ခန္ဓာကိုယ် ကျစ်လျစ်သန်မာဖို့အတွက် ဘယ်လို လေ့ကျင့်ခန်းတွေ ပြုလုပ်ရမလဲဆိုတာ စဥ်းစားရကြပ်နေပါသလား။ မိနစ်ပိုင်း အတွင်း ဘော်ဒီ တောင့်မယ့် လေ့ကျင့်ခန်းများကို မပြုလုပ်ချင်ဘူးလား။
ကွီးတို့အဖြေက ရက်စ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် လေ့ကျင့်ခန်းများကို ပြုလုပ်နိုင်ပါတယ်။ ဒီလေ့ကျင့်ခန်းများကို ပြုလုပ်ဖို့ အချိန် မိနစ်ပိုင်းပဲ လိုတာဆိုတော့ အလုပ်များတဲ့ ကွီးတို့အတွက် သင့်တော်ပါတယ်။
လေ့ကျင့်ခန်း မစခင်မှာ သွေးပူလေ့ကျင့်ခန်းကို ၅ မိနစ်မှ ၁၀ မိနစ်ခန့် ပြုလုပ်ဖို့ မမေ့ပါနဲ့။
လေ့ကျင့်ခန်း (၁)
Photo: Menshealth
အဆင့် (၁) အရင်ဦးဆုံး ကြမ်းပြင်ပေါ်မှာ ဝမ်းလျားမှောက်နေပါ။
အဆင့် (၂) ထို့နောက် ခြေထောက်နှစ်ဖက်နှင့် လက်နှစ်ဖက်ကို မြှောက်လိုက်ပါ။ ပုံပါအတိုင်း ပြုလုပ်ရမှာဖြစ်ပါတယ်။ စက္ကန့် ၂၀ မှ ၃၀ လောက် တောင့်ထားပါ။
အဆင့် (၃) မူလအနေအထားအတိုင်း ပြန်နေပါ။
ဒီအထိပြီးသွားရင် တစ်ကြိမ် ပြည့်သွားပါပြီ။
ထိုအဆင့်များကို တစ်လှည့်စီ ပြုလုပ်ရင်း စုစုပေါင်း အကြိမ် ၂၀ ပြုလုပ်ရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
အဆင့် (၁) ဘယ်ခြေကို ခုံပေါ်မှာ တင်ထားကာ လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။
အဆင့် (၂) ထို့နောက် ဘယ်ဒူးကို အောက်သို့ ညွှတ်ချလိုက်ပြီး ညာဒူးကို ၉၀ ဒီဂရီ ကွေးချလိုက်ပါ။
အဆင့် (၃) ထို့နောက် မူလအနေအထားအတိုင်း ပြန်ရပ်နေပါ။
၁၅ ကြိမ် ပြည့်တဲ့အခါ ခြေထောက်ကို ဘက်ပြောင်းကာ ၁၅ ကြိမ် ထပ်ဆော့ပါ။ စုစုပေါင်း ၃ ကျော့ ဆော့ကစားဖို့ လိုပါတယ်။
လေ့ကျင့်ခန်း (၃)
Photo: Gfycat
အဆင့် (၁) ခြေထောက်နှစ်ဖက်ကို ပုခုံးအကျယ်ထက် အနည်းငယ် ချဲထားပါ။ လက်နှစ်ဖက်က အလေးပြား ကိုင်ထားပါ။ အဆင့် (၂) ထို့နောက် တင်ပါးကို နောက်ပစ်ပြီး Squat ထိုင်ကာ လက်နှစ်ဖက်က အရှေ့သို့ ဆန့်တန်းလိုက်ပါ။
အဆင့် (၃) ထို့နောက် မူလအနေအထားအတိုင်း ပြန်နေပါ။
စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ဆော့ကစားဖို့ လိုပါတယ်။
လေ့ကျင့်ခန်း (၄)
အဆင့် (၁) ဘလော့ဂ်တုံးပေါ်မှာ ပုံပါအတိုင်း မတ်တပ်ရပ်နေပြီး အလေးတန်းကို ပုခုံးနောက်မှာ ထားထားပါ။
အဆင့် (၂) ထို့နောက် ခြေထောက်နှစ်ဖက်ကို ကြွပေးလိုက်ပါ။
စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ပြုလုပ်ပေးလိုက်ပါ။
လေ့ကျင့်ခန်း (၅)
အဆင့် (၁) ခြေထောက်နှစ်ဖက်က အနည်းငယ် ချဲထားပြီး လက်နှစ်ဖက်က အလေးတုံးကို ကိုင်ထားပါ။
အဆင့် (၂) တံတောင်ကို ကွေးလိုက်ပြီး အလေးတုံးကို ရင်ဘတ်ဆီသို့ ဆွဲမလိုက်ပါ။
အဆင့် (၃) ထို့နောက် အလေးတုံးကို ပြန်ချပြီး မူလအနေအထားအတိုင်း ပြန်နေပါ။
စုစုပေါင်း ၁၅ ကြိမ်၊ ၃ ကျော့ ဆော့ကစားဖို့ လိုပါတယ်။
ကွီးတို့ရော အခုဖော်ပြသွားတဲ့ လေ့ကျင့်ခန်းများကို မိနစ်ပိုင်း လောက် ပြုလုပ်ပြီး ကွီးတို့ရဲ့ ဘော်ဒီ ကို တောင့်တင်းလာအောင် မဖန်တီးချင်ဘူးလား။ ကွီးတို့သာ ဘော်ဒီတောင့်သွားရင်တော့ ဆွဲဆောင်မှု တိုးသွားပြီး မဒီလေးတွေ ဝိုင်းဝိုင်းလည်နေမှာ အမှန်ပါပဲ။
Source: Menshealth
Featured Image: Muscleandfitness