အားလပ်ရက်မှာ ကမ်းခြေဘက် ခရီးထွက်ဖို့ ဖြစ်ဖြစ် ၊ ရေကူးကန်မှာ အပန်းဖြေချင်လို့ပဲ ဖြစ်ဖြစ် အမျိုးသားတွေအတွက် စတိုင်ကျပြီး ပေါ့ပါးလွတ်လပ်တဲ့ ဘောင်းဘီအတို ဖက်ရှင်တွေက ရွေးချယ်စရာ ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။ ပူအိုက်တဲ့ ရာသီအတွက်လည်း အသင့်တော်ဆုံး ဖြစ်သလို ကိုယ့်ရဲ့ စတိုင်ကို အကောင်းဆုံး ပေါ်လွင်စေမယ့် အမျိုးသားဝတ် ဘောင်းဘီအတို ဖက်ရှင် ဒီဇိုင်းတွေကို ဒီဆောင်းပါးလေးကနေတဆင့် ညွှန်းပေးလိုက်ပါတယ်။

(၁) သစ်သီးပုံ ဘောင်းဘီအတို ဒီဇိုင်း

Photo : Man2man

စွဲမက်စရာကောင်းပြီး လူငယ်ဆန်တဲ့ ဖက်ရှင်ဘက်ကို ဦးစားပေး ရွေးချယ်ချင်တယ်ဆိုရင် ဖရဲသီးပုံ ၊ ရေခဲချောင်းပုံနဲ့ နာနတ်သီးပုံ ဘောင်းဘီတို ဒီဇိုင်းတွေကို ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

(၂) တိရိစ္ဆာန်ပုံ ဘောင်းဘီအတို ဒီဇိုင်း

Photo : Man2man

Sexy ကျတဲ့ ယောကျာ်းတစ်ယောက်ရဲ့ အသွင်ကို ပေါ်လွင်ချင်တယ်ဆိုရင်တော့ တိရိစ္ဆာန်ပုံ ပုံနှိပ်ဒီဇိုင်းတွေ ဖြစ်တဲ့ Flamingos ၊ ကြက်တူရွေး နဲ့ ကျားသစ်ပုံ ဘောင်းဘီတို ဒီဇိုင်းတွေက ရွေးချယ်ဝတ်ဆင်နိုင်ပါတယ်။

(၃) အစင်း ၊ အစက်အပြောက် နဲ့ တြိဂံပုံ ဘောင်းဘီအတို ဒီဇိုင်း


Photo : Man2man

အစင်းဒီဇိုင်းတွေ ၊ အပြောက်အစက်နဲ့ တြိဂံပုံသဏ္ဍာန် ဘောင်းဘီအတို ဒီဇိုင်းတွေကလည်း အမျိုးသားတွေနဲ့ လိုက်ဖက်မှုရှိတဲ့ ဘောင်းဘီအတို ဒီဇိုင်းတွေ ဖြစ်ပါတယ်။

(၄) ပြောက်ကျားပုံ ဘောင်းဘီတို ဒီဇိုင်း


Photo : Man2man

အမျိုးသားတွေအတွက် အထာကျကျနဲ့ အမြဲစတိုင်ကျနေစေတဲ့ ဒီဇိုင်းကတော့ ပြောက်ကျားပုံ ဘောင်းဘီတို ဒီဇိုင်းတွေပါပဲ။

(၅) ပန်း/အပွင့်အခက် ဘောင်းဘီတို ဒီဇိုင်း


Photo : Man2man

ကမ်းခြေနဲ့အလိုက်ဖက်ဆုံး Hawaiian Shirt နဲ့ ဖြစ်ဖြစ် အရောင်ခပ်လွင်လွင် Shirtတွေနဲ့ပဲ ဖြစ်ဖြစ် တွဲဖက်ဝတ်ဆင်လို့ ကောင်းတဲ့ အပွင့်အခက် ဘောင်းဘီတို ဒီဇိုင်းတွေလည်း ရွေးချယ်နိုင်ပါတယ်။

(၆) အားကစား ဘောင်းဘီတို ဒီဇိုင်း


Photo : Man2man

ရေကူးချိန်မှာ ပေါ့ပါးလွတ်လပ်ပြီး ယောကျာ်းပီသမှုအပြည့်နဲ့ စတိုင်ကျနေစေမယ့် အားကစား ဘောင်းဘီတို ဒီဇိုင်းတွေ ရွေးချယ်သင့်ပါတယ်။

(၇) အပြေးသမားစတိုင် ဘောင်းဘီတို ဒီဇိုင်း


Photo : Man2man

အားလပ်ရက်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ စတိုင်ကျကျ ရှိုးထုတ်ချင်တယ်ဆိုရင် အပြေးသမားစတိုင် ဘောင်းဘီတို ဒီဇိုင်းတွေ ရွေးချယ်လို့ ရပါတယ်။

(၈) ရေကူး ဘောင်းဘီတို ဒီဇိုင်း


Photo : Man2man

Bum Bags ၊ နေကာမျက်မှန်နဲ့ Flip Flops / Slides ဖိနပ်ကောင်းကောင်းတစ်ရံ စတဲ့ ဖက်ရှင်အသုံးအဆောင် ပစ္စည်းတွေနဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် လုံးဝစတိုင်ကျ သားနားနေစေမယ့် နွေရာသီ ဘောင်းဘီအတို ဒီဇိုင်း ဖက်ရှင်တစ်ခု ဖြစ်ပါတယ်။

Featured Photo : DMARGE