကို ရွေးချယ် ရေးထိုးသင့်ပါတယ်။

ထောင့်ချိုးများကို ပေါ်လွင်အောင် ရေးထိုးထားတဲ့ တက်တူး

ဘီးကျဲ တက်တူး

ဒီတက်တူးရဲ့ ထူးခြားချက်ကတော့ တက်တူးကို လေးထောင့်ကျကျ ထောင့်ချိုးများ ပေါ်လွင်အောင် ရေးထိုးထားတာပဲဖြစ်ပါတယ်။ ဒါ့အပြင် မှင်အရောင်ကို အနက်ရောင်တစ်မျိုးတည်းသာ အသုံးပြုထားတားကို တွေ့မြင်ရပါလိမ့်မယ်။ ဒါကတော့ သူ့ရဲ့ အဓိက ထူးခြားချက်ပဲဖြစ်ပါတယ်။ ကွီးတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ အမိုက်စား တက်တူးလေး ရေးထိုးချင်တယ်ဆိုရင်တော့ ဒီ ဒီဇိုင်းကို ရွေးချယ်လိုက်ပါ။

အရိုးခေါင်းပုံတက်တူး

အရိုးခေါင်းပုံ

ကိုယ့်ရဲ့ တက်တူးဒီဇိုင်းက ဖြတ်ခနဲတစ်ချက်လောက် ကြည့်လိုက်တာနဲ့ မိမိုက်နေတဲ့ ဒီဇိုင်းမျိုး ဖြစ်နေစေချင်ပါသလား။ ဒါဆိုရင်တော့ ဒီတက်တူးဒီဇိုင်းလေးကို ရွေးချယ်သင့်ပါတယ်။ အရိုးခေါင်းထဲကနေ မှိုပွင့်များ ထိုးထွက်နေပြီး မှိုပွင့်ပေါ်မှာ လိပ်ပြာ လာနားနေတဲ့ စတိုင်လ်မျိုးပဲဖြစ်ပါတယ်။

ဝံပုလွေပုံတက်တူး

ဝံပုလွေပုံ

ဒီအရိုးခေါင်းကတော့ ဝံပုလွေနဲ့ ပေါင်းစပ်ထားတဲ့ အရိုးခေါင်းပုံ ဒီဇိုင်းပဲဖြစ်ပါတယ်။ ဝံပုလွေဆိုတဲ့ အဓိပ္ပါယ်ကတော့ စွမ်းအား ကြီးမားတဲ့ သဘောကို ဖော်ညွှန်းပါတယ်။ အရိုးခေါင်းနဲ့ ပေါင်းစပ်နေတဲ့ ဒီဇိုင်းကတော့ ကွီးတို့ရဲ့ တက်တူးကို ပိုမိုရုပ်လုံးကြွသွားစေပါတယ်။

ကွီးတို့ရော ကိုယ့်ရဲ့ တက်တူးဒီဇိုင်းကို ရုပ်လုံးကြွသွားအောင်လို့ ဘယ်လိုတက်တူးဒီဇိုင်းမျိုးကို ရွေးချယ်ထားပါသလဲ။

Source: Fashionbeans

Featured Image: YouTube