တစ်နေ့တာအတွင်းမှာ မကြာခဏ ဆီးသွားနေရတယ်ဆိုရင် ကွီးတို့ရဲ့ နေ့စဉ်ဘဝထဲက လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာစေမှာ အမှန်ပါပဲ။ ဆီးသွားတာဟာ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ရိုးလုပ်စဉ်တစ်ခုလို့ ဆိုပေမယ့်လည်း သာမန်ထက်ပိုပြီး အကြိမ်ရေများများ သို့မဟုတ် မကြာခဏ ဆီးသွားချင်နေတာဟာ သတိထားရမယ့် ရောဂါအခြေအနေတွေနဲ့ ဆက်စပ်နေတဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။ လေ့လာမှုတွေအရတော့ အမေရိကန်နိုင်ငံမှာ အရွယ်ရောက်ပြီးသူ ဦးရေ ၃၃ မီလီယံဟာ မကြာခဏဆီးသွားတဲ့ ပြဿနာကြုံနေကြရပြီး အထူးသဖြင့် အသက်အရွယ် ကြီးရင့်လာမှုအရ အမျိုးသားတွေမှာ ဆီးကျိတ်ကြီးလာကြောင့် မကြာခဏဆီးသွားတာမျိုး ဖြစ်နိုင်သလို အမျိုးသမီးတွေမှာလည်း သွေးဆုံးချိန်မှာ ဆီးသွားနှုန်း အကြိမ်အရေဟာ သာမန်ထက်ပို တိုးလာနိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ မကြာမကြာ ဆီးသွားချင် နေရတဲ့ ဖြစ်နိုင်ခြေအရှိဆုံး အကြောင်းအရင်းတွေကို ပြောပြပေးချင်ပါတယ်။
ဆီးမထိန်းနိုင်တဲ့ရောဂါ
Photo : Corpus
Overactive Bladder လို့ခေါ်တဲ့ ဆီးမထိန်းနိုင်တဲ့ရောဂါဟာ မကြာမကြာ ဆီးသွားချင် နေရတဲ့ အဓိက အဖြစ်အများဆုံး တရားခံ ဖြစ်ပါတယ်။ ဆီးမထိန်းနိုင်တဲ့ရောဂါ ခံစားနေရတယ်ဆိုပါက နေ့ဘက်မှာ ၈ ကြိမ်ထက်ပိုပြီး ဆီးသွားနိုင်သလို ညသန်းခေါင်အချိန်မှာလည်း ၁ ကြိမ်ထက်ပိုပြီး ဆီးထသွားရနိုင်ပါတယ်။
ဆီးကျိတ်ကြီးခြင်း
Photo : Busch Center
အမျိုးသားတွေမှာ ဖြစ်တက်တဲ့ အခြေအနေပါ။ ဆီးကျိတ်ကြီးတဲ့ ရောဂါဟာ အသက် ၄၀ မတိုင်ခင်မှာ အများဆုံး ဖြစ်ပွားနိုင်ပြီး ဆီးကျိတ်ကြီးခြင်းကြောင့် ဆီး မကြာမကြာ သွားချင်တာ ၊ ဆီးမထိန်းနိုင်တာတွေ ဖြစ်တက်ပါတယ်။
ဆီးချိုရောဂါ
Photo : Telegraph India
ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲအနေနဲ့ သွေးတွင်းသကြားဓာတ် မြင့်မားခြင်းကြောင့် မကြာခဏဆိုသလို ရေဆာရေငတ်ခြင်းကို ဖြစ်စေပါတယ်။ ရေခဏခဏ သောက်မိခြင်းကြောင့် ပုံမှန်ထက်ပိုဆီးရွှင်ပြီး မကြာမကြာ ဆိုသလို ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတက်ပါတယ်။
လေဖြတ်ခြင်း
Photo : Vitals by Sutter Health
လေဖြတ်ခြင်းကြောင့် ဦးနှောက်ကနေ ဆီးအိမ်အပေါ် ထိန်းချုပ်နိုင်စွမ်း လျှော့ကျပြီး ဆီးမထိန်းနိုင်တာ ၊ မကြာမကြာ ဆီးသွားတာမျိုး ဖြစ်ပါတယ်။
ဆီးအိမ်ရောင်ရောဂါ
Photo : Advanced Gynecology
Interstitial Cystitis လို့ခေါ်ပါတယ်။ ဒီပြဿနာဟာ အမျိုးသမီးတွေမှာ အများဆုံးဖြစ်တက်ပြီး ဆီးအိမ်နာခြင်းနဲ့ ဆီးအိမ်ကျယ်ခြင်းစတဲ့ အခြေအနေတွေနဲ့အတူ မကြာမကြာ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတက်ပါတယ်။ ဆီးသွားလိုက်ပြီးချိန်မှာတော့ ဆီးအိမ်ရောင်ရမ်းနာကျင်မှု ဝေဒနာကို ပြန်လည်သက်သာစေနိုင်ပါတယ်။
ရေများများသောက်ခြင်း သို့မဟုတ် အစားအသောက်များကြောင့် ဖြစ်ပေါ်စေခြင်း
Photo : NBC News
ရေများများသောက်တဲ့အခါမှာ မကြာခဏ ဆီးသွားရမျိုး ဖြစ်တက်ပါတယ်။ အလားတူပါပဲ အချို့သော အစားအသောက်တွေကလည်း ဒီလိုအခြေအနေကို ဖန်တီးပေးပါတယ်။ ဥပမာအားဖြင့် ကဖိန်းဓာတ် ၊ Citrus အသီးအနှံ့နဲ့ တခြားအက်ဆစ်တွေ ၊ ချောကလက် ၊ အချိုဓာတ်အတု ၊ အရက်နဲ့ စပ်တဲ့အစားအစာတွေကြောင့်လည်း ဆီးအိမ်ကို တွန်းအားဖြစ်ပေါ်စေနိုင်ပြီး မကြာမကြာ ဆီးသွားချင် စိတ်ကိုဖြစ်စေနိုင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်း
Photo : Texas MedClinic
ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါမှာလည်း မကြာမဏ ဆီးသွားချင်စိတ်ကို ဖြစ်ပေါ်စေတက်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ပြီဆိုရင် များသောအားဖြင့် ဆီးထဲမှာသွေးစပါတာ ၊ ဆီးနည်းနည်းပဲသွားတာ ၊ ဆီးမထိန်းနိုင်တာ ၊ ဆီးသွားတဲ့အခါ ပူစပ်ပူလောင် ခံစားရတာနဲ့ တင်ပါးဆုံတွင်း နာကျင်ခြင်းစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရနိုင်ပါတယ်။
ဆီးအိမ်ကင်ဆာ
Photo : News – Loma Linda University
နောက်ဆုံးတစ်ချက်ကတော့ ဆီးအိမ်ကင်ဆာကြောင့်ပါ။ ဆီးအိမ်ကင်ဆာ ခံစားရပါက မကြာခဏ ဆီးသွားချင်စိတ်ကို ဖြစ်စေတက်ပါတယ်။ သို့သော်လည်း အရမ်းကြီးမစိုးရိမ်ပါနဲ့။ ဒါဟာဖြစ်တောင့်ဖြစ်ခဲ ရောဂါအခြေအနေတစ်ခု ဖြစ်ပါတယ်။
Featured Photo : University Hospitals