ဗြိတိန်အခြေစိုက် အွန်လိုင်း လောင်းကစား ကုမ္မဏီတွေ စုဆောင်းထားတဲ့ အချက်အလက်များကို အခြေခံပြီး တွက်ချက်ထားတဲ့ စူပါကွန်ပျူတာရဲ့ ခန့်မှန်းချက်တွေအရ အခု ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲကြီးမှာလည်း လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးအသင်းသာ ထပ်မံ ဗိုလ်စွဲနိုင်ခြေ ရှိနေတယ်လို့ သိရပါတယ်။

guardiola

Photo Credit : Sky Sports

မန်စီးတီး အသင်းက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ရယူနိုင်ခဲ့ရင်းနဲ့ ပရီးမီးယားလိဂ်ဖလား နဲ့ အက်ဖ်အေဖလားတို့ကိုပါ ပိုင်ဆိုင်ပြီး တစ်ရာသီအတွင်း ဆုဖလား (၃)လုံး Treble Champions ဖြစ်ခဲ့ရပါတယ်။ အခု ဘောလုံးရာသီမှာလည်း ပြီးခဲ့တဲ့ ရာသီကလို မလျော့တဲ့ အောင်မြင်မှုတွေ ထပ်မံ ရယူနိုင်ဖွယ် ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

city

Photo Credit : The National

ဒါ့အပြင် စူပါကွန်ပျူတာရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် ခန့်မှန်းမှုမှာဆိုရင်လည်း မန်စီးတီး အသင်းက (၆၁.၁)%နဲ့ ပထမဆုံးနေရာကနေ ရေပန်းအစားဆုံး ဖြစ်နေရပြီး မန်စီးတီးရဲ့နောက်မှာတော့ ဘိုင်ယန်မြူးနစ်က (၁၃.၂)% နဲ့ ဒုတိယ ရီးယဲလ် မက်ဒရစ်အသင်းက (၁၀.၃)% နဲ့ တတိယနေရာတို့မှာ ရေပန်းစားနေကာ အာဆင်နယ်ကတော့ (၅.၃)% နဲ့ စတုတ္ထ အလားအလာကောင်းဆုံးအဖြစ် ခန့်မှန်းထားခံခဲ့ရပါတယ်။

top four

Photo Credit : Twitter

ဒီလို တွက်ချက်မှုထဲမှာ ပရီးမီးယားလိဂ် ကလပ်အသင်းတွေအတွက် တွက်ချက်မှုတွေလည်း ပါဝင်နေပြီး မန်စီးတီးကို ထပ်မံ ဗိုလ်စွဲမယ်လို့ ခန့်မှန်းထားပြီး အာဆင်နယ်ကိုတော့ ဆီမီးဖိုင်နယ်လောက်အထိ တက်လှမ်းမယ်လို့ ခန့်မှန်းခဲ့ပြီးနောက် နောက်ထပ် ပရီးမီးယားလိဂ် အသင်းတွေဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကိုတော့ (၁၆)သင်း ရှုံးထွက်အဆင့်နဲ့ပဲ ရပ်တန့်သွားနိုင်တယ်လို့ ခန့်မှန်ထားကာ နယူးကာဆယ်အသင်းကလည်း အုပ်စုအဆင့်ကို မကျော်နိုင်ပဲ ယူရိုပါလိဂ်ကိုသာ ရောက်သွားလိမ့်မယ်လို့ စူပါကွန်ပျူတာ ကနေ တွက်ချက်ထားခဲ့ပါတယ်။

Featured Photo : Eurosport