Rum သောက်ပုံသောက်နည်းတွေကတော့ အများကြီးရှိပါတယ်။ Rum ကို သူ့ချည်းသပ်သပ် Neat သောက်ကျသလို တချို့ကလည်း တခြားသော အဖျော်ယမကာတွေနဲ့ရောစပ်ပြီး ကော့လ်တေးအနေနဲ့ သောက်ကြပါတယ်။ တကယ်တော့ Rum ကောင်းကောင်းတစ်ခွက်ဟာ ဝီစကီ Whiskey သောက်နည်းအတိုင်း ဘာ Mixer မှထပ်ပေါင်းစရာမလိုပဲ ရေအနည်းငယ်နဲ့ ရေခဲစိမ်ပြီး သောက်လို့ အဆင်ပြေပါတယ်။ ဒီတစ်ခေါက်မှာ ပြောပြပေးမှာကတော့ Neat သောက်လို့ အဆင်ပြေဆုံး Rum ၄ မျိုး အကြောင်းပါ။

Appleton Estate 21-Year-Old

Photo : The Manual

ဂျမေကာနိုင်ငံထုတ် သက်တမ်းရင့် Appleton Estate Rum ကတော့ Rum ကောင်းကောင်းနှစ်သက်သူတိုင်း မြည်းစမ်းကြည့်သင့်တဲ့ အကောင်းဆုံး Rum တစ်မျိုးပါ။ အမေရိကန်ဝက်သစ်ချစည်တွေထဲမှာ ၂၁ နှစ်ကြာ သိုလှောင်ထားတဲ့ သက်တမ်းရင့် Rum အမျိုးအစားဖြစ်တဲ့အတွက် ချောမွေ့ပြေပြစ်တဲ့အရသာနဲ့ သင်းပျံ့တဲ့ ရနံ့ကို ပေးစွမ်းပါတယ်။ Appleton Estate 21-Year-Old Rum ကို ကော့လ်တေး Drink တွေဖျော်စပ်သောက်ကြသလို Neat သောက်လို့လည်း အဆင်ပြေဆုံး ဖြစ်ပါတယ်။

Santa Teresa 1796 Solera Rum

Photo : The Manual

အကောင်းစား Rum အမျိုးအစားတွေ အကြောင်းပြောရင် ဗင်နီဇွဲလားနိုင်ငံထုတ် သက်တမ်းအရင့်ဆုံး Rum အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Santa Teresa ရဲ့ Santa Teresa 1796 Solera Rum ကိုလည်း မဖြစ်မနေထည့် ပြောရမှာပါ။ ဆေးရွက်ကြီး ၊ သကြားရည်နဲ့ အမဲရောင်ချောကလက်တို့ ရောစပ်ထားတဲ့ စူးရှချိုမွှေးတဲ့ အရသာနဲ့ Rum တစ်မျိုး ဖြစ်ပါတယ်။

Rhum Barbancourt 15-Year-Old

Photo : The Manual

စိတ်ဝိညာဉ်ထဲအထိ စီးမြောသွားစေမယ့် ချောမွေ့ပြေပြစ်တဲ့ သက်တမ်းရင့် Rum ရဲ့ ထိထိမိမိ အရသာမျိုးကို ခံစားချင်တယ်ဆိုရင်‌တော့ Rhum Barbancourt 15-Year-Old Rum ကို မြည်းစမ်းကြည့်ဖို့ အကြံပြုချင်ပါတယ်။ သဘာဝသစ်သီးတွေရဲ့ ချိုမြိန်တဲ့အရသာနဲ့ မြက်စိမ်းရနံ့တို့ သင်းပျံ့မွှေးတဲ့ စွဲမက်စရာ Rum တစ်မျိုးပါ။ Rhum Barbancourt 15-Year-Old Rum ကို Neat သောက်ခြင်းဖြင့် Rum ကောင်း ကောင်းရဲ့အရသာကို ခံစားကြည့်နိုင်ပါတယ်။

Rivers Antoine Grenadian Rum

Photo : The Manual

Rivers Antoine Grenadian Rum ကတော့ Tiki Drinks တွေဖျော်စပ်ရာမှာ အသုံးများတဲ့ Rum တစ်မျိုး ဖြစ်ပါတယ်။ Neat သောက်လို့လည်းအဆင်ပြေပြီး သူက Tropical Fruit တွေ ၊ မြက်စိမ်းရနံ့ နဲ့ ဟင်းခတ်အမွှေးအကြိုင် တို့ပေါင်းစပ်ဖန်တီးထားတဲ့ ထူးခြားဆန်းသစ်တဲ့ Rum တစ်မျိုး ဖြစ်ပါတယ်။

Featured Photo : Liquor.com