မာဆယ် တွေ ထွက်လာအောင်လို့ ၃ လ၊ ၆ လလောက် သေချာ ဂရုစိုက် ပြီး အသည်းအသန်တွေ ဆော့ပြီးခါမှ အကြောင်းအမျိုးမျိုးကြောင့် ဆက်မဆော့ကြတဲ့သူတွေ အမျိုးသားထုကြီးထဲမှာရှိပါတယ်။ ကွီးတို့ ကိုယ်တိုင်ရော အဲ့ဒီလိုမျိုး အဖျားရှူးသွားတဲ့ ထိုအမျိုးသားထုကြီးထဲမှာ ပါနေပြီလား။

ဒါဆိုရင်တော့ အစပိုင်းမှာ ကွီးတို့ ပင်ပင်ပန်းပန်း ဆော့ကစားထားတဲ့အရာတွေက နှမြောစရာကောင်းပါတယ်။

ဒီလိုမျိုး သဲထဲရေသွန်မဖြစ်ဖို့အရေး ကိုယ့်ရဲ့ မာဆယ် တွေကို သေချာ ဂရုစိုက် ဖို့ လိုအပ်ပါတယ်။

ဘယ်လိုနည်းလမ်းများနဲ့ ထိန်းသိမ်းထားနိုင်မလဲဆိုတော့ …

  • ပရိုတိန်းဓာတ် များများ မှီဝဲပါ
  • အိုမီဂါသရီးဓာတ် ပါဝင်တဲ့ အစားအစာများ များများစားသုံးပါ
  • ဗီတာမင်ဒီဓာတ်ကိုလည်း မေ့ထားလို့မရပါဘူး
  • လေ့ကျင့်ခန်းများကို ပုံမှန်နှုန်းအတိုင်း ဆက်လုပ်သွားပါ
  • ကိုယ့်ကိုယ်ကိုယ် တစ်ရက် အလိုလိုက်ပါ

ဒီနည်းလမ်း (၅) မျိုးကတော့ ကွီးတို့ရဲ့ မာဆယ်တွေကို ပုံပျက်မသွားအောင် ကူညီပေးမှာပဲဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ပါဆိုတာကတော့ ၆ ရက်လောက် ပင်ပင်ပန်းပန်း ကြိုးစားထားပြီး တစ်ရက်ကိုတော့ ကိုယ် လုပ်ချင်တာ လုပ်လို့ရအောင် လွှတ်ထားလိုက်ပါ။ သွားရေစာတွေ စားချင်တယ်ဆိုလည်း စားလိုက်ပါ။ ဒါပေမဲ့ တစ်ပတ်မှာ တစ်ရက်ပဲ အလိုလိုက်ရမှာ ဖြစ်ပါတယ်။

ကျန်တဲ့ရက်တွေကတော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများနဲ့ ကိုယ့်ကိုယ်ကိုယ် ထရိန်းဖို့ လိုအပ်ပါတယ်။

လေ့ကျင့်ခန်း (၁)

မာဆယ် ဂရုစိုက်

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ အလေးတန်းကို ပုခုံးပေါ်မှာ တင်ထားပါ။ ထို့နောက် တင်းပါးကို နောက်ပစ်ပြီး ဒူးနှစ်ဖက်ကို ကွေးချကာ Squat ထိုင်ပါ။ စုစုပေါင်း ၁၆ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၂)

မာဆယ် ဂရုစိုက်

ခုံတန်းပေါ်မှာ ပုံပါအတိုင်း လှဲလျောင်းနေပါ။ ထို့နောက် အလေးတုံးကို အပေါ်မြှောက်လိုက် ပြန်ချလိုက်ဖြင့် တစ်လှည့်စီ ပြုလုပ်ရမှာဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၃)

မာဆယ် ဂရုစိုက်

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပါ။ ထို့နောက် ခန္ဓာကိုယ်အပေါ်ပိုင်းကို အောက်သို့ အနည်းငယ် ကိုင်းလိုက်ပြီး ဒူးနှစ်ဖက်ကလည်း အလိုက်သင့်လေး ကွေးချလိုက်ရပါမယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပါ။

လေ့ကျင့်ခန်း (၄)

မာဆယ် ဂရုစိုက်

ခြေထောက်နှစ်ဖက်ကို အနည်းငယ် ချဲထားပြီး ဒူးနှစ်ဖက် ကွေးထားပါ။ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။ ထို့နောက် အလေးတုံးကို အပေါ်သို့ မြှောက်လိုက်ပါ။ ထိုအချိန်မှာပဲ ဒူးနှစ်ဖက်ကို ပြန်လည်ဆန့်တန်းလိုက်ပါ။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

လေ့ကျင့်ခန်း (၅)

လေ့ကျင့်ခန်း (၅)

ဒီလေ့ကျင့်ခန်း ပြုလုပ်ဖို့အတွက် TRX ကြိုးတစ်စုံ လိုအပ်ပါလိမ့်မယ်။ ထိုကြိုးကို အသုံးပြုကာ ဒိုက်ထိုးသလို ပြုလုပ်ရမှာပဲဖြစ်ပါတယ်။ စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ရပါမယ်။

ဒီလေ့ကျင့်ခန်းများကတော့ ကွီးတို့ရဲ့ ခန္ဓာကိုယ် ကြွက်သားများကို သန်မာလာအောင် ကူညီပေးမယ့် လေ့ကျင့်ခန်းများပဲ ဖြစ်ပါတယ်။

ကွီးတို့ရော ကိုယ်က ကြိုးစားပမ်းစား ရယူထားတဲ့ မာဆယ်တွေ ပျောက်မသွားအောင် ဘယ်လိုမျိုး ကြိုးစားပမ်းစား ထိန်းသိမ်းလေ့ရှိပါသလဲ။

Source: Mensjournal

Featured Image: Freepik