လီယွန်နယ် မက်ဆီ ကတော့ သူ့အသင်းဟောင်း ဘာစီလိုနာဆီကိုလည်း မပြန် ငွေပုံပေါ် ထိုင်ပြီး စံစားနေရမယ့် အယ်လ်ဟီလယ်ကို မရွေးပဲ မေဂျာလိဂ်က ဒေးဗစ်ဘက်ခ်ဟမ်းရဲ့ အင်တာ မိုင်ယာမီအသင်းဆီသာ ရွေးချယ်ခဲ့ပြီးနောက် မက်ဆီနဲ့အတူ မိုင်ယာမီဆီ ထပ်မံ ရောက်ရှိလာနိုင်မယ့် ကစားသမားတွေ များစွာ ရှိလာခဲ့ပါတယ်။

messi busquets alba

Photo Credit : Livescore

မိုင်ယာမီအသင်းကလည်း မက်ဆီကို ခေါ်ယူခဲ့စဉ်တုန်းက မက်ဆီနဲ့ ဘာစီလိုနာအသင်းမှာ လက်တွဲခဲ့ဖူးတဲ့ အသင်းဖော်ဟောင်းတချို့ကိုပါ ခေါ်ယူပေးသွားမယ်လို့ ကတိပေးထားခဲ့တဲ့အတွက် မက်ဆီ ရဲ့ အသင်းဖော်ဟောင်းကြီးတွေဖြစ်သော ဆာဂျီယိုဘူးစကွတ်စ် နဲ့ ယော်ဒီအယ်လ်ဘာတို့ကို ကြိုးပမ်းဖွယ် ရှိနေပါတယ်။ ဒီကစားသမားကြီးနှစ်ဦးလုံးကလည်း ဒီရာသီမှာပဲ ဘာစီလိုနာအသင်းနဲ့ လက်တွဲဖြုတ်ထားခဲ့တာဖြစ်လို့ အလွတ် ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူနိူင်မှာပဲ ဖြစ်ပါတယ်။

busquets alba

Photo Credit : Ynetnews

ဘာစီလိုနာရဲ့ ဘယ်ခြမ်းမှာ မက်ဆီ နဲ့ အလွန်ကို တွဲဖက်မိခဲ့သူ အယ်လ်ဘာ နဲ့ အသင်းကို အကောင်းဆုံး ထိန်းကြောင်း ကစားနိုင်သူ ဘူးစကွက်စ်တို့ထဲက အနည်းဆုံးတော့ ကစားသမားကြီး တစ်ဦးခန့်ကို မိုင်ယာမီအသင်းဘက်က ခေါ်ယူပေးသွားဖွယ် ရှိနေပြီး အသင်းနည်းပြအဖြစ် လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေသူ ဘာစီလိုနာ နည်းပြဟောင်း မာတီနိုကိုပါ တာဝန်ပေးဖွယ်လည်း ရှိနေပါတယ်။ အာဂျင်တီးနားလူမျိုး ဘောလုံးနည်းပြ မာတီနိုဟာ ဘာစီလိုနာမှာ မက်ဆီနဲ့ လက်တွဲခဲ့ဖူးသူလည်းဖြစ်ပြီး အခု မက်ဆီရဲ့ထောက်ခံမှုနဲ့ မိုင်ယာမီက သူ့ကို အသင်းနည်းပြအဖြစ် တာဝန်ပေးသွားဖို့ပါ စီစဉ်လာခဲ့ပါတယ်။

 ANGEL DI MARIA to join Inter Miami

Photo Credit : Inside Sports

ဒါ့အပြင် ဂျုဗင်တပ်စ်အသင်းနဲ့ လမ်းခွဲလိုက်ပြီဖြစ်တဲ့ မက်ဆီရဲ့ လက်ရွေးစင် အသင်းဖော် ဝါရင့် တောင်ပံ ကစားသမားကြီး ဒီမာရီယာကိုလည်း မိုင်ယာမီဘက်က ချဉ်းကပ်လာခဲ့ပြန်ပါတယ်။ ဒါတွေတင်မကသေးပဲ ကွင်းအတွင်းမှာရော ကွင်းအပြင်မှာပါ မက်ဆီရဲ့ အရင်းနှီးဆုံးသော အသင်းဖော်ဖြစ်တဲ့ ဆွာရက်ဇ်ကိုပါ ပစ်မှတ်ထားလာခဲ့ပါသေးတယ်။ ဒီကစားသမားတွေနဲ့ နည်းပြမာတီနိုသာ မိုင်ယာမီအသင်းဆီ ရောက်ရှိလာခဲ့မယ်ဆိုရင်တော့ မက်ဆီ အနေနဲ့ မိုင်ယာမီမှာ ပိုမို ပျော်ရွှင်လာနိုင်ပြီး အခုလည်း မက်ဆီရဲ့ effects တွေကြောင့် အသင်းပွဲစဉ်တွေရဲ့ လက်မှတ်ခတွေနဲ့ အသင်းပိုင် တရားဝင် လူမူကွန်ယက် စာမျက်နှာတွေက followers အရေအတွက်တွေဟာလည်း တဟုန်ထိုးကို မြင့်တက်နေရပါတယ်။

Featured Photo : Bola