မနက် စောစောထတာက ကောင်းမွန်တဲ့ အာရုံစူးစိုက်မှု၊ ခန္ဓာကိုယ်အတွက်စွမ်းအင်နဲ့ အခြားအပြုသဘောဆောင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေတယ်ဆိုတာ လူတော်တော်များများက သိပြီးသားဖြစ်မှာပါ။ သို့သော်လည်း မနက်စောစော ထနိုင်ဖို့က လူတော်တော်များများအတွက် ခက်ခဲပါတယ်။ ကွီးတို့အနေနဲ့ ဘက်ပေါင်းစုံကနေ အပြုသဘောဆောင်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်‌အောင် မနက်စောစော ထတဲ့ အလေ့အကျင့်ကိုလုပ်ချင်ပါသလား။ ဒါဆိုရင်တော့ မနက်စောစောထနိုင်ဖို့ ကွီးတို့ပြုလုပ်သင့်တဲ့ နည်းလမ်း ကောင်းများ တစ်နည်းအားဖြင့် စောစောထတတ်တဲ့ အလေ့အကျင့်ကို ရအောင် ကူညီပေးမယ့် ရိုးရှင်းတဲ့ အချက်လေးတွေကို ကြည့်လိုက်ရအောင်။

(၁) စောစော အိပ်ရာဝင်နိုင်အောင် ကြိုးစားပါ

မနက်စောစောထနိုင်ဖို့ နည်းလမ်း

Photo : MensXP

မနက်စောစောထနိုင်ဖို့ ကွီးတို့ပြုလုပ်သင့်တဲ့ အရမ်းကိုရိုးရှင်းတဲ့ နည်းလမ်း ကတော့ စောစောအိပ်ရာဝင်တာပဲ ဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူအများစုက ညပိုင်းမှာ နောက်ကျမှအိပ်ရာဝင်တတ်ကြပါတယ်။ ဒါကြောင့် အစပိုင်းမှာ စောစောအိပ်ရာဝင်ဖို့ဟာ စောစောအိပ်ရာထသကဲ့သို့ ခက်ခဲမှာပါ။ ထို့ကြောင့် ကွီးတို့ ခန္ဓာကိုယ်ကို စောစောအိပ်မောကျစေဖို့ လေ့ကျင့်ပေးဖို့လိုပါတယ်။ ဒီလိုလုပ်ခြင်းကပဲ ကွီးတို့ မနက်စောစောထဖို့ ကူညီပေးပါလိမ့်မယ်။

(၂) အိပ်ရာမဝင်မှီ ဒီဂျစ်တယ် ပစ္စည်းများနဲ့ဝေးဝေးနေပါ

မနက်စောစောထနိုင်ဖို့ နည်းလမ်း

Photo : Ladders

ကွီးတို့အနေနဲ့ အိပ်ရာမဝင်မီ မိနစ် ၃၀ ခန့်အလိုတွင် စမတ်ဖုန်းများ၊ လက်ပ်တော့များနဲ့ ဝေးဝေးနေခြင်းက  ပိုမိုကောင်းမွန်စွာ အိပ်ပျော်စေပါတယ်။ The Sleep Judge အဆိုအရ ဖန်သားပြင်များမှ ထုတ်လွှတ်သော အပြာရောင်အလင်းက ကွီးခန္ဓာကိုယ်ရဲ့ သဘာဝ Melatonin အဆင့်ကို ပြောင်းလဲစေပြီး အိပ်ပျော်ရန် ပိုမိုခက်ခဲစေတယ်လို့ဆိုပါတယ်။ နည်းပညာဝင်ရောက်စွက်ဖက်မှုလုံးဝမရှိဘဲ စောစီးစွာအိပ်ရာဝင်တာက ကွီးတို့အား နောက်နေ့တွင် စောစောထနိုင်ဖို့ အထောက်အကူပြုစေရုံသာမက စွမ်းအင်လည်း ပြည့်ဝစေပါတယ်။

(၃) လိုက်ကာဖွင့်ပြီးအိပ်ပါ

မနက်စောစောထနိုင်ဖို့ နည်းလမ်း

Photo : VeryWell Health

မနက်စောစောထနိုင်ဖို့ နောက်ထပ် နည်းလမ်း တစ်ခုကတော့ လိုက်ကာဖွင့်ပြီးအိပ်ခြင်းပဲ ဖြစ်ပါတယ်။ လူတော်တော်များများက အခန်းထဲမှာ လိုက်ကာရှိရင် အိပ်ရာဝင်ခါနီးဆို ပိတ်ပြီးအိပ်လေ့ရှိပါတယ်။ မနက်စောစောထနိုင်ဖို့အတွက် အိပ်ရာမဝင်မီ လိုက်ကာများကိုအနည်းငယ်ဖွင့်ထားပါ။  ဤနည်းဖြင့် နေရောင်ခြည်က ကွီးတို့ကို သဘာဝကျကျ နိုးထစေရန် ကူညီပေးပါလိမ့်မယ်။ နေသာသောနေ့များတွင်၊ ၎င်းက ထိရောက်သောဗျူဟာတစ်ခုဖြစ်ပါတယ်။

(၄) တစ်ညလုံး အလုပ်လုပ်ခြင်းကိုရှောင်ပါ

get up early

Photo : SelfDecode Health

ကွီးတို့ရေ အလုပ်တစ်ခုပြီးအောင်လုပ်ဖို့ တစ်ညလုံးမအိပ်တာက ပညာရှိရွေးချယ်မှုမဟုတ်ပါဘူး။ နောက်နေ့မနက်မှာ ပင်ပန်းနွမ်းနယ်မှုကို ဖြစ်စေရုံသာမက အိပ်ရေးမဝခြင်းက ကွီးတို့ခန္ဓာကိုယ်ရဲ့ ကောင်းစွာလုပ်ဆောင်နိုင်စွမ်းကို အတားအစီးဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် ဒီလို မကြခဏ ညလုံးပေါက်အလုပ်လုပ်တာဟာ တစ်ခါတစ်လေတော့ ကိစ္စမရှိပေမဲ့ ကြာလာရင် မနက်စောစောထနိုင်ဖို့ အနှောင့်အယှက်ဖြစ်ရုံသာမက အိပ်စက်ခြင်းစက်ဝန်းကိုပါထိခိုက်လာနိုင်ပါတယ်။

(၅) နှိုးစက်ကို ဝေးဝေးထားပါ

get up early

Photo : English Sleep Blog

ကျွန်တော်တို့ အပါအဝင်တော်တော်များများ မနက်အစောထနိုင်ဖို့ နှိုးစက်ပေးထားပေမဲ့ ချက်ချင်းမထနိုင်ဘဲ ပိတ်ပြီးပြန်အိပ်တာ၊ နှိုးစက်ကို ၅ မိနစ်ကို တစ်ခါ အကြိမ်ပေါင်းများစွာထားတာမျိုးတွေလုပ်တတ်ပါတယ်။ ဒီလိုမလုပ်မိအောင် ကွီးတို့အိပ်ရာနဲ့ဝေးဝေး နှိုးစက်ကိုထားပါ။ ဒါဆိုရင် နှိုးစက်မြည်တာနဲ့ ပြန်ပိတ်ပြီး အိပ်တာမျိုး မလုပ်မိတော့ဘဲ တစ်ပြိုက်နက် ကွီးတို့ တစ်ခါတည်းထပြီးသား ဖြစ်စေမှာပါ။ အချို့သောသူများအတွက် ဒီနည်းလမ်းက အမှန်တကယ်ကို အကျိုးရှိတယ်လို့ဆိုပါတယ်။

ကွီးတို့ရေ စောစောထခြင်းဟာ ကျန်းမာရေးအတွက်သာမက ကွီးတို့နေ့စဉ် ဘဝအတွက်ပါကောင်းမွန်သော အကျိုးသက်ရောက်မှုများစွာကို ရနိုင်ပါတယ်။

Source : Herzing University

Featured Photo : Enterpreneur