လေ့ကျင့်ခန်းမလုပ်ခင် Warming Up မဖြစ်မနေ လုပ်ရသလို အိပ်ရာထက်မှာ သိုင်း ကျင့်တော့မယ်ဆိုရင်လည်း Foreplay လို့ခေါ်တဲ့ အတူမနေခင် ကြိုတင်အရှိန်ယူ ပြင်ဆင်နှိုးဆွမှုအဆင့်ကို သေချာပေါက် အချိန်ပေးလုပ်ဖို့ အရေးကြီးပါတယ်။ ဒါကို Sexual Warm-up လိင်မှုဆိုင်ရာ သွေးပူလှုံ့ဆော်မှုလို့ ခေါ်ပါတယ်။ ချစ်တင်းနှောတဲ့အခါမှာ ကနဦးအစပျိုးမှု Foreplay အဆင့်ကို ဘာကြောင့် ကျော်မသွားသင့်တာလဲ ၊ Foreplay က လိင်ဆက်ဆံမှုအပေါ် ဘယ်လောက်အထိ အကျိုးသက်ရောက်မှု ရှိစေလဲဆိုတာ ဒီဆောင်းပါးလေးကနေ ပြောပြပေးချင်ပါတယ်။

(၁) အထွတ်အထိပ်ကို ရောက်စေတယ်

couple

Photo : Her World Singapore

ကျွန်တော်တို့ ရုပ်ရှင်တစ်ကားနဲ့ နှိုင်းယှဉ်ကြည့်ရအောင်ပါ။ ရုပ်ရှင်ကားတစ်ကားကြည့်တဲ့အခါ စလည်ဆုံး အားလုံးကို အဆင့်ဆင့် မခံစားပဲ ဇာတ်သိမ်းပိုင်းကို ကျော်ကြည့်မယ်ဆိုရင် ရုပ်ရှင်ရဲ့အနှစ်သာရကို ထိထိမိမိ ခံစားနိုင်မှာ မဟုတ်ပါဘူး။ ဒီလိုပါပဲ လိင်ဆက်ဆံမှုဆိုတာဟာလည်း အစပျိုးမှုကနေ အဆုံးသတ်အချိန်အထိ တဆင့်ချင်း မသွားရင် အံ့ဩစရာကောင်းတဲ့ အထွတ်အထိပ်အရသာကို ခံစားနိုင်မှာ မဟုတ်ပါဘူး။ ဆိုလိုတာကတော့ သိုင်း ကွက်တွေ ဘယ်လောက်ပဲ ထုတ်သုံးပါစေ Foreplay ကိုကျော်သွားရင် အထွတ်အထိပ်ကို ရောက်ဖို့ခက်ပါလိမ့်မယ်။ သင်ရော သင့်ပါတနာပါ အထွက်အထိပ်ကို ရောက်ချင်တယ်ဆိုရင်တော့ Foreplay အတွက် အချိန်ပေးဖို့ လိုပါမယ်။

(၂) တစ်ယောက်ဆန္ဒကိုတစ်ယောက် သိနိုင်တယ်

couple

Photo : Glamour

လိင်မှုကိစ္စမှာ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှဖို့က သိပ်အရေးကြီးပါတယ်။ ဒီလိုအပေးအယူမျှမျှ နှစ်ပါးသွားနိုင်ဖို့ရာ တစ်ယောက်ရဲ့အကြိုက်တွေ ၊ မကြိုက်တဲ့အချက်တွေ ၊ လိုအင်ဆန္ဒတွေကို တစ်ယောက်က သေချာသိနားလည်ထားဖို့ လိုမှာပါ။ Foreplay ဆိုတာဟာ တနည်းအားဖြင့် စူစမ်းလေ့လာရေး ခရီးစဉ်တစ်ခုလို့လည်း ပြောလို့ရပါတယ်။ Foreplay အဆင့်မှာကတည်းက အထိအတွေ့ ၊ အနုအရွတွေနဲ့ ကိုယ့်ပါတနာရဲ့ ပျော့ကွက်/တပ်မက်မှုဆန္ဒတွေကို ကောင်းကောင်းကြီး ရှာဖွေနိုင်ပါတယ်။ ဘယ်လို အကြင်နာယုယပုံတွေက သူမရဲ့အသက်ရှုသံတွေကို ပြင်းလာစေလဲ ၊ ဘယ်အရာတွေကိုတော့ သူမ,သိပ်ဘဝင်မခိုက်ဘူးလဲဆိုတာကို သိနိုင်မှာဖြစ်တဲ့အတွက် သိုင်း ကွက်တွေထုတ်သုံးရမယ့် နောက်ထပ်တဆင့်မှာ ကိုယ့်ပါတနာကို ဘယ်လိုပုံစံအကောင်းဆုံး ကိုင်တွယ်ရမလဲဆိုတာ နားလည်သဘောပေါက်သွားမှာ ဖြစ်ပါတယ်။

(၃) ရင်းနှီးမှု တိုးစေတယ်

couple

Photo : Shy Magazine

Foreplay အဆင့်ဟာ သင်နဲ့သင့်ပါတနာကို အိပ်ရာထက်မှာ နှလုံးသားချင်း ပိုပြီးနီးကပ်စေရုံမက နှစ်ဦးသားရဲ့ဆက်ဆံရေးနဲ့ ရင်းနှီးမှုကိုလည်း ပိုမိုပွင့်လင်းမြင်သာ ရှိလာစေပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးမှုတိုးလာလေ ရှက်စိတ်ကြောက်စိတ်တွေပိုနည်းပြီး စိတ်ဖိစီးမှုကင်းတဲ့ လိင်ဆက်ဆံမှု အခိုက်အတန့်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်လေ ဖြစ်ပါတယ်။

(၄) လိင်စိတ်ဆန္ဒကို နိုးကြားစေတယ်

couple

Photo : Telia Help

ဒါကလည်း အရေးကြီးပါတယ်။ လိင်ဆက်ဆံတဲ့အခါမှာ နှစ်ဦးစလုံးဟာ စိတ်ဆန္ဒတွေ နိုးကြားတက်ကြွနေဖို့ လိုပါတယ်။ ဒါမှလည်း အပေးအယူမျှမျှ ၊ တက်တက်ကြွကြွနဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်မှာပါ။ သိုင်း မကျင့်ခင် Foreplay အဆင့်မှာ တစ်ယောက်နဲ့တစ်ယောက် အနမ်းအရှုံ့ ၊ အပွတ်အသပ် ၊ အထိအတွေ့တွေနဲ့ ကာမခလုတ်တွေကို ဖွင့်ပေးတာဟာ နှစ်ဦးသားရဲ့ ရင်ခုန်စိတ်လှုပ်ရှားမှုတွေကို အမြင့်ဆုံးအထိ မြှင့်တင်ပေးနိုင်ပြီး လိင်စိတ်ဆန္ဒကို ပိုမိုနိုးကြားတက်ကြွလာအောင် နှိုးဆွပေးနိုင်မှာဖြစ်ပါတယ်။

(၅) အရှိန်ပြန်တင်နိုင်တယ်

Photo : Scary Mommy

Foreplay ဆိုတာ လိင်ဆက်ဆံမှုမပြုခင် ရှေ့ပြေးအကြို နှိုးဆွမှုသပ်သပ်ပဲ မဟုတ်ပါဘူး။ သိုင်း ကွက်တွေထုတ်ပြီး အတူနေ, နေစဉ်အတွင်းမှာလည်း နောက်ထပ်တစ်ကြော့ပြန် နှိုးဆွနိုင်ပါသေးတယ်။ ထိုးသွင်းဆက်ဆံမှုလုပ်နေချိန်မှာပဲ အနမ်းတွေချွေပြီး ပန်းတွေဝေအောင်လုပ်နိုင်သလို လိင်ဆက်ဆံမှုကနေ ခဏ Break ယူပြီး နောက်တစ်ကြိမ်ပြန်စချိန်မှာလည်း နှိုးဆွမှုတွေနဲ့အတူ အချစ်ရမက်မီးတွေကို တဟုန်းဟုန်းတောက်လောင်အောင် အရှိန်ပြန်တင်နိုင်ပါတယ်။

ဒီလောက်ဆို Foreplay ရဲ့ အရေးပါမှုကြီးကို ကွီးတို့ ကောင်းကောင်းနားလည်သဘောပေါက် သွားလောက်မယ်ထင်ပါတယ်။ ကဲဒါဆို ကွီးတို့ သိုင်း ကွက်တွေနဲ့ ကစားတဲ့အချိန်တိုင်းမှာ Foreplay အဆင့်ကို သေချာအချိန်ပေးပြီး ရင်ခုန်စိတ်လှုပ်ရှားစရာ အချိန်တွေကို ဖန်တီးလိုက်ပါ။

Featured Photo : Times of India