လူကြိုက်အများဆုံးနဲ့ ဘားတွေမှာ အမှာအများဆုံးကို Classic ကော့လ်တေးကို ပြောပါဆိုရင် မိုဟီတို Mojitos ကတော့ ထိပ်ဆုံးက ပါပါတယ်။ မိုဟီတို Mojitos ကော့လ်တေးကို အဓိက Rum နဲ့ ဖျော်စပ်ပြီး ပူစီနံရွက် ၊ သကြားရည် ၊ သံပုရည်သီး ၊ Soda Water တို့ပါဝင်ပါတယ်။ Rum Based ကော့လ်တေးတစ်ခွက် ဖြစ်တာကြောင့် မိုဟီတို Mojitos ဖျော်စပ်မယ်ဆိုရင် Rum အမျိုးအစား ကောင်းကောင်းကိုတော့ သုံးဖို့လိုပါတယ်။ ဒီတစ်ခေါက်မှာတော့ မိုဟီတို Mojitos ဖျော်စပ်ဖို့ အကောင်းဆုံး Rum အမျိုးအစားတွေကို ပြောပြပေးမှာ ဖြစ်ပါတယ်။

(၁) Bayou Silver Rum

Photo : The Manual

Bayou Silver Rum ကတော့ အမေရိကန်နိုင်ငံ လူဝီစီယားနားပြည်နယ်ထုတ် Rum အမျိုးအစား ဖြစ်ပါတယ်။ ကြံနဲ့ တင်လဲရည်တို့ကနေ ချက်လုပ်ထားတာ ဖြစ်ပြီး ချိုမြိန်တဲ့ Vanilla ရနံ့နဲ့ တော်ဖီအရသာတို့ ပေါင်းစပ်ပါဝင်ပါတယ်။ မိုဟီတို Mojitos အပါအဝင် Rum နဲ့ ဖျော်စပ်တဲ့ ကော့လ်တေးအမျိုးအစား တော်တော်များများအတွက် အသုံးပြုနိုင်တဲ့ အကောင်းစား Rum တစ်မျိုး ဖြစ်ပါတယ်။

(၂) Banks 5 Island Rum

Photo : The Manual

Banks 5 Island Rum ကတော့ တော်တော်လေး ထူးခြားပါတယ်။ မတူညီတဲ့ ကျွန်း ၅ ကျွမ်းပေါ်က Rum အမျိုးအစားပေါင်း ၂၁ မျိုးကို ပေါင်းစပ် ချက်လုပ်ထားတာ ဖြစ်ပါတယ်။ အနံ့အရသာပိုင်းမှာ တော်တော်လေး ဆွဲဆောင်မှုရှိပြီး ချိုမြမြအရသာနဲ့ ဟင်းခတ်အမွှေးအကြိုင် ရနံ့တို့ ပါဝင်တဲ့ စွဲမက်ဖွယ် Rum တစ်မျိုး ဖြစ်ပါတယ်။

(၃) Mount Gay Silver Rum

Photo : The Manual

Mount Gay Silver Rum ကတော့ Mount Gay အရက်ချက်ရုံကထုတ်တဲ့ တစ်ခုတည်းတော့ Silver Rum တစ်မျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးနဲ့ ကြံတို့ရဲ့ ချိုမြတဲ့အရသာနဲ့ အဆုံးသတ်မှာ ပူစီနံနဲ့ Citrus သီးတွေရဲ့ သင်းပျံ့ရှိန်းအေးတဲ့ ရနံ့တို့ ပေါင်းစပ်ထားပါတယ်။ Mount Gay Silver Rum ဟာ ပူစီနံ့ရဲ့ ရှိန်းအေးမွှေးရနံ့တို့ ပေါင်းစပ်ပါဝင်တဲ့အတွက် မိုဟီတို Mojitosဖျော်စပ်ဖို့ အကောင်းဆုံး Rum ဆိုတာ ငြင်းဆိုစရာမရှိပါဘူး။

(၄) Flor de Caña 4

Photo : The Manual

၄ နှစ်သက်တမ်းရှိတဲ့ Flor de Caña 4 ကတော့ ပေါ့ပေါ့ပါးပါး သောက်လို့ကောင်းတဲ့ Rum Based ကော့လ်တေးတွေ ဖျော်စပ်ဖို့ အကောင်းဆုံး Rum အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ အုန်းသီး ၊ Vanilla နဲ့ ဝက်သစ်ချစည် ရနံ့တို့ ခပ်သင်းသင်းလေးမွှေးပြီး ချိုမြတဲ့အရသာနဲ့ ဟန်ချက်ညီတဲ့ Rum တစ်မျိုး ဖြစ်ပါတယ်။ မိုဟီတို Mojitosဖျော်စပ်မယ်ဆိုရင် Flor de Caña 4 Rum က ပြီးပြည့်စုံတဲ့ ကော့လ်တေးအရသာကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Featured Photo : San Diego Entertainer Magazine