လိင်ဆက်ဆံမှုက အရွယ်ရောက်ပြီးသူများအတွက် သဘာဝသာ ဖြစ်ပြီး စိတ်လှုပ်ရှား ပျော်ရွှင်ဖွယ်ကောင်းတဲ့ သာယာသော ခံစားမှုသာ ဖြစ်သင့်ပါတယ်။ လိင်ဆက်ဆံဖော်နှစ်ဦးလုံးအတွက် ကောင်းမွန်သာယာသော ခံစားချက် ရရှိဖို့လိုပါတယ်။ ဒီနေရာမှာ အမျိုးသားများအနေနဲ့ မိမိသာယာမှုကိုသာ အလေးမထားဘဲ ကိုယ့်ရဲ့ပါတနာကိုပါ စိတ်ကျေနပ်မှုရအောင် အလေးပေးသင့်ပါတယ်။ ဒီလိုမျိုး ကိုယ့်အတွက်သာ အားစိုက်နေပါက ကြာလာလျှင် တစ်ဖက်သားက ဒီ လိင်မှုကိစ္စ အပေါ် စိတ်ပျက်လာတာမျိုး ဖြစ်လာနိုင်ပြီး နှစ်ဦးသား ဆက်ဆံရေးကို ထိခိုက်လာနိုင်စေပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးမှာ မယ်မဒီလေး တို့ တမ်းတမ်းစွဲ ဖြစ်စေမယ့် သိုင်းကွက်တစ်ကွက်ကို ပုရိသတို့အတွက် ဝေမျှပေးချင်ပါတယ်။

မယ်မဒီလေး တမ်းတမ်းစွဲ

Photo : Scary Mommy

ဒါကတော့ Foreplay ကို အလေးထားခြင်းပဲ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့သလိုပါပဲ၊ လိင်ဆက်ဆံမှုမှာ နှစ်ဦးနှစ်ဖက် သာယာစေဖို့က အဓိကကျပါတယ်။ အထူးသဖြင့် အမျိုးသားများဟာ ကိုယ်လိုချင်တဲ့အရာကို ချက်ချင်းပြုလုပ်တာမျိုးက ကောင်းမွန်သော လိင်မှုဆက်ဆံရေး ဖြစ်လာဖို့ အနှောင့်အယှက်ဖြစ်ပါတယ်။ ဒါကြောင့် အရင်ဆုံး လိင်ဆက်ဆံမှု မစတင်ခင် ကိုယ့်ရဲ့ ချစ်ခင်ကြင်နာမှုကိုလည်း ပြသရာရောက်သလို တစ်ဖက်သားကိုလည်း ပိုမိုစိတ်ပါလာအောင် လမ်းကြောင်းပေးနိုင်တဲ့ Foreplay ကို အလေးပေးပြီး ပြုလုပ်သင့်ပါတယ်။

Foreplay ဆိုတာ

မယ်မဒီလေး တမ်းတမ်းစွဲ

Photo : Her World Singapore

Foreplay မှာ ထိတွေ့ခြင်း၊ နမ်းခြင်း၊ ပွေ့ဖတ်ခြင်း၊ ညင်သာစွာ ပွတ်သပ်ခြင်း၊ လက်ဖြင့် စတင်ခြင်းနဲ့ အချင်းချင်း၏ လိင်အင်္ဂါများကို ထိတွေ့ခြင်း စတဲ့ အမျိုးမျိုးသော မတူညီတဲ့ လုပ်ဆောင်မှုများ ပါဝင်နိုင်ပါတယ်။ Foreplay ရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လိင်စိတ်အားထက်သန်မှုကို တိုးလာစေရန်နှင့် အထူးသဖြင့် အမျိုးသမီးများအတွက် ခန္ဓာကိုယ်မှ အလိုအလျောက် ချောဆီများထွက်လာပြီး လိင်ဆက်ဆံမှုကို အဆင်ပြေစေရန် ဖြစ်ပါတယ်။

Foreplay ကို အလေးပေးခြင်းဖြင့် လိင်ဆက်ဆံမှုမှာ ကောင်းကျိုးတွေလည်း ရရှိစေပါတယ်။ ဒါတွေကတော့

အထွတ်အထိပ် ခံစားမှုကို ရရှိစေတယ်

မယ်မဒီလေး တမ်းတမ်းစွဲ

Photo : Men’s Health

Foreplay က သာယာမှု ရရှိစေရန်အတွက် ခန္ဓာကိုယ်ကို ပြင်ဆင်ပေးတာ ဖြစ်ပါတယ်။ နမ်းခြင်း၊ ဆုပ်ကိုင်ခြင်းနှင့် ထိတွေ့ခြင်းများစွာ ပါဝင်လာတဲ့အခါမှာ သာယာသောခံစားမှုကလည်း မြင့်လာလေ ဖြစ်လာပါတယ်။ ထိုသို့ဖြင့် အခက်အခဲမရှိဘဲ ခံစားမှု အထွတ်အထိပ် (Orgasm) ကို ရရှိစေနိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးများက ခံစားမှု အထွတ်အထိပ် (Orgasm) ရရှိဖို့ အချိန်ကြာတတ်ပါတယ်။ ဒါကြောင့် ရှည်လျားပြီး ပိုမိုပြင်းထန်သော Foreplay လှုပ်ရှားမှုက အမျိုးသမီးများအတွက် ခံစားမှု အထွတ်အထိပ် ရရှိစေဖို့ အခွင့်အလမ်း ပိုများပါတယ်။ ဒါကြောင့် ကွီးတို့ရဲ့ မယ်မဒီလေး တမ်းတမ်းစွဲ ဖို့ Foreplay ကို မဖြစ်မနေ အလေးပေးဆောင်ရွက်သင့်ပါတယ်။

ပိုမို ရင်းနှီးစေပါတယ်

Photo : Flawless World

Foreplay က နှစ်ဦးနှစ်ဖက်လုံးအတွက် ပိုမိုရင်းနှီးစေသော လှုပ်ရှားမှုတစ်ခု ဖြစ်ပါတယ်။ ဒါ့အပြင် Foreplay က တစ်ဦးကိုတစ်ဦး ပိုမိုနက်ရှိုင်းသော ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုအပြင် စိတ်ပိုင်းဆိုင်ရာလည်း ချိတ်ဆက်မိစေပါတယ်။ Foreplay က ကိုယ်နဲ့ ကိုယ့်ပါတနာကြားမှာ ဆန္ဒများနှင့် လိုအပ်ချက်များအကြောင်း အချင်းချင်း ပြောဆိုနိုင်စေပြီး နားလည်မှုလည်း ပိုရရှိစေပါတယ်။ ၎င်းကလည်း ပိုမို ရင်းနှီးပြီး ကောင်းမွန်သော ဆက်ဆံရေးကို ရရှိစေပါတယ်။

အကျဉ်းချုပ်အနေနဲ့ကတော့ Foreplay ကိုအလေးပေးခြင်းက တစ်ဖက်သားရဲ့ သာယာမှုကို အလေးထား စဉ်းစားပေးရာရောက်သလို လိင်ပိုင်းဆိုင်ရာအတွက်လည်း များစွာ အထောက်အကူပြုစေပါတယ်။ ဒါ့အပြင် ကွီးတို့ရဲ့ မယ်မဒီလေးလည်း ကွီးတို့အပေါ် အချစ်တိုးလာမှာ အသေအချာပါပဲ။

Source : India Times

Featured Photo : Glamour UK