ယောကျာ်းလေး ဘော်ဒါ အဖွဲ့တစ်ဖွဲ့မှာ အဖျော်အစပ် ကျွမ်းကျင်တဲ့ Bartender တစ်ယောက်တော့ အမြဲပါပါတယ်။ ဒီလို အဖျော်အစပ်ကျွမ်းတဲ့ အဖျော်ဆရာ ဘော်ဒါရဲ့ Skill ကျတဲ့ လက်ရာတွေနဲ့ပဲ ဘော်ဒါတွေစုံလို့ ဝိုင်းတည်တိုင်း အားလုံး နတ်ပြည်ရောက်ကြရတာပဲ မဟုတ်လား။ ကွီးတို့ ဘော်ဒါတွေထဲမှာရော ဘယ်သူက အဖျော်အစပ် အတော်ဆုံးလဲ? ဒီတစ်ခေါက်မှာတော့ ပရော်ဖက်ရှင်နယ် Bartender တစ်ယောက်မဟုတ်ရင်တောင် အဖျော်အစပ် ဝါသနာပါသူတိုင်း လွယ်လွယ်ကူကူ ကိုယ်တိုင်ဖျော်စပ်နိုင်မယ့် ကော့လ်တေး Drinks Recipes တွေကို ပြောပြပေးပါမယ်။
(၁) Gin & Tonic
Photo : The Spruce Eats
ပါဝင်ပစ္စည်းများ
- Gin ၂ အောင်စ
- Tonic Water ၆ အောင်စ
- သံပုရာခြမ်း ၁ စိပ်
ဖျော်စပ်နည်းအဆင့်ဆင့်
Collins Glass ထဲကို Gin နဲ့ Tonic Water တို့နဲ့အတူ ရေခဲအနည်းငယ်ရောထည့်ပါ။ သံပုရာခြမ်းလေး အလှဆင်ပြီး အလွယ်ကူဆုံး Gin & Tonic တစ်ခွက် သုံးဆောင်နိုင်ပါပြီ။
(၂) Dark ‘n Stormy
Photo : The Spruce Eats
ပါဝင်ပစ္စည်းများ
- Dark Rum ၂ အောင်စ
- Ginger Beer ၄ အောင်စ
- သံပုရာရည် ၀.၅ အောင်စ
- သံပုရာသီး ၁ စိပ်
ဖျော်စပ်နည်းအဆင့်ဆင့်
ဖန်ခွက်ထဲကို ရေခဲအပြည့်ဖြည့်ပြီး Dark Rum ၊ Ginger Beer နဲ့ သံပုရာရည် တို့ကို ဖော်ပြပါ အချိုးအစားအတိုင်း ရောထည့်ပါ။ ထို့နောက် သံပုရာခြမ်းလေး အလှဆင်ပြီး ပြင်းရှထိမိတဲ့ Dark ‘n Stormy ကော့လ်တေးတစ်ခွက် သုံးဆောင်နိုင်ပါပြီ။
(၃) Negroni
Photo : The Spruce Eats
ပါဝင်ပစ္စည်းများ
- Gin ၁ အောင်စ
- Campari ၁ အောင်စ
- Sweet Vermouth ၁ အောင်စ
- အလှဆင်ရန် လိမ္မော်ခွံ
ဖျော်စပ်နည်းအဆင့်ဆင့်
ပါဝင်ပစ္စည်းအားလုံးကို ဖန်ခွက်တစ်ခုထဲမှာရောထည့်ပြီး ရေခဲအနည်းငယ်ပေါင်းထည့်ကာ အေးလာတဲ့အထိ မွှေပေးပါ။ ပြီးခဲ့တဲ့ ရေခဲထည့်ပြီး အအေးခံထားတဲ့ Old Fashioned ဖန်ခွက်ထဲကို ကော့လ်တေးဖျော်ရည်ချည်းသပ်သပ် စစ်ထည့်ပေးပါ။ နောက်ဆုံးမှာတော့ လိမ္မော်ခွံလေး အလှဆင်ပြီး အမိုက်စား Negroni ကော့လ်တေးတစ်ခွက်နဲ့ Enjoy လုပ်နိုင်ပါပြီ။
ကဲဒါဆို ကွီးတို့ အဖွဲ့ထဲက အဖျော်အစပ် ဝါသနာပါတဲ့ ဘော်ဒါ ကြီးကို Mixology Skill ပြနိုင်ဖို့ မန့်ရှင်းခေါ်လိုက်ပါဦး။
Featured Photo : Flamingo