မီးပျက် ချိန်မှာ ခိုက်ခိုက်တုန်အောင် ချမ်း ဖို့ဆိုပြီး ဆောင်းတွင်းကို စောင့်နေလို့ကတော့ ဘာမှထူးမှာမဟုတ်ပါဘူး။ ပြဿနာကို လက်တွေ့ကျကျ ဖြေရှင်းဖို့လိုပါတယ်။ ဒီလိုဆိုရင် မီးပျက် ချိန်မှာ ခိုက်ခိုက်တုန်အောင် ချမ်း ဖို့အတွက် အသုံးတည့်မယ့် ပစ္စည်းများကို ဝယ်ယူသင့်ပါတယ်။

ဒီပစ္စည်းတွေသည် မီးလာချိန်မှာ အားသွင်းထားနိုင်ပြီး မီးပျက်ချိန်မှာတော့ စောစောက သွင်းထားတဲ့ အားနဲ့ ပြန်လည် အသုံးပြုနိုင်သလို အားကုန်သွားတဲ့အခါမှာတော့ Power Bank နဲ့ အားသွင်းမယ်ဆိုလည်း ရပါတယ်။

Naukid Table Fan

မီးပျက် ချမ်း

သေးပေမယ့် အထင်မသေးလိုက်ပါနဲ့။ သူ့ကို အရှည် (၅) ဆင့်အထိ ဆွဲဆန့်လို့ ရပါတယ်။ ဒါမှမဟုတ် အလုပ်စားပွဲပေါ်မှာ တင်ထားပြီး အသုံးပြုမယ်ဆိုလည်း ရပါတယ်။ သူ့ရဲ့ ဘက္ထရီကတော့ 7200mAh Rechargeable Battery နဲ့ ထုတ်လုပ်ထားတာပဲ ဖြစ်ပါတယ်။ ပန်ကာရဲ့ Fan Speed ကတော့ အဆင့် (၄) ဆင့်အထိ ပါရှိလို့ ကွီးတို့အနေနဲ့ မိမိစိတ်ကြိုက် ပြောင်းလဲအသုံးပြုနိုင်ပါတယ်။ ပန်ကာသံကလည်း ဆူညံမနေဘဲ တိတ်တိတ်ဆိတ်ဆိတ်နဲ့ဆိုတော့ မီးပျက် နေချိန်မှာ အလုပ်လုပ်ရတဲ့အခါ ဆူညံ့မှုကင်းကင်းနဲ့ စိတ်အေး ချမ်းသာစွာ အလုပ်လုပ်နိုင်မှာပဲဖြစ်ပါတယ်။ ဈေးနှုန်းကတော့ ဒေါ်လာ ၆၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

QVCQ Portable Air Conditioner

မီးပျက် ချမ်း

ဒီအမျိုးအစားလေးကတော့ မီးပျက်နေချိန်မှာ ကွီးတို့ကို တစ်ကိုယ်ရည်စာလေး အေးမျှအောင် ကူညီပေးမှာပဲ ဖြစ်ပါတယ်။ သေးသေးကွေးကွေးလေးဆိုပြီး အထင်တော့ မသေးလိုက်ပါနဲ့။ သူသည် လေတိုက်နှုန်းကို အဆင့် (၄) ဆင့် ပြောင်းလဲနိုင်သလို၊ သဘာဝလေကို လိုချင်သလား (သို့) စပရေး ဖြန်းသလို အေးစိမ့်စိမ့်လေး ဖြစ်ချင်သလား၊ ကွီးတို့ စိတ်ကြိုက် ပြောင်းလဲနိုင်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၆၀ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

Mini Cooling Fan

မီးပျက် ချမ်း

ဒီအမျိုးအစားကလည်း သေးသေးကွေးကွေးလေးနဲ့ အပြင်သယ်သွားလို့ အဆင်ပြေတဲ့ ပစ္စည်းတစ်မျိုးပဲ ဖြစ်ပါတယ်။ သူ့ကို ခေါက်ချိုး ခေါက်ထားလို့လည်း ရသလို လည်ပင်းနား ဆွဲထားလို့လည်း ရပါတယ်။ လေတိုက်နှုန်းကတော့ ၃ ဆင့် ပါရှိပြီး အသံကလည်း မဆူညံပါဘူး။ မီးလာချိန်မှာ အားသွင်းထားလို့ရပြီး မီးပျက်ရင်တော့ အဆင်သင့်လေး သုံးလို့ရပါတယ်။ Kဈေးနှုန်းကတော့ ၁၃ ဒေါ်လာ ဝန်းကျင် ကုန်ကျမှာဖြစ်ပါတယ်။

Kingshan Portable Mini Air Condition Table Cooler

Kingshan Portable Mini Air Condition Table Cooler

မီးပျက်နေချိန်မှာ အအေးဓာတ်တွေ ယူဆောင်လာပေးမယ့် ပစ္စည်းတွေကို ရှာဝယ်နေတယ်ဆိုရင်တော့ ဒီအမျိုးအစားလေးကိုလည်း မေ့မထားသင့်ပါဘူး။ အရောင်ကတော့ အဖြူ၊ ပန်းရောင်၊ အစိမ်းပုတ်ရောင်ဆိုပြီး အရောင် သုံးမျိုးနဲ့ ထုတ်လုပ်ထားပြီး မီးပျက်နေချိန်မှာ အေးဆေးလေး အသုံးပြုနိုင်ပါတယ်။ ပစ္စည်းတန်ဖိုးကတော့ ၁၀ ဒေါ်လာ ဝန်းကျင် ကုန်ကျမှာ ဖြစ်ပါတယ်။

ကွီးတို့ရော မီးပျက်နေချိန်မှာ အအေးဓာတ်တွေ ရရှိအောင်လို့ ဘယ်လိုနည်းလမ်းကို အသုံးပြုလေ့ ရှိပါသလဲ။

Source: Ebay

Featured Image: Freepik