၂၀၂၃ခုနှစ် မတ်လ ထဲမှာ ဘောလုံးသမားဘဝ ကို နိဂုံးချုပ်ခဲ့ကြတဲ့ ကစားသမားတချို့ ရှိနေကြပြီး အဲ့ဒီထဲကမှ ဘောလုံးဝါသနာရှင် ကွီးတို့နဲ့ သိပ်မစိမ်းလှတဲ့ ကစားသမား (၃) ဦး အကြောင်းကို ဖော်ပြပေးသွားချင်ပါတယ်။
လူးကပ်စ်လီဗာ
Photo Credit : Liverpool FC
အသက်(၃၆)နှစ်အရွယ် ဘရာဇီးလ် ဝါရင့် ကွင်းလယ်ကစားသမားကြီး လူးကပ်စ်ကတော့ လီဗာပူးလ်နဲ့ လာဇီယိုအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ အတွေ့အကြုံရင့် ကစားသမားတစ်ဦး ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းမှာ ဆယ်စုနှစ်တစ်ခုလောက်အထိ ပါဝင်ခဲ့သူ လူးကပ်စ်ဟာ လာဇီယိုနဲ့လည်း စီးရီးအေမှာ (၅)ရာသီကြာ ကျင်လည်ခဲ့ပြီး အမိမြေ ဘရာဇီးလ်ကလပ် ဂရီမဲရိုးဆီ ပြောင်းရွှေ့ချိန်မှသာ နှလုံးဝေဒနာ ခံစားနေရတဲ့ အခြေအနေ ရှိနေကြောင်း စစ်ဆေးတွေ့ရှိမိတာကြောင့် မတ်လ (၁၇)ရက်နေ့မှာပဲ ဘောလုံးသမားဘဝ ကနေ အပြီးတိုင် အနားယူလိုက်ရပါတယ်။
အဒီဘာယော
Photo Credit : Goal
တိုဂိုလို အာဖရိကရဲ့ မထင်မရှားနိုင်ငံလေးက မွေးဖွားလာပြီး ရီးယဲလ်မက်ဒရစ် အာဆင်နယ် မန်စီးတီး စပါးတို့လို အသင်းတွေမှာပါ ပါဝင်နိုင်ခဲ့သူ တိုက်စစ်ကစားသမားကြီး အဒီဘာယောဟာလည်း အသက်(၃၉)နှစ်အရွယ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်ဖြစ်ခဲ့ပါတယ်။ မိုနာကိုအသင်းနဲ့ စတင် ထွန်းတောက်လာခဲ့တဲ့ အဒီဘာယောက အာဆင်နယ် မန်စီးတီး စပါး ရီးယဲလ် ခရစ္စတယ်ပဲလေ့စ် အစ္စတန်ဘူလ်ဘာရှက်ဆီဟီတို့မှာ ကစားခဲ့ဖူးပြီး အဲ့ဒီနောက်မှာတော့ ဆက်ကစားနေသေးလားတောင် မသိရတော့ပဲ မတ်လ (၂၁)ရက်မှာပဲ ကစားသမားဘဝကို လုံးဝ အဆုံးသတ်ပြီဖြစ်ကြောင်း ထုတ်ပြန်လာခဲ့ပါတယ်။
အိုဇေး
Photo Credit : Marca
ဒီ မတ်လ ထဲ retire ယူသွားတဲ့ ကစားသမားတွေထဲမှာ နာမည်အကြီးဆုံး ကစားသမားကတော့ အိုဇေးပါ။ Assist King လို့တောင် တင်စားခေါ်ဆိုရမယ့် ဂျာမနီ ကွင်းလယ်ကစားသမား အိုဇေးကတော့ ရှော်ကေး ဝါဒါဘရီမင် ရီးယဲလ် အာဆင်နယ် ဖီနာဘာချီ ဘာရှက်ဆီဟီတို့မှာ ပါဝင်ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၄ခုနှစ်တုန်းကလည်း ဂျာမနီနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ တကယ့်ကို အရည်အသွေး ပြည့်ဝလွန်းတဲ့ ကစားသမား ပရိဟတ စိတ်ထားအပြည့်ရှိတဲ့ ကစားသမား အိုဇေးဟာ အသက်(၃၄)နှစ်အရွယ်မှာ ပရော်ဖက်ရှင်နယ် ဘောလုံးသမားဘဝ ကို ကျောခိုင်းဖို့ ဆုံးဖြတ်ခဲ့ရတာဖြစ်ပြီး မနေ့ညကပဲ သူရဲ့ retirement ကို ထုတ်ပြန်သွားခဲ့တာ ဖြစ်ပါတယ်။