လက်ရှိမှာ ၂၀၂၂-၂၀၂၃ ဘောလုံးရာသီက မပြီးဆုံးသေးပေမယ့်လည်း လာမယ့် ဘောလုံးရာသီသစ်မှာ ဝတ်ဆင်သွားမယ့် ဘောလုံး ဂျာစီသစ် တွေကိုတော့ တချို့ဘောလုံးအသင်းတွေက ထုတ်ပြန်ထားခဲ့ကြပါတယ်။ ဘယ်အသင်းတွေ ဘယ်လို ဂျာစီဒီဇိုင်းသစ်တွေကို လာမယ့် ဘောလုံးရာသီအတွက် ပြင်ဆင်ထားပြီလဲဆိုတာ လေ့လာလိုက်ရအောင်လားဗျာ။

မန်စီးတီး

mancity

Photo Credit : Footy Headlines

ဒီနှစ်ဘောလုံးရာသီမှာ အသင်း သမိုင်းတလျှောက် အမြင့်ဆုံး အောင်မြင်မှုဖြစ်တဲ့ ဖလား(၃)လုံးကို ရယူနိုင်ဖို့ အလားအလာကောင်းနေတဲ့ မန်စီးတီးအသင်းက မနေ့ကပဲ သူတို့ရဲ့ ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် အိမ်ကွင်း ဂျာစီသစ် ကို ထုတ်ဖော်လိုက်ပါတယ်။ အသင်းရဲ့ ဦးစားပေး အရောင်ဖြစ်သော မိုးပြာရောင်ကိုမှ ဒီရာသီလို ဂျာစီတစ်ခုလုံး မိုးပြာရောင် မဟုတ်ပဲ အမည်း အစင်းလေးတွေပါ ထည့်သွင်းထားလို့ စီးတီး ပရိသတ်တွေအတွက် အမြင်ဆန်းနေစေမှာ သေချာပါတယ်။

လီဗာပူးလ်

liverpoolfc

Photo Credit : Footy Headlines

ပရီးမီးယားလိဂ် ကလပ်အသင်းတွေထဲမှာ လာမယ့်ရာသီအတွက် ဂျာစီကို အစောဆုံး ကြေညာခဲ့တဲ့ အသင်းပါ။ လီဗာပူးလ်ရဲ့ ၂၀၂၃-၂၀၂၄ အတွက် အိမ်ကွင်း ဂျာစီသစ် မှာတော့ ဒီရာသီ ဝတ်ဆင်နေတဲ့ ဂျာစီကိုမှ လည်ပင်းအပတ် နဲ့ လက်မောင်းအပတ်တွေမှာ အဖြူရောင်အပတ်တွေ ထည့်သွင်းလိုက်သလိုပါပဲ။ အသင်းရဲ့ (၁၂၅)နှစ်ပြည့် အထိန်းအမှတ်တုန်းက ဝတ်ဆင်ခဲ့တဲ့ အိမ်ကွင်းဂျာစီနဲ့ ခပ်ဆင်ဆင် ဆိုပေမယ့်လည်း အဲ့ဒီတုန်းကတော့ လည်ပင်းပေါက်က v shaped ပုံစံ ဖြစ်နေခဲ့တာပါ။

ဘိုင်ယန်မြူးနစ်

Bayern Munich 2023-24 home kit

Photo Credit : Goal

ပြီးခဲ့တဲ့ ရက်ပိုင်းကမှ ဂျာမန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်က နောက်ရာသီမှာ ဝတ်ဆင်သွားမယ့် အိမ်ကွင်း ဂျာစီသစ် ကို ထုတ်ဖော်လိုက်ပါတယ်။ ဘိုင်ယန်က နှစ်တိုင်းလိုလိုမှာ အိမ်ကွင်းဂျာစီကို အနီရောင် ဦးစားပေးအဖြစ် ဝတ်ဆင်ခဲ့ပြီး ဒုတိယအရောင်အဖြစ် အဖြူရောင်ကို အသုံးပြုပါတယ်။ ဒါပေမယ့် ၂၀၂၃-၂၀၂၄ မှာတော့ ဘိုင်ယန်က အဖြူရောင် ဦးစားပေး အရောင်အနေနဲ့ သုံးစွဲထားပြီး လက်မောင်းနဲ့ ဘောင်းဘီကိုသာ အနီရောင်တွေ အသုံးပြုထားပါတယ်။

ဂျုဗင်တပ်စ်

juvefc

Photo Credit : Juventus

ဂျုဗင်တပ်စ်ကတော့ လာမယ့် ရာသီမှာ ဝတ်ဆင်သွားမယ့် သူတို့ရဲ့ အိမ်ကွင်း ဂျာစီသစ် ကို ခရီမိုနီဆီနဲ့ စီးရီးအေ ပွဲစဉ်မှာပဲ စတင် ဝတ်ဆင်သွားခဲ့ပါသေးတယ်။ ဂျုဗင်လို ပြောလိုက်တာနဲ့ မြင်းကျားအရောင်ကို ဦးစားပေးထားတဲ့ အစဉ်အလာအတိုင်း အဖြူ နဲ့ အမည်းရောင်တွေထဲမှာ Addis တံဆိပ် အသင်းရဲ့လိုဂိုနဲ့ ပခုံးအစင်းတွေမှာတော့ အဝါရောင်တောက်တောက်တွေ ပေါင်းစပ်ပေးထားပါတယ်။