မနက်ခင်း စောစော အချိန်မှာ လေ့ကျင့်ခန်း ပြုလုပ်ခြင်းက ကွီးတို့အတွက် ကောင်းကျိုးများစွာကို ဆောင်ကျဥ်းပေးနိုင်ပါတယ်။ အသိသာဆုံး အကျိုးကျေးဇူးတစ်ခုကတော့ ကွီးတို့သည် တစ်နေကုန် တက်ကြွလန်းဆန်းနေပြီး လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများအားလုံးကို အားအင်အပြည့်နဲ့ လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။
ဒါဆိုရင် မနက်ခင်းမှာ ဘယ်လို လေ့ကျင့်ခန်း များကို လုပ်ဆောင်ခြင်းက ကွီးတို့ကို တစ်နေကုန် တက်ကြွ လန်းဆန်းနေမယ်ဆိုတာ သိပြီးပါပြီလား။
ကွီးတို့အတွက် တစ်ပတ်လျှင် (၅) ရက်စာ လေ့ကျင့်ခန်း ပြုလုပ်ဖို့ရန်အတွက် လိုအပ်မယ့် လေ့ကျင့်ခန်းများကို ဝေမျှပေးလိုက်ရပါတယ်။ တစ်နေ့ကို အချိန်အများကြီး ပေးစရာမလိုပါဘူး။ မိနစ်ပိုင်းလောက် အချိန်ပေးကာ လုပ်ရုံနဲ့ လုံလောက်ပါပြီ။
Workout One
ပထမရက်မှာ ပြုလုပ်ရမယ့် လေ့ကျင့်ခန်းများကတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။
(၁) Jumping Jacks – ၁ မိနစ် ပြုလုပ်ပါ။
(၂) Body-Weight Squats – စက္ကန့် ၃၀ ပြုလုပ်ပါ။
(၃) Plank – ၁ မိနစ် ပြုလုပ်ပါ။
(၄) Mountain Climbers – စက္ကန့် ၃၀ ပြုလုပ်ပါ။
ထို့နောက် စက္ကန့် ၃၀ အနားယူပါ။ ဒါဆိုရင်တော့ တစ်ကျော့ ပြည့်သွားပါပြီ။ ၄ ကျော့လောက် ပြုလုပ်ပေးနိုင်ပါတယ်။
Workout Two
(၁) Russian Twist – အကြိမ် ၃၀ ပြုလုပ်ပါ။
(၂) Medicine Ball Crunches – ၁၂ ကြိမ်၊ ၄ ကျော့ ပြုလုပ်ပါ။
စက္ကန့် ၂၀ မှ ၄၅ စက္ကန့် အနားယူပါ။
Workout Three
(၁) Plank to Push Up – စက္ကန့် ၂၀ ပြုလုပ်ပါ။
(၂) Mountain Climbers – စက္ကန့် ၂၀ ပြုလုပ်ပါ။
(၃) V-Ups – စက္ကန့် ၂၀ ပြုလုပ်ပါ။
စက္ကန့် ၃၀ အနားယူပါ။ ပြီးရင်တော့ (၅) ကျော့ ပြည့်အောင် ဆက်လုပ်ရပါမယ်။
Workout Four
(၁) Jump Squats – အကြိမ် ၂၀ ပြုလုပ်ပါ။
(၂) Push Up – အကြိမ် ၂၀ ပြုလုပ်ပါ။
(၃) Plank + Arm Lift – တစ်ဖက်လျှင် အကြိမ် ၂၀ ပြုလုပ်ပါ။
စက္ကန့် ၂၀ အနားယူပါ။ ပြီးရင်တော့ (၄) ကျော့ ပြည့်အောင် ဆက်လက် ဆော့ကစားပါ။
Workout Five
(၁) Star Squats – အကြိမ် ၂၀ ပြုလုပ်ပါ။
(၂) Wall Sits – စက္ကန့် ၂၀ ပြုလုပ်ပါ။
(၃) Side Planks – ၁ မိနစ် ပြုလုပ်ပါ။
စက္ကန့် ၃၀ အနားယူပါ။ ပြီးရင်တော့ (၅) ကျော့ ပြည့်အောင် ဆက်လက် ဆော့ကစားပါ။
ဒီလေ့ကျင့်ခန်းများကတော့ မနက်ခင်း အချိန်မှာ မိနစ်ပိုင်းလောက် ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်း များပဲဖြစ်ပါတယ်။
ကွီးတို့ရော တစ်နေကုန် တက်ကြွ လန်းဆန်းဖို့အတွက် လေ့ကျင့်ခန်းများ ပြုလုပ်ဖို့ ရယ်ဒီပဲလား။
Source: Mensjournal
Featured Image: Healthonomic