ပေါ့ပေါ့ပါးပါးနဲ့ အရသာရှိပြီး လန်းဆန်းစေမယ့် Drinks မျိုး သောက်ချင်တယ်ဆိုရင်တော့ Sea Breeze ကော့လ်တေး ကို Try ကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဗော့ဒ်ကာ Vodka ၊ Cranberry Juice ၊ Grapefruit Juice စတဲ့ အဓိက ပါဝင်ပစ္စည်း ၃ မျိုးနဲ့ အချိုးကျကျ ပေါင်းစပ်ဖျော်ထားပြီး အစွမ်းကုန် Refreshing ဖြစ်စေမယ့် ကော့လ်တေးတစ်ခွက် ဖြစ်ပါတယ်။

Sea Breeze ကော့လ်တေး

Photo : A Couple Cooks

Sea Breeze ကော့လ်တေးကို ၁၉၂၀ ခုနှစ်တွေမှာ စတင်တီထွင်ခဲ့တာပါ။ ပထမဆုံး Sea Breeze ကော့လ်တေးကတော့ Gin နဲ့ Grenadine ကို သုံးပြီးဖျော်စပ်ထားတာ ဖြစ်ပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ်တွေကစပြီးမှ Cranberry Juice နဲ့ ပုံစံပြောင်းပြီး ဖျော်စပ်ခဲ့တာ ဖြစ်ပါတယ်။

Sea Breeze ကော့လ်တေး

Photo : A Couple Cooks

ကော့လ်တေးဖျော်စပ် နည်းကလည်း တကယ့်ကို လွယ်လွယ်ကူကူနဲ့ ရိုးရိုးရှင်းရှင်းပါပဲ။ ဘော်ဒါတွေနဲ့အတူတူ ညနေခင်းပါတီဆင်နွဲချိန်မှာဖြစ်စေ ၊ ရေကူးကန်ဘေး အနားယူအပန်းဖြေချိန်တွေမှာဖြစ်စေ သောက်လို့အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းတဲ့ ကော့လ်တေးတစ်ခွက်ဖြစ်တာကြောင့် ဝိတ်ချနေသူတွေ ၊ ကိုယ်အလေးချိန်တက်မှာ စိတ်ပူသူတွေ စိတ်ချလက်ချသောက်နိုင်ပါတယ်။ ကဲဒါဆို လွယ်ကူရိုးရှင်းတဲ့ Sea Breeze ကော့လ်တေးဖျော်စပ်ပုံအဆင့်ဆင့်ကို ကြည့်လိုက်ရအောင်ပါ။

Sea Breeze ကော့လ်တေး

Photo : A Couple Cooks

Sea Breeze ကော့လ်တေး ဖျော်စပ်ဖို့အတွက် အရင်ဆုံး Highball ဖန်ခွက်ရှည်တစ်လုံးလိုပါတယ်။ ဖန်ခွက်ထဲကို ဗော့ဒ်ကာ Vodka ၁ အောင်စ ၊ Grapefruit Juice ၁ အောင်စနဲ့ Maple Syrup သို့မဟုတ် Simple Syrup ၁ အောင်စတို့ကို ရေခဲအနည်းငယ်ရောထည့်ပြီး မွှေပေးပါ။ ပြီးရင်တော့ အပေါ်ကနေ Cranberry Juice ၃ အောင်စခန့် လောင်းထည့်ပြီး သံပုရာသီးတစ်စိပ်ခန့် ညှစ်ထည့်ပေးလိုက်ပါ။ အချိုအရသာ ပိုကဲချင်တယ်ဆိုရင်တော့ Syrup အနည်းငယ်ပိုထည့်လို့ရပါတယ်။ ဒါဆိုရင် လွယ်ကူရိုးရှင်းပြီး အရသာရှိတဲ့ Sea Breeze ကော့လ်တေးတစ်ခွက်အသင့်သုံးဆောင်နိုင်ပြီဖြစ်ပါတယ်။

Featured Photo : The Spruce Eats