လူတိုင်းလူတိုင်းဟာ နေ့ရက်တိုင်း မျှော်လင့်ချက်တွေ ကိုယ်စီနဲ့ ရုန်းကန်နေကြသူတွေချည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်နှစ်ယောက်များ အောင်မြင်တဲ့ဘဝ ၊ တစ်နည်းအားဖြင့် ကိုယ်မှန်းထားတဲ့ ပန်းတိုင်နဲ့ နီးသထက် နီးလာကြပြီလို့ ခံစားရမိသလဲလို့မေးရင် အတော်လေး ရာခိုင် နှုန်း နည်းကြမှာပါ။ ဒါဆိုဘာကြောင့် အောင်မြင်မှုဆီ မရောက်နိုင်သေးတာလဲ။ ဒီတစ်ခေါက်တော့ မအောင်မြင်သေးတဲ့ သူတွေမှာ အများဆုံး တွေ့ရတတ်တဲ့ အချက်တွေကို ပြောပြပေးချင်ပါတယ်။
(၁) အစီအစဉ် မရှိခြင်း
Photo : Legacy Assurance Plan
အောင်မြင်မှုအတွက် အစီအစဉ်က အရေးကြီးဆုံးပါ။ ဘဝကို တစ်ဆင့်ချင်း တက်မယ့်သူဟာ ကိုယ်နင်းတက်မယ့် လှေကားနဲ့ ကိုယ်သွားမယ့် လမ်းကြောင်းကို ရေရေရာရာ တိတိကျကျ သိကိုသိနေရမှာ ဖြစ်ပါတယ်။
(၂) ပြတ်သားတဲ့ ရည်မှန်းချက် မရှိခြင်း
Photo : Depositphotos
အောင်မြင်မှုဆိုတာ သိပ်ကိုကျယ်ပြန့်ပါတယ်။ ဘာကို လိုချင်တာလဲ ၊ ဘယ်တော့ လိုချင်တာလဲ ၊ အဲ့ဒီအတွက် ဘာတွေ လုပ်ဖို့လိုသလဲဆိုတဲ့ အာရုံပြတ်သားမှု မရှိရင် ပန်းတိုင်ဟာ ဝေးသထက် ဝေးနေဦးမှာပါ။ ပန်းတိုင်တစ်ခုချင်းစီမှာ အာရုံစူးစိုက်မှု လိုပါတယ်။
(၅) ပြင်းပြတဲ့ဆန္ဒ မရှိခြင်း
Photo : Renovo – UK.COM
အောင်မြင်မှုအတွက် ဆန္ဒပြင်းပြင်းပြပြ ရှိနေဖို့ လိုပါတယ်။ အောင်မြင်မှုကို လိုလိုလားလား တောင့်တောင့်တတ ရှိမှသာ အောင်မြင်မှုက ကိုယ့်ရှေ့ကို ဆိုက်ဆိုက်ရောက်လာမှာပါ။
(၄) အခြေအနေမှန်နဲ့ ဝေးနေခြင်း
Photo : Thrive Global
လူအများစု ကျရှုံးကြတဲ့နေရာမှာ နားလည်နိုင်စွမ်း နည်းပါးခြင်းလည်း ပါပါတယ်။ အများစုဟာ သူတို့ရဲ့ စွမ်းရည်ကို ပိုပိုသာသာ တွက်ချက်ထားတတ်ပြီး ကြုံတွေ့လာနိုင်တဲ့အခက်အခဲကိုတော့ လျှော့တွက်ထားလေ့ရှိပါတယ်။ လုပ်ငန်းတစ်ခုကို လုပ်ဆောင်တော့မယ်ဆိုရင် အရာအားလုံးကို သိနားလည်ထားမှသာ ပန်းတိုင်ကို ရောက်ရှိနိုင်မှာ ဖြစ်ပါတယ်။
(၅) စည်းကမ်း မရှိခြင်း
စည်းကမ်းမရှိရင် အစီအစဉ်ကလည်း အလကားပါပဲ။ ကိုယ်က အစီအစဉ်ကို ချမှတ်ထားသူဖြစ်တာကြောင့် ကိုယ့်ရဲ့ အစီအစဉ်ကို ကိုယ်တိုင် စည်းကမ်းရှိရှိနဲ့ လိုက်နာမှသာ အောင်မြင်မှာ ဖြစ်ပါတယ်။
Featured Photo : Renovo – UK.COM